Connect with us

International Organizations

အီရန်နျူကလီးယား သဘောတူညီချက် သက်ဆိုင်ရာများအကြား ဗီယင်နာ ဆွေးနွေးမှု က သဘောတူညီချက် ရရှိရန် နီးစပ်လာကြောင်း အီးယူကိုယ်စားလှယ်ပြောကြား

အီရန်နျူကလီးယားအရေး ဘက်စုံညှိနှိုင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေးကို ဇွန် ၂၀ ရက်၌ ဗီယင်နာတွင် ကျင်းပပြုလုပ်ခဲ့စဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ်အတွက် သက်ဆိုင်ရာနိုင်ငံများ၏ အမေရိကန်နိုင်ငံ နှင့် အီရန်နိုင်ငံ တို့မှ သဘောတူညီချက်အား ပြန်လည်လိုက်နာရေး (၆) ကြိမ်မြောက် အစည်းအဝေးကို ဇွန် ၂၀ ရက်တွင် သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ကျင်းပပြီးစီးခဲ့သည်။ ဆွေးနွေးမှုအပြီးတွင် အီးယူကိုယ်စားလှယ် Enrique Mora က သဘောတူညီချက် ရရှိရန် နီးစပ်လာကြောင်း ပြောကြားခဲ့သည်။

အီရန်နျူကလီးယားအရေး ဘက်စုံညှိနှိုင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေးကို ဇွန် ၂၀ ရက် ညနေပိုင်းတွင် ဗီယင်နာဟိုတယ် တွင်ကျင်းပြုလုပ်ခဲ့သည်။ အစည်းအဝေးအား အီးယူ ပြင်ပလှုပ်ရှားမှုဌာန၏ ဒုတိယအတွင်းရေးမှူး Enrique Mora က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး တရုတ် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ရုရှား ၊ ဗြိတိန် နှင့် အီရန် နိုင်ငံမှ ကိုယ်စားလှယ်တို့က တက်ရောက်ခဲ့ကြသည်။

Enrique Mora က သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် မိမိတို့အနေဖြင့် သဘောတူညီချက် ရရှိရန် ပိုမိုနီးစပ်လာခဲ့ပြီးဖြစ်သော်လည်း ရည်းမှန်ချက်ပန်းတိုင်ကို မရောက်ရှိသေးကြောင်း ပြောကြားခဲ့သည်။

Enrique Mora က ဆွေးနွေးပွဲတွင် အချို့သော နည်းပညာဆိုင်ရာကိစ္စရပ်များက တိုးတက်မှုရရှိခဲ့ပြီး သက်ဆိုင်ရာအသီးသီးအနေဖြင့်လည်း သဘောတူညီချက်တွင် ပါဝင်မည့် နည်းပညာဆိုင်ရာ စာသားနှင့်ပတ်သက်၍ ပိုမိုရှင်းလင်းစွာ သိရှိနိုင်ခဲ့ကြောင်း ၊ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များအနေဖြင့် မိမိနိုင်ငံသို့ပြန်ရောက်သောအခါ ဆွေးနွေးမှုများပြုလုပ်ကြမည်ဖြစ်ပြီး လာမည့်အကြိမ် ဗီယင်နာ၌ ဆွေးနွေးမှုပြန်လည်ပြုလုပ်ချိန်တွင် နောက်ဆုံးသဘောတူညီချက် ရရှိရန် ပိုမိုရှင်းလင်းသည့် အတွေးအမြင်များကို အဆိုပြုလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Enrique Mora က နောက်အကြိမ်ဆွေးနွေးမှုအား မည်သည့်အချိန်တွင် ကျင်းပသွားမည် ကို မပြောကြားခဲ့သော်လည်း အီရန်နိုင်ငံနှင့် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ တို့က ဇွန် ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည့် နျူကလီးယား စစ်ဆေးမှုဆိုင်ရာ ယာယီနည်းပညာသဘောတူညီချက်အား ထပ်မံ သက်တမ်းတိုးကြရန်မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီတွင် အီရန်နိုင်ငံ နှင့် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ တို့သည် အချိန်ကာလ အားဖြင့် ၃ လ သက်တမ်းရှိသည့် ယာယီနည်းပညာဆိုင်ရာသဘောတူညီချက် တစ်ခု ရရှိခဲ့ကြပြီး နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ အနေဖြင့် ၃ လတာအချိန်ကာလအတွင်း ဆက်လက်၍ လိုအပ်သည့် စစ်ဆေးမှု နှင့် ကြီးကြပ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကာ အီရန်နိုင်ငံအနေဖြင့် အချို့သော နျူကလီးယားအဆောက်အဦများ၏ ဗီဒီယိုစောင့်ကြည့်ထိန်းချုပ်မှု မှတ်တမ်းများအား ထိန်းသိမ်းသွားမည်ဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် သဘောတူညီချက်ရရှိထားသည့် ၃ လတာ ကာလအတွင်း အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား ဖယ်ရှားပေးပါက အီရန်နိုင်ငံ သည် ဗီဒီယို မှတ်တမ်းများအား နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ၊ သဘောတူညီချက်ကာလအတွင်း အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှုအား မပယ်ဖျက်ပါက အီရန်နိုင်ငံအနေဖြင့် ယင်းအချက်အလက်မှတ်တမ်းများကို ဖျက်ဆီးလိုက်မည်ဖြစ်ကြောင်း ၊ မေ ၂၄ ရက်တွင် အီရန်နိုင်ငံ နှင့် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ အကြား ယာယီနည်းပညာဆိုင်ရာ သဘောတူညီချက်အား အချိန်တစ်လ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန်နိုင်ငံသည် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ဖြင့် အီရန်နျူကလီးယားအရေးသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ သဘောတူညီမှုအရ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်များကို ကန့်သတ်ရန် သဘောတူခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန် သဘောတူခဲ့သည်။ ၂၀၁၈ ခုနှစ် မေ တွင် အမေရိကန်နိုင်ငံ အစိုးရသည် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေ မှစတင်၍ အီရန်နိုင်ငံ က အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါရှိသော အချက်အလက်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ပြီး ဆောင်ရွက်မှုများ ပြန်လည်ပြောင်းလဲနိုင်ကြောင်း ကတိပြုခဲ့သည်။

