Connect with us

China

ပြည်ပအကူအညီ အားလုံးနီးပါး အမေရိကန် ယာယီရပ်တန့်လိုက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအပေါ် နိုင်ငံတကာပရဟိတအဖွဲ့အစည်းများက သတိပေး

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ လွှတ်တော်အဆောက်အဦအရှေ့တွင် ဖြတ်သန်းသွားသူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးသည့် စီမံကိန်းအများအပြားအပါအဝင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိ ပြည်ပ ကူညီထောက်ပံ့ရေးစီမံကိန်း အများစုကို ချက်ချင်း ရပ်တန့်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဇန်နဝါရီ ၂၄ ရက် ဌာနတွင်း စာချွန်လွှာတွင် အမိန့်ချမှတ်ခဲ့သည်။

ပြည်ပအကူအညီများအား အမေရိကန် ယာယီရပ်တန့်လိုက်ခြင်းက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများရှိ စီမံကိန်းအများအပြားအပေါ် သက်ရောက်မှုရှိကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။ ထို့အပေါ် အချို့သော နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်း အရာရှိများက ကျေနပ်မှုမရှိကြောင်း၊ ယင်းမှာ “သေရေး၊ ရှင်ရေးနှင့် သက်ဆိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ” ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

စိစစ်မှုများ ဆောင်ရွက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် ပြည်ပအခြေစိုက် အမေရိကန်သံရုံး၊ ကောင်စစ်ဝန်ရုံး သံတမန်များအား မာကိုရူဘီယို ပေးပို့ခဲ့သည့် ဤစာချွန်လွှာတွင် စိစစ်လျက်ရှိပြီး ခွင့်ပြုချက်မရရှိသေးမီ ဖက်ဒရယ်အစိုးရအနေဖြင့် ကူညီထောက်ပံ့ရေး စီမံကိန်းသစ် သို့မဟုတ် သက်တမ်းတိုးထားသော လက်ရှိ စီမံကိန်းများကို ငွေကြေးပံ့ပိုးရန် တာဝန်မရှိကြောင်း ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီ ၂၀ ရက် ရာထူးတာဝန်လက်ခံပြီးနောက် လက်မှတ်ရေးထိုးသည့် အမိန့်တစ်ရပ်တွင် စီမံကိန်းများ ထိရောက်မှုရှိမရှိ၊ လက်ရှိ အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ သုံးသပ်ရန်အတွက် ပြည်ပအကူအညီအားလုံးကို ရက် ၉၀ ကြာ ယာယီရပ်တန့်ထားရန် ညွှန်ကြားခဲ့သည်။

ယင်းအမိန့်ထုတ်ပြန်သည့် ဒုတိယနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန စသည့် သက်ဆိုင်ရာဌာနများက ပြည်ပ ကူညီထောက်ပံ့ရေးငွေကြေးပေးဝေမှုအား စတင် ရပ်နားခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။

ပြည်ပ ထောက်ပံ့ရေးစီမံကိန်းများကို ၈၅ ရက်အတွင်း ဌာနတွင်းစိစစ်မှုများ အပြီးသတ် ဆောင်ရွက်ရန် မာကိုရူဘီယိုက နိုင်ငံခြားရေးဝန်ကြီးဌာနအား ညွှန်ကြားခဲ့သည်။ စိစစ်သည့်လုပ်ငန်းစဉ်ပြီးနောက် သက်ဆိုင်ရာစီမံကိန်းအား “ဆက်လက်လုပ်ဆောင်မည်၊ ပြုပြင်မည် သို့မဟုတ် ရပ်ဆိုင်းမည်” ကို မာကို ရူဘီရိုက ဆုံးဖြတ်မည်ဟု စာချွန်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ စာချွန်လွှာအရ အီဂျစ်နှင့် အစ္စရေး၏ စစ်ရေး ထောက်ပံ့ကြေးငွေ၊ ဆူဒန်၊ ဆီးရီးယား စသည့် နိုင်ငံများ၏ ပြည်ပ အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့ကြေးငွေများအား ဆက်လက်ပေးနိုင်ကြောင်း သိရသည်။

ယူကရိန်းစစ်ရေးနှင့် စီးပွားရေးအပေါ် အမေရိကန်၏ ကူညီပံ့ပိုးမှုများနှင့်စပ်လျဉ်း၍ စာချွန်လွှာတွင် အတိအလင်း ဖော်ပြထားခြင်း မရှိသေးပေ။ စာချွန်လွှာက ယူကရိန်း၊ ဂျော်ဒန် စသည့် “အရေးကြီး မဟာမိတ်များ” အပေါ် အမေရိကန်၏ ကူညီပံ့ပိုးမှုကို “ရပ်နားစေနိုင်” ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးနှင့် ယခင်အစိုးရအရာရှိ နှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Politico သတင်းစာက ဖော်ပြထားသည်။

