Connect with us

မြန်မာ-中文

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်ဆိုင်ရာ လုပ်ငန်းများအကြောင်း အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန် ဆွေးနွေး

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပရာ လီချန်က အစိုးရလုပ်ငန်း အစီရင်ခံနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မိမိတို့အနေဖြင့် “တစ်နိုင်ငံ စနစ် နှစ်မျိုး” ၊ “ဟောင်ကောင်အား ဟောင်ကောင်သားများ အုပ်ချုပ်ခြင်း”၊ “မကာအိုအား မကာအိုသားများ အုပ်ချုပ်ခြင်း”၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မြင့်မားခြင်း လမ်းညွှန်ချက်များကို ဘက်စုံ တိတိကျကျ၊ ခိုင်မာမြဲမြံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေတို့မှ အတည်ပြုထားသော အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းစနစ်ကို ထိန်းသိမ်းကာကွယ်ကာ “နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်ကို အုပ်ချုပ်ရေး” ၊ “နိုင်ငံကို ချစ်မြတ်နိုးသူ မကာအိုကို အုပ်ချုပ်ရေး” ဟူသော မူဝါဒကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်၊ မကာအို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝ ပိုမိုကောင်းမွန်လာရေးကို ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာ ဆောင်ရွက်ရမည် ဖြစ်သလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းကြီးတွင် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းရမည်ဖြစ်ကာ ဟောင်ကောင်၊ မကာအို ရေရှည် သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း မတ်လ ၅ ရက်တွင် အစိုးရလုပ်ငန်းအစီရင်ခံစာ၌ ပြောကြားခဲ့သည်။

မိမိတို့သည် ခေတ်သစ်မှာပါတီ၏ ထိုင်ဝမ်အရေး ဖြေရှင်းသည့်အထွေထွေစီမံကိန်းနှင့်နည်းဗျူဟာများကို အခိုင်အမာဖော်ဆောင်ရမည်ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို စွဲမြဲလိုက်နာပြီး “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးနှင့် ပြင်ပအင်အားစုများ၏ စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရေလက်ကြား နှစ်ဖက် စီးပွားရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စနစ်များနှင့် မူဝါဒများကို ကောင်းမွန်ပြည်စုံအောင် မြှင့်တင်ကာ ရေလက်ကြား နှစ်ဖက် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရေလက်ကြား နှစ်ဖက် မွေးချင်းများ အကျိုးဖြစ်ထွန်းမှုကို တိုးမြှင့်ကာ အမိမြေ ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ကြီးမြတ်လုပ်ငန်းကို မဆုတ်မနစ် တွန်းအားပေးပြီး အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေး လက်တွဲအတူ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
两会·要闻|李强在政府工作报告中谈港澳台工作
新华社北京3月5日电 国务院总理李强5日在政府工作报告中表示,我们要全面准确、坚定不移贯彻“一国两制”、“港人治港”、“澳人治澳”、高度自治的方针,维护宪法和基本法确定的特别行政区宪制秩序,落实“爱国者治港”、“爱国者治澳”原则。支持香港、澳门发展经济、改善民生,深化国际交往合作,更好融入国家发展大局,保持香港、澳门长期繁荣稳定。
我们要坚持贯彻新时代党解决台湾问题的总体方略,坚持一个中国原则和“九二共识”,坚决反对“台独”分裂和外部势力干涉,推动两岸关系和平发展。完善促进两岸经济文化交流合作制度和政策,深化两岸融合发展,增进两岸同胞福祉,坚定不移推进祖国统一大业,携手共创民族复兴伟业。(完)
图说1:3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。国务院总理李强作政府工作报告。 新华社记者 李学仁 摄
图说2:3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。 新华社记者 丁海涛 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.