Connect with us

North America

အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် အကျင့်ပျက်ခြစားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ၊ ရာထူးမှ နုတ်ထွက်ရန် ငြင်းဆို

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော် ကာပီတယ်လ် အဆောက်အအုံကို ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် Bob Menendez သည် အကျင့်ပျက်ခြစားမှု စွဲချက်များစွာဖြင့် စွဲချက်တင်ခံခဲ့ရပြီး ဇူလိုင် ၁၆ ရက်တွင် တရားရုံးမှ တရားဝင် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ၎င်း၏ အထက်လွှတ်တော် ဒီမိုကရက်တစ် လုပ်ဖော်ကိုင်ဖက်များက ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသော စကားသံများနှင့် ရင်ဆိုင်ခဲ့ရာတွင် Menendez က အဆုံးထိတိုက်ပွဲဝင်သွားမည်ဟုဆိုကာ ဇူလိုင် ၁၇ ရက်တွင် နုတ်ထွက်ရန် ထပ်မံငြင်းဆိုခဲ့သည်။
Menendez သည် ယခုနှစ်တွင် အသက် ၇၀ နှစ် ရှိပြီဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစ၍ နယူးဂျာစီပြည်နယ် အမေရိကန်အထက်လွှတ်တော်အမတ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှု၊ ငွေညှစ်မှုနှင့် နိုင်ငံခြားကိုယ်စားလှယ်လုပ်မှုစသည့် ပြစ်မှုများအပါအဝင် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စွဲချက်တင်ခဲ့သည်။ Menendez ၏ ရာဇ၀တ်မှု ၁၆ ခုစလုံးမှာ အပြစ်ရှိကြောင်း နယူးယောက်မြို့ မန်ဟက်တန်ခရိုင်ရှိ ပြည်ထောင်စုတရားရုံးက ဇူလိုင် ၁၆ ရက်၌ ဆုံးဖြတ်ခဲ့သည်။ တရားရုံးက ၎င်း၏ ပြစ်ဒဏ်ကို ယခုနှစ်နှောင်းပိုင်းတွင် ကြေညာမည်ဖြစ်သည်။
ထိုမတိုင်မီ Menendez သည် ပါတီတွင်း ဖိအားပေးမှုကြောင့် ယခင်က အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သော်လည်း အထက်လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက်ရန် ငြင်းဆိုခဲ့ပြီး စွဲချက်အားလုံးကိုလည်း ငြင်းဆိုခဲ့သည်။ ၎င်းက အယူခံဝင်မည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အထက်လွှတ်တော်အမတ်တစ်ဦးအား ထုတ်ပယ်ရန် အထက်လွှတ်တော်အမတ်အားလုံး၏ မဲ သုံးပုံနှစ်ပုံ ရရှိရန် လိုအပ်သည်။ အထက်လွှတ်တော်အမတ်အား ထုတ်ပယ်ခြင်းသည် အမေရိကန်သမိုင်းတွင် ရှားပါးခဲ့ပြီး ယခင်က ဖြစ်ပွားခဲ့ဖူးသည့် ရှေးနမူနာ ၁၅ ခု အားလုံးနီးပါးသည် အမေရိကန်နိုင်ငံ ပြည်တွင်းစစ်ဖြစ်ပွားသည့်ကာလ၌ ဖြစ်ကြောင်း အေပီသတင်းဌာန၏ အဆိုအရ သိရသည်။ (Xinhua)
………………………………………………….
(Chinese Version)
美国涉腐参院大佬被判有罪 拒绝辞职
新华社北京7月18日电 美国国会参议员鲍勃·梅嫩德斯受到多项腐败罪名指控,16日被法院正式定罪。面对参院民主党同僚要求他辞职的呼声,梅嫩德斯死扛到底,17日再次拒绝辞职。
梅嫩德斯现年70岁,2006年至今担任新泽西州联邦参议员。他2023年9月受到指控,罪名包括受贿、欺诈、敲诈和充当外国代理人。纽约市曼哈顿区一家联邦法院16日裁定,梅嫩德斯所受16项刑事指控全部成立。法院将在今年晚些时候宣布对他的量刑。
梅嫩德斯先前迫于党内压力辞去参议院外交关系委员会主席职务,但拒不辞任参议员,也否认各项罪名指控。他16日表示会上诉。
开除参议员需要参院全体三分之二多数票通过。按照美联社说法,驱逐参议员在美国历史上较为罕见,之前的15个先例几乎全部发生在美国内战时期。
图说:这是4月23日在美国首都华盛顿拍摄的美国国会大厦。新华社记者刘杰摄