အမေရိကန် လွှတ်တော်သည် ယမန်နှစ်က ကန်ဒေါ်လာ ၆၁ ဘီလီယံ နီးပါးရှိသော ယူကရိန်း ကူညီပံ့ပိုးရေး အစီအစဉ်တစ်ရပ်ကို ခွင့်ပြုခဲ့ရာ ငွေကြေးအများစုမှာ ဒီမိုကရက်တစ်ပါတီဝင် ယခင်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်တွင် ထုတ်သုံးပြီး ဖြစ်ပြီး ကန်ဒေါ်လာ ၃.၈၅ ဘီလီယံခန့်ကို အသုံးပြုထားခြင်း မရှိသေးပေ။

“သေရေး၊ ရှင်ရေးနှင့် သက်ဆိုင်နေ”
အဓိက နိုင်ငံတကာ ပရဟိတအဖွဲ့အစည်း အချို့အတွက် ကြည့်မည်ဆိုလျှင် မာကိုရူဘီယို၏ ဤအမိန့်သည် ကမ္ဘာတစ်ဝန်းတွင် အမေရိကန် ထောက်ပံ့သည့် ကူညီပံ့ပိုးရေးစီမံကိန်းများ ချက်ချင်း ယာယီရပ်တန့်သည့် ခလုတ်ကိုနှိပ်ရမည့်အဓိပ္ပာယ်ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အဆင့်မြင့် အရာရှိ တစ်ဦးက အေပီသတင်းထောက်ကို ပြောကြားခဲ့သည်။

ရီပက်ဘလစ်ကန်ပါတီဝင် ထရမ့် ဒုတိယအကြိမ် သမ္မတ တာဝန်ထမ်းဆောင်သည်မှစ၍ “အမေရိကန် ဦးစားပေး” ကို တစ်ဖန်ပြန်လည် ကျင့်သုံးခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ရာသီဥတုပြောင်းလဲမှုအား နိုင်ငံတကာ အသိုက်အဝန်း ကိုင်တွယ်ဖြေရှင်းသည့် 《ပဲရစ် သဘာတူညီချက်》မှ အမေရိကန် နောက်ထပ်တစ်ဖန် နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့်ပင် ပြည်ပအကူအညီများအား အမေရိကန် ယာယီရပ်တန့်သည့်အပေါ် နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းများက အတိုင်းအတာတစ်ခုအထိ စိတ်ထဲတွင် ပြင်ဆင်ထားကြသော်လည်း ဆေးကုသရေး၊ ကာကွယ်ဆေးထိုးနှံရေး စသည့် အသက်ကယ်ဆယ်ရေး စီမံကိန်းများလည်း ယာယီရပ်တန့်ခံရသည့်အပေါ် ၎င်းတို့အနေဖြင့် အထူး မကျေမနပ် ဖြစ်ခဲ့ရပေသည်။

ဥပမာဆိုရသော် ၂၀၀၃ ခုနှစ်တွင် ထိုစဉ်က အမေရိကန် ရီပက်ဘလစ်ကန် သမ္မတ ဂျော့ချ် ဝေါလ်ကာ ဘုရှ် စတင်ခဲ့သည့် “AIDS ရောဂါသည်များအား ကယ်ဆယ်ရေး သမ္မတ၏ အရေးပေါ်အစီအစဉ် (PEPFAR)” သည်လည်း ငွေကြေးပိတ်ဆို့မှုစာရင်းတွင် ပါဝင်ခဲ့သည်။ ယင်းအစီအစဉ်သည် စတင်ပြီးသည့်အချိန်မှစ၍ ကလေးငယ် ၅.၅ သန်းအပါအဝင် လူအသက်ပေါင်း ၂၅ သန်းကို ကယ်ဆယ်ခဲ့ပြီး ဖြစ်သည်။

Oxfam ပရဟိတအဖွဲ့အစည်း၏ အမေရိကန်နိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ Abby Maxman က ထရမ့်သည် အမေရိကန်နိုင်ငံ ပါတီနှစ်ခုလုံး ရေရှည်တည်ရှိလာသည့် ပြည်ပအကူအညီပေးရေး သဘောတူညီချက်ကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

“လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုက အမေရိကန် ဖက်ဒရယ် ဘတ်ဂျက်ရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိပေမယ့် အသက်တွေကို ကယ်ဆယ်နိုင်တယ်၊ ရောဂါတိုက်ဖျက်နိုင်တယ်၊ သန်းနဲ့ချီတဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနိုင်ပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်တယ်”၊ “စီမံကိန်းတွေကို ယာယီရပ်တန့်ပြီး နောက်ဆုံးမှ ပယ်ဖျက်လိုက်တာက အန္တရာယ်အကျပ်အတည်းတွေကြားမှာ ဖြတ်သန်းနေရတဲ့ ကလေးငယ်တွေ၊ မိသားစုတွေအတွက် ပြောရမယ်ဆိုရင် သေရေး၊ ရှင်ရေးနဲ့သက်ဆိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေနိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကပ်ဘေးကယ်ဆယ်ရေးအပါအဝင် အရေးကြီးသည့် ကူညီထောက်ပံ့ရေးငွေကြေးများကို ထရမ့်အစိုးရအနေဖြင့် ခွင့်ပြုပေးရန် ကမ္ဘာလုံးဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ အဆင့်မြင့် အရာရှိတစ်ဦးက တိုက်တွန်းပြောကြားခဲ့သည်။ “ပြည်ပ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို အမေရိကန်ဘက်က လျင်မြန်စွာ စိစစ်ဖို့၊ အသက်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ပြေလျော့ရေး ငွေကြေးပံ့ပိုးမှုကို ဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ထားရှိဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြည်ပအကူအညီများကို အမေရိကန်အနေဖြင့် ယာယီရပ်တန့်ခြင်းသည် အမေရိကန်နှင့် သက်ဆိုင်ရာ နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းများအကြား နှစ်ဖက်ကိစ္စဖြစ်သော်လည်း “စွမ်းဆောင်နိုင်တဲ့ နိုင်ငံအချို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများကို သဒ္ဓါတရားထက်သန်စွာ ပံ့ပိုးကြဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကုလသမဂ္ဂ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမျိုးသားရင်ပြင်တွင် အပြေးလေ့ကျင့်နေသော အမျိုးသား တစ်ဦးအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
美国暂停几乎所有对外援助 国际慈善组织警告后果
新华社北京1月25日电 美国国务卿马尔科·鲁比奥24日在一份内部备忘录中下令,立即暂停美国务院现有绝大多数对外援助项目,其中包括多个发展援助项目。
美联社说,美国暂停对外援助将对全球健康、教育、发展等领域多个项目产生影响。一些国际慈善组织官员表达不满,说这会导致“攸关生死的后果”。
展开审查
法新社报道,鲁比奥在这份发给美国国务院职员及各驻外使领馆外交官的备忘录中说,在经过审查并获得批准前,联邦政府没有义务向新的援助项目或已经延长的现有项目提供资金。
美国总统唐纳德·特朗普20日就职后签署一道行政令,要求所有对外援助暂停90天,以评估项目是否有效、是否与本届政府对外政策保持一致。《纽约时报》报道说,在这道行政令发布的第二天,美国务院等相关部门开始停发对外援助资金。
鲁比奥要求国务院在85天内对所有对外援助项目完成内部审查。鲁比奥将在审查程序结束后决定是否“延续、修改或终止”相关项目。
按照这份备忘录,美国对埃及和以色列的军事援助资金,对苏丹、叙利亚等国的对外紧急食品援助资金可以继续发放。
备忘录未明确提及美国对乌克兰的军事和经济援助。美国《政治报》援引一名国务院现任官员和两名上届政府官员的话报道,备忘录“似乎将叫停”美国对乌克兰、约旦等“关键盟友”的援助。
美国国会去年批准一项近610亿美元的乌克兰援助计划,大部分资金已在前任民主党籍总统约瑟夫·拜登任内支出,仍有约38.5亿美元尚未使用。
“攸关生死”
一名不愿公开姓名的前美国国际开发署高级官员告诉美联社记者,在一些主要国际慈善组织看来,鲁比奥这道命令意味着全球范围接受美国资助的援助项目将立即按下暂停键。
共和党人特朗普第二次出任总统以来,重新奉行“美国优先”,宣布美国再度退出世界卫生组织和国际社会应对气候变化的《巴黎协定》。因此,国际慈善组织对美国暂停对外援助有一定心理准备,但诊疗、疫苗接种等救命项目也被暂停,令他们尤为不满。
例如,由时任美国共和党籍总统乔治·W·布什2003年发起的“总统救济艾滋病患者应急计划(PEPFAR)”也在资金冻结名单之列。这一项目自启动以来已挽救2500万人的生命,包括550万名儿童。
国际慈善组织乐施会美国主席阿比·马克斯曼在一份声明中说,特朗普抛弃了美国两党长期以来在对外援助上的共识。
“人道主义和发展援助仅占美国联邦预算1%,却可以拯救生命,抗击疾病,教育数以百万计孩子并减少贫困。”她说,“暂停并最终砍掉其中许多项目,对无数正在危机中度日的孩子和家庭来说,可能会产生攸关生死的后果。”
世界救济会一名高级官员呼吁特朗普政府放行包括救灾在内的关键援助资金。“我们敦促美方迅速完成对外发展援助审查,并继续把拯救生命和缓解人道主义危机的出资列为优先事项。”
联合国副发言人法尔汉·哈克说,美国暂停对外援助是美国与相应国际慈善组织之间的双边事务,尽管如此,“我们希望那些有能力的国家慷慨地资助发展援助”。(黄爱萍)
1. 1月19日,人们从美国华盛顿的国会大厦前走过。新华社记者吴晓凌摄
2. 2024年1月15日,在美国首都华盛顿,一名男子冒雪在国家广场跑步。新华社发(阿伦摄)