Connect with us

China

အမေရိကန်က “အလားတူ စည်းကြပ်ခွန်”သတ်မှတ်ရန် စီစဉ်မှုနှင့်စပ်လျဉ်း၍ စည်းကြပ်ခွန်တိုက်ပွဲတွင် ထွက်ပေါက်မရှိသလို အနိုင်ရရှိသူလည်း ရှိမည်မဟုတ်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟော်ရာ့တုန်းအား ဖေဖော်ဝါရီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
စည်းကြပ်ခွန်တိုက်ပွဲတွင် ထွက်ပေါက်မရှိသကဲ့သို့ အနိုင်ရရှိသူလည်း ရှိမည်မဟုတ်ကြောင်း၊ အမေရိကန်ဘက်က မှားယွင်းသော လုပ်ပုံလုပ်နည်းကို ပြုပြင်၍ နိုင်ငံအသီးသီးနှင့်အတူ တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာဖြေရှင်းသည့်နည်းလမ်းကို ရှာဖွေသင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟော်ရာ့တုန်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စာချွန်လွှာ လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာဌာနများအား နိုင်ငံခြားကုန်သွယ်ရေးမိတ်ဖက်တိုင်းနှင့် “အလားတူစည်းကြပ်ခွန်” သတ်မှတ်မှုကို အတည်ပြုရန် တောင်းဆိုထားခဲ့ရာ ယင်းအပေါ် မည်သို့မှတ်ချက်ပြုပါသနည်း။ တရုတ်နိုင်ငံအနေဖြင့် ယင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားမှုနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၀ ရက်တွင် တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းမှုအား ဟော်ရာ့တုန်းက အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်က အဆိုပြုသည့် “အလားတူစည်းကြပ်ခွန်” သတ်မှတ်ချက်ကို လက်တွေ့ဖော်ဆောင်သည်နှင့် အထူးခံစားခွင့်ရှိ နိုင်ငံများ ဆက်ဆံရေး (Most-Favoured Nation – MFN) စသည့် စည်းမျဉ်းများအပေါ် အခြေခံသော နိုင်ငံစုံကုန်သွယ်ရေးယန္တရားကို ပြင်းထန်စွာ ပျက်စီးစေကာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်အပေါ် ထိုးနှက်မှုဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ပြင် ပုံမှန်ဖြစ်နေသည့် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေး လှုပ်ရှားမှုအတွက်လည်းကြီးမားသော မရေရာမှုများ သယ်ဆောင်လာမည်ဖြစ်သဖြင့် နိုင်ငံအများအပြားက အတိအလင်းကန့်ကွက်ထားပြီးဖြစ်ကြောင်း၊ အမေရိကန်ကို ထစ်ခနဲဆိုလျှင် “စည်းကြပ်ခွန်တုတ်နှင့် ရမ်းကား” ပြီး စည်းကြပ်ခွန်ကို လက်နက်အဖြစ်အသုံးပြုကာ နေရာတကာ အကျပ်ကိုင်ခြိမ်းခြောက်မှု မလုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ဟော်ရာ့တုန်းက ပြောကြားခဲ့သည်။
နိုင်ငံတကာကုန်သွယ်ရေးသည် နိုင်ငံအသီးသီး၏ ကိုယ်ပိုင်အရင်းအမြစ်အားသာချက်နှင့် နှိုင်းယှဉ်မှုအားသာချက်ကို အခြေခံ၍ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ မြှင့်တင်ကာ နိုင်ငံအသီးသီး ပြည်သူများ၏ အကျိုးစီးပွားကို တိုးမြှင့်ပေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ အမေရိကန်က မိမိသည် နိုင်ငံတကာကုန်သွယ်ရေးတွင် “နစ်နာသည်ဟု ယူဆသဖြင့် “အလားတူစည်းကြပ်ခွန်” ဖြင့် ကုန်သွယ်ရေးမိတ်ဖက် အားလုံးအပေါ် စည်းကြပ်ခွန် သတ်မှတ်မှုကို မြှင့်တင်လိုက်ကြောင်း၊ အဆိုပါလုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်ရာကျသလို နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ နီးပါးအတွင်း ဆွေးနွေးမှုဖြင့်ရရှိထားသည့် အကျိုးစီးပွားဟန်ချက်ညီသည့်ရလဒ်နှင့် အမေရိကန်က ကာလကြာရှည်စွာနိုင်ငံတကာကုန်သွယ်ရေးမှ အကျိုးစီးပွားအများအပြားရရှိသည့် ဖြစ်ရပ်မှန်ကိုလည်း လျစ်လျူရှုရာကျကြောင်း၊ ယင်းမှာ စံတင်လောက်သည့် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
中国商务部回应美拟实施“对等关税”:关税战没有出路也不会有赢家
新华社北京2月20日电(记者唐诗凝、谢希瑶)商务部新闻发言人何亚东20日说,关税战没有出路也不会有赢家,美方应纠正错误做法,与各国一道,通过平等磋商,找到解决问题的办法。
在当天召开的商务部例行新闻发布会上,有记者问,美国总统特朗普13日签署备忘录,要求相关部门确定与每个外国贸易伙伴的“对等关税”。请问对此有何评论?中方是否做好应对准备?何亚东作出上述回应。
何亚东说,美方提出的“对等关税”做法一旦落地,必然严重破坏以最惠国待遇等规则为基础的多边贸易体制,对全球供应链造成冲击,也给正常的国际经贸活动带来巨大不确定性,很多国家明确表示反对。中方敦促美方不要动辄挥舞“关税大棒”,把关税作为工具四处搞胁迫。
他进一步表示,国际贸易基于各国自身资源禀赋和比较优势,有效促进全球经济发展,增进各国人民福祉。美方认为自己在国际贸易中“吃了亏”,要通过所谓“对等关税”提高对所有贸易伙伴的关税,这种做法既有违世贸组织规则,也无视多边贸易体制过去近八十年来谈判达成的利益平衡结果,以及美国长期以来从国际贸易中获得大量利益的事实,是典型的单边主义、保护主义。(完)