Connect with us

Europe

ဂျာမနီတွင် အမေရိကန် ဒုံးကျည် ဖြန့်ကျက်ထားမည်ဆိုလျှင် ရုရှားအနေဖြင့် ညီမျှသည့် တန်ပြန်ဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဟု ပူတင် ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွင် မိန့်ခွန်းပြောကြားနေသော ရုရှားသမ္မတ ပူတင်အား ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ဂျာမနီတွင် အမေရိကန် ဒုံးကျည် ဖြန့်ကျက်ထားမည်ဆိုလျှင် ရုရှားအနေဖြင့် ညီမျှသည့် တန်ပြန်ဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတ ဗလာတီမာ ပူတင်က ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန်၏အစီအစဉ်က “စစ်အေး” ပုံစံ ဒုံးကျည်အကျပ်အတည်း ဖြစ်ပွားနိုင်ကြောင်း ပူတင်က ယင်းနေ့ စိန့်ပီတာစဘတ်၌ကျင်းပသည့် ရုရှားရေတပ်နေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “ဒီလို ဒုံးကျည်မျိုးက ကျွန်တော်တို့ နယ်နိမိတ်ပေါ်က ပစ်မှတ်ကို ရောက်ရှိဖို့ ပျံသန်းချိန်ဟာ ၁၀ မိနစ်ခန့်ပဲရှိတယ်၊ သူတို့က အနာဂတ်မှာ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်လာနိုင်တယ်… ကျွန်တော်တို့က ညီမျှတဲ့ တန်ပြန် ဖြန့်ကျက် ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားမှာပါ ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Arlington ခရိုင်ရှိ ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦအနီးတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ၂၀၂၁ ခုနှစ် ဩဂုတ် ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Vesrsion)
普京:若美在德部署导弹 俄将采取对等措施
新华社北京7月29日电 俄罗斯总统弗拉基米尔·普京28日说,如果美国在德国部署远程导弹,俄罗斯将采取对等措施。
普京当天在圣彼得堡发表俄罗斯海军节讲话时说,美方部署计划可能引发“冷战”式导弹危机。“这类导弹抵达位于我们领土上的目标的飞行时间在10分钟左右,未来还可能配备核弹头……我们将采取对等部署措施。”
1. 6月14日,在俄罗斯首都莫斯科,普京在俄外交部发表讲话(视频截图)。新华社发
2. 2021年8月3日,一名警察在美国弗吉尼亚州阿灵顿的五角大楼附近执勤。新华社记者刘杰摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.