Connect with us

Africa & Middle East

ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဆူဒန်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဆိုးရွားစွာ ပျက်စီး

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်အနောက်ပိုင်း Omdurman မြို့တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသော ဆေးရုံတစ်ခုအား ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Omdurman ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဆူဒန်နိုင်ငံရှိ ဆေးရုံအများအပြားနှင့် ဆေးဝါးထုတ်စက်ရုံများ ပျက်စီးခဲ့ပြီး ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်း အမြောက်အမြား လုယက်ဖျက်ဆီးခံရကာ ဆေးဝါးကုသရေးနှင့် ကျန်းမာရေးဌာနများအတွက် ဒေါ်လာ ၁၁ ဘီလီယံ အထိ ဆုံးရှုံးခဲ့ကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီး Ibrahim Khatir က မကြာသေးခင်ရက်တွင် ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလလယ်တွင် ဆူဒန်စစ်တပ် (SAF) နှင့် Rapid Support Forces (RSF) တို့ မြို့တော် ခါတွမ်၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နောက်ပိုင်းတွင် အခြားဒေသများသို့ စစ်ပွဲများ ပျံ့နှံ့သွားခဲ့သည်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဆူဒန်နိုင်ငံတွင် လူပေါင်း ၁၈,၇၀၀ ခန့် သေဆုံးခဲ့ပြီး ၉.၄ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။ (Xinhua)


………………………………….
(Chinese Version)
持续冲突导致苏丹医卫系统遭严重破坏
恩图曼(苏丹),2024年7月24日
苏丹卫生部长海赛姆·易卜拉欣日前表示,持续武装冲突导致苏丹多家医院、制药厂被毁,大量医疗物资遭破坏和劫掠,给医疗卫生部门造成的损失高达110亿美元。2023年4月中旬,苏丹武装部队与苏丹快速支援部队在首都喀土穆爆发武装冲突,战火随后蔓延至其他地区。持续冲突已造成苏丹约1.87万人丧生,超过940万人流离失所。
图说:这是7月23日在苏丹首都喀土穆西部恩图曼市拍摄的一座遭焚毁的医院。新华社发(穆罕默德·海德尔摄)