Connect with us

North America

အာဖဂန်နစ္စတန်ရှိ အမေရိကန်၏ စစ်ရေးတာဝန်များကို ဩဂုတ်လကုန်တွင် အဆုံးသတ်မည်ဟု သမ္မတ ဘိုင်ဒန် ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ Parvan ပြည်နယ်ရှိ Bagram လေတပ်စခန်းတွင် အမေရိကန်တပ်များ ထားခဲ့သည့် စစ်သုံးယာဉ်များအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်ရှိ အမေရိကန်၏ စစ်ရေးတာဝန်များကို ဩဂုတ် ၃၁ ရက်တွင် အဆုံးသတ်တော့မည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Parvan ပြည်နယ်ရှိ Bagram လေတပ်စခန်းအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Parvan ပြည်နယ်ရှိ Bagram လေတပ်စခန်းတွင် အမေရိကန်တပ်များ ထားခဲ့သည့် စစ်သုံးယာဉ်များအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Parvan ပြည်နယ်ရှိ Bagram လေတပ်စခန်းအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Parvan ပြည်နယ်ရှိ Bagram လေတပ်စခန်းတွင် သွားလာနေသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များအာ ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Parvan ပြည်နယ်ရှိ Bagram လေတပ်စခန်းတွင် သွားလာနေသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စစ်တပ်ရုပ်သိမ်းခြင်းကို စနစ်တကျ အလျင်အမြန်လုပ်ဆောင်နေသည်ဟု ဘိုင်ဒန်က ယင်းနေ့ညနေပိုင်း အိမ်ဖြူတော်၌ အာဖဂန်အခြေစိုက်တပ်ရုပ်သိမ်းမှုအကြောင်းကို ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်စစ်တပ်သည် အာဖဂန်တွင် “နိုင်ငံတည်ဆောက်ရေး”လုပ်ရန်အတွက် မဟုတ်ကြောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေး ရည်မှန်းချက်ကို အမေရိကန်တပ်က အကောင်အထည်ဖော်ပြီးဖြစ်ရာ အာဖဂန်ပြည်သူများက မိမိနိုင်ငံ၏အနာဂတ်နှင့် စီမံအုပ်ချုပ်မှု မည်သို့ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အာဖဂန်အစိုးရနှင့်လုံခြုံရေးတပ်ဖွဲ့အတွက် ဆက်လက်အကူအညီပေးမည်ဖြစ်ပြီး အာဖဂန်ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ရန် အာဖဂန်ပြည်တွင်းဘက်ပေါင်းစုံနှင့် နိုင်ငံအသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။
အမေရိကန်တပ်ရုပ်သိမ်းပြီးနောက် အာဖဂန်အစိုးရ ပြိုလဲနိုင်သည်ဟူသော သုံးသပ်ချက်ကို အမေရိကန်ထောက်လှမ်းရေးဌာနက မရရှိထားကြောင်း ၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့သည် အစိုးရကို ကာကွယ်နိုင်သည့် တိုက်ရည်ခိုက်ရည်ရှိသည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

အာဖဂန်အခြေစိုက် အမေရိကန်တပ်ရုပ်သိမ်းရေးအစီအစဉ်သည်(၉၀)ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဖြစ်သည်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် (USCENTCOM) က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။ အာဖဂန်ရှိ အမေရိကန်သံတမန်များကိုကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင် ချန်ထားမည်ဖြစ်ကြောင်း၊ မြို့တော်ကဘူးလ်၏လုံခြုံရေးကို အထောက်အပံ့ပေးမည်ဖြစ်ကြောင်းနှင့် အာဖဂန်လုံခြုံရေးတပ်အတွက် ဆက်လက်အကြံပေးကာ အမေရိကန်၏ အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Kirby က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ ထိုမတိုင်မီတွင် အမေရိကန် သတင်းမီဒီယာများက အာဖဂန်ရှိ အမေရိကန်သံတမန်များကိုကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင် (၆၅၀)ခန့် ချန်ထားမည်ဟု ဖော်ပြခဲ့သည်။

အာဖဂန်အခြေစိုက် အမေရိကန်တပ်များကို မေ ၁ ရက်တွင် စတင်ရုပ်သိမ်းမည်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မတိုင်မီ အပြီးရုပ်သိမ်းမည်ဖြစ်ကြောင်း ဘိုင်ဒန်က ယခုနှစ် ဧပြီလတွင် ကြေညာခဲ့သည်။ ယခုကာလများတွင် အာဖဂန်ပြည်တွင်းတိုက်ခိုက်မှုများအဆက်မပြတ်ဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)拜登称美国在阿富汗的军事任务将于8月底结束
2021-07-09 07:49:21
新华社华盛顿7月8日电(记者刘品然)美国总统拜登8日表示,美国在阿富汗的军事任务将于8月31日结束。
拜登当天下午在白宫就阿富汗撤军问题发表讲话说,撤军正在有序、迅速地进行。他称美军在阿富汗不是搞“国家建设”,美军已实现了反恐目标,阿富汗人民有责任决定自己国家的未来以及如何管理国家。
拜登说,美国将继续对阿政府和安全部队提供援助,并与阿国内各方和国际社会合作以实现阿富汗和解。针对媒体相关提问,拜登表示,美情报部门并未得出美军撤出后阿政府可能“垮台”的评估结论,他相信阿安全部队具备维护政府的作战能力。
美军中央司令部6日表示,驻阿美军的撤军计划已完成超过90%。五角大楼发言人柯比2日说,美军未来将在阿富汗维持少量驻军以保护美外交人员,支持阿首都喀布尔国际机场的安保,继续为阿安全部队提供建议并支持美方反恐行动。据美国媒体此前报道,美军约650人将继续留在阿富汗保护美外交人员。
拜登今年4月宣布,驻阿美军5月1日开始撤离,9月11日前完全撤出。近来,阿富汗国内袭击事件不断,安全形势日趋恶化。(完)
图说1:7月8日,美军遗弃的军用车辆停放在阿富汗帕尔万省的巴格拉姆空军基地内。美国和北约军队已从该基地全部撤离。新华社发(拉赫马图拉•阿里扎达摄)
图说2:这是7月8日拍摄的阿富汗帕尔万省的巴格拉姆空军基地。美国和北约军队已从该基地全部撤离。 新华社发(拉赫马图拉•阿里扎达摄)
图说3:7月8日,美军遗弃的军用车辆停放在阿富汗帕尔万省的巴格拉姆空军基地内。美国和北约军队已从该基地全部撤离。新华社发(拉赫马图拉•阿里扎达摄)
图说4:这是7月8日拍摄的阿富汗帕尔万省的巴格拉姆空军基地。美国和北约军队已从该基地全部撤离。新华社发(拉赫马图拉•阿里扎达摄)
图说5:7月8日,阿富汗安全人员走在帕尔万省的巴格拉姆空军基地内。美国和北约军队已从该基地全部撤离。新华社发(拉赫马图拉•阿里扎达摄)
图说6: 7月8日,一名阿富汗安全人员走在帕尔万省的巴格拉姆空军基地内。美国和北约军队已从该基地全部撤离。新华社发(拉赫马图拉•阿里扎达摄)