Asia
မြန်မာနိုင်ငံ၏ ပြင်းထန်သောငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူ ၉ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်က ဖြစ်ပွားသော ပြင်းထန်သည့်ငလျင်ကြောင့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်၌ လူ ၉ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရကာ ၁၀၁ ဦးမှာ အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဌာန (DDPM) က မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
DDPM ညွှန်ကြားရေးမှူးချုပ် Passakorn Bunyalak က မြန်မာနိုင်ငံ၏ ပြင်းထန်သောငလျင်ကြောင့် ထိုင်းနိုင်ငံ ဒေသအများအပြားတွင် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ပြည်နယ် ၅၇ ခု၌ ငလျင်လှုပ်ခတ်မှုခံစားရပြီး ပြည်နယ် ၁၃ ခုနှင့် ဘန်ကောက်မြို့တွင် ငလျင်ဒဏ်သင့်အခြေအနေအား အကြောင်းကြားမှု ရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် Pathum Thani ပြည်နယ်၊ Phrae ပြည်နယ်တို့အား အရေးပေါ် ကယ်ဆယ်ရေးဇုန်အဖြစ် ကြေညာထားပြီး ဘန်ကောက်မြို့ကိုလည်း မတ် ၂၈ ရက်တွင် အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံ၏ ငလျင်ဒဏ်သင့်မှုအခြေအနေသည် တည်ငြိမ်သွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် နောက်ဆက်တွဲ ငလျင်ပြင်းအားများ တဖြည်းဖြည်းလျော့ကျလာလျက်ရှိကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်က မတ် ၂၉ ရက် နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့်မှုအခြေအနေ အစည်းအဝေးနှင့် ကယ်ဆယ်ရေးအစီအမံ လုပ်ငန်းအစည်းအဝေး အပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်။
ဘန်ကောက်မြို့၌ ငလျင်ကြောင့် လည်ပတ်မှုရပ်နားထားသော မြေအောက်ရထားနှင့် Light Rail ရထား လမ်းကြောင်းအများစုသည် မတ် ၂၉ ရက် နံနက်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ရထားလမ်း ဆက်သွယ်ရေး သက်ဆိုင်ရာလုပ်ငန်းလည်ပတ်သူများက ပြောကြားခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြိုကျနေသော အဆောက်အအုံကို ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
缅甸强震致泰国曼谷9死9伤
新华社曼谷3月29日电(记者高博 陈倩慈)泰国防灾减灾厅29日说,28日发生在缅甸的强震已造成泰首都曼谷9人死亡、9人受伤、101人失联。
泰国防灾减灾厅厅长帕萨空29日表示,缅甸强震使泰国多个地区受到广泛影响,57个府有震感,已有13个府及曼谷报告受灾情况。目前巴吞他尼府、帕府被宣布为紧急救灾区,曼谷28日已宣布进入紧急状态。
泰国总理佩通坦在29日上午的地震灾情跟进会议暨救援措施工作会后对媒体表示,泰国地震灾情已平稳,目前余震强度正在逐步减弱。
泰国轨道交通相关运营方说,29日上午,曼谷因地震暂停运营的大部分地铁和轻轨线路已恢复正常。(完)
图说1:3月28日,在泰国曼谷,人们在地震发生后到街道上避险。新华社发(拉亨摄)
图说2:这是3月28日在泰国曼谷拍摄的倒塌的建筑(手机拍摄)。新华社发(拉亨摄)