အီရန်နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သည့်သက်ဆိုင်ရာနိုင်ငံများက ဧပြီ ၆ ရက်မှစတင်၍ ဗီယင်နာတွင် ဆေးနွေးမှုများစတင်ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံ နှင့် အီရန်နိုင်ငံတို့မှ သဘောတူညီချက်အား ပြန်လည်လိုက်နာရန်နှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။ လက်ရှိချိန်ထိ အဆိုပါဆွေးနွေးမှုကို (၆) ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အမေရိကန်နိုင်ငံ က အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်သွားခဲ့ပြီး အီရန်နိုင်ငံ က အမေရိကန်နိုင်ငံ နှင့် တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ရန် ငြင်းဆိုခဲ့သောကြောင့် အမေရိကန်နိုင်ငံကိုယ်စားလှယ်သည် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။ အီးယူ ကိုယ်စားလှယ်က ညှိနှိုင်းဆောင်ရွက်မှု အဖွဲ့ဝင် အနေဖြင့် အီရန်နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သည့်နိုင်ငံအားလုံး နှင့် အမေရိကန်နိုင်ငံအား သီးသန့်ပြောဆိုမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)欧盟代表:伊核协议相关方维也纳会谈“接近达成协议”
2021-06-21 05:33:46 分类: 政治法律
新华社维也纳6月20日电(记者于涛)伊朗核问题全面协议相关方就美伊恢复履约问题20日在奥地利首都维也纳结束第六轮会谈。欧盟代表莫拉在会后表示,会谈“接近达成协议”。
伊核协议联合委员会政治总司长级会议当天下午在维也纳大酒店举行。会议由欧盟对外行动署副秘书长莫拉主持,中国、法国、德国、俄罗斯、英国和伊朗代表出席会议。
莫拉在会后对媒体说:“我们更接近达成协议,但我们还没有达到目标。”
莫拉表示,会谈在一些技术问题上取得进展,各方就协议技术文本有了更清晰的认识。各方代表将回国磋商,希望他们重返维也纳启动下一轮会谈时,能就如何最终达成协议提出更清晰的思路。
莫拉没有说明会谈将于何时恢复,但他表示期待伊朗和国际原子能机构就核查工作达成的临时技术协议在6月24日到期后能再次延期。
今年2月,伊朗与国际原子能机构达成一项最长3个月的临时技术协议,国际原子能机构将在最长3个月时间内继续其必要的核查和监督活动,伊朗将保存一些核设施的视频监控资料。如果3个月内美国解除对伊朗的制裁,伊朗将把监控资料交给国际原子能机构。如果制裁届时没有解除,伊朗将销毁这些资料。5月24日,双方同意将已经到期的临时技术协议延期一个月。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。
伊核协议相关方会谈4月6日开始在维也纳举行,讨论美伊恢复履约问题,迄今已举行六轮会谈。因美国已退出伊核协议,且伊朗拒绝与美方直接对话,所以美方代表不能出席会谈。欧盟代表作为协调员与所有伊核协议相关方以及美国单独接触。(完)

Photo
这是6月20日在奥地利维也纳拍摄的伊核协议联合委员会政治总司长级会议现场。 新华社发(欧盟驻维也纳代表团供图)