Connect with us

Politics, Law & Military

(၁၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော ဗီဒီယိုကွန်ဖရန့်အစည်းအဝေး ကျင်းပ

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်းဟယ် ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၁၀ ရက်က ကျင်းပပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်(ဓာတ်ပုံ-တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝဘ်ဆိုက်)

ပေကျင်း ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

(၁၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော ဗီဒီယိုကွန်ဖရန့် အစည်းအဝေး ကို ဇွန် ၁၅ ရက်၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးအား တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်းဟယ် နှင့် အာဆီယံအလှည့်ဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် ဘရူနိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Awang Halbi bin Mohd Yussof တို့က ပူးတွဲ သဘာပတိအဖြစ် ကျင်းပပြုလုပ်ခဲ့သည်။တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်းဟယ် က ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေးတည်ထောင်သည့် နှစ် ၃၀ ပြည့်အခါသမယ ဖြစ်ကြောင်း ၊ နှစ်ဘက်ကာကွယ်ရေးဆိုင်ရာဌာနများ အနေဖြင့် ဆက်လက်၍ မဟာဗျူဟာအရ အပြန်အလှန်ယုံကြည်မှုတိုးမြင့်အောင် ဆောင်ရွက်သွားသင့်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို ပိုမိုပြည့်စုံအောင်ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကိုတိုးချဲ့သွားကာ တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားသည့်အဆင့်တို့ရောက်ရှိအောင် တွန်းအားပေးထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ဝင်နှင့် အတူ ကာကွယ်ရေး နှင့် စစ်တပ်တည်ဆောက်မှု ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သွားလိုကြောင်း ၊ ကာကွယ်ဆေးအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ဆက်လက်၍ တက်ကြွစွာကူညီပေးလိုပြီး အတူတကွ ကပ်ရောဂါတိုက်ဖျက်နိုင်ရန်အတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို ဆောင်ရွက်ပေးသွားလိုကြောင်း ၊ တောင်တရုတ်ပင်လယ်ဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာအသီးသီးအနေဖြင့် သဘောတူညီချက်အား စုစည်း၍ သဘောထားကွဲလွဲမှုကိုထိန်းချုပ်သွားပြီး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ တောင်တရုတ်ပင်လယ်တည်ငြိမ်အေးချမ်းရေးကို အတူတကွထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဆိုင်ရာဌာနများ၏ ခေါင်းဆောင်များက အာဆီယံ-တရုတ် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် မြင့်မားစွာ အသိအမှတ်ပြုခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုတွင် ပေးအပ်ခဲ့သည့် ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူတကွလက်တွဲ၍ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။ (Xinhua)

…………………………………………
(Chinese Version)

(军事)第十二次中国-东盟防长非正式会晤视频会议举行

新华社北京6月15日电(记者梅常伟)第十二次中国-东盟国防部长非正式会晤视频会议15日举行。会议由中国国务委员兼国防部长魏凤和同东盟轮值主席国文莱国防部第二部长哈尔比共同主持。

魏凤和说,今年是中国-东盟建立对话关系30周年。双方防务部门应继续增进战略互信、健全合作机制、拓展合作领域,为推动中国-东盟战略伙伴关系迈向更高水平提供支撑。中方愿与东盟国家在国防和军队建设领域加强合作,继续积极提供疫苗等抗疫物资援助,为共同战胜疫情作出中国的努力。在南海问题上,相关各方应凝聚共识、管控分歧、推进合作,共同维护南海的和平安宁。

东盟防务部门领导人高度评价东盟-中国关系发展,感谢中方在疫情防控等方面给予的支持帮助,愿与中方携手努力,更好维护地区和平稳定与繁荣发展。(完)

Photo
中国国务委员兼国防部长魏凤和出席并发言。图为魏凤和发言。李晓伟摄