Europe
ရုရှား-ယူကရိန်း အကျဉ်းသားများ အပြန်အလှန်လဲလှယ်မည်ဟု ရုရှား စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ပြောကြား

မော်စကို၊ မေ ၁၇ ရက် (ဆင်ဟွာ)
မကြာမီရက်များအတွင်း ရုရှားနှင့် ယူကရိန်းတို့သည် အကျဉ်းသား ၁,၀၀၀ စီ အပြန်အလှန် လဲလှယ်သွားမည် ဖြစ်ကြောင်း ရုရှားသမ္မတ လက်ထောက်၊ ရုရှား စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Medinsky က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များသည် ယင်းနေ့က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ၃ နှစ်ကြာကာလအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက် စေ့စပ်ညှိနှိုင်းပွဲ ကျင်းပခဲ့ရာ ဆွေးနွေးညှိနှိုင်းမှုအချိန် ၂ နာရီနီးပါး ကြာမြင့်ခဲ့သည်။ ရုရှားဘက် စေ့စပ်ညှိနှိုင်းမှုရလဒ်များကို ယေဘုယျအားဖြင့် ကျေနပ်မှုရှိကြောင်း၊ ယူကရိန်းနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက် လုပ်ဆောင်သွားလိုကြောင်း Medinsky က စေ့စပ်ညှိနှိုင်းပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ယူကရိန်း ကိုယ်စားလှယ်အဖွဲ့က နှစ်နိုင်ငံခေါင်းဆောင်များ တိုက်ရိုက်စေ့စပ်ညှိနှိုင်းရန် အဆိုပြုခဲ့ရာ ထို့အပေါ် ရုရှားဘက်က “သိရှိပြီး” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့သည် ကိုယ်စီ၏ အနာဂတ်အပစ်ရပ်ရေးဆိုင်ရာ အသေးစိတ် အကြံပြုချက်များကို တင်ပြသွားရန် ဆွေးနွေးသတ်မှတ်ခဲ့ကြောင်းလည်း Medinsky က ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၆ ရက်က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှား-ယူကရိန်း ပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့်စပ်လျဉ်းသည့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းပွဲကို ပြန်လည်စတင်ခဲ့သည်။ ယခုအကြိမ် ရုရှား-ယူကရိန်း စေ့စပ်ညှိနှိုင်းပွဲကို တူကီယဲနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ကြီးမှူးကာ အစ္စတန်ဘူလ်မြို့ Dolmabahçe နန်းတော် သမ္မတ ရုံးတွင် ကျင်းပခြင်း ဖြစ်သည်။ (Xinhua)
———————-
(Chinese Version)
俄谈判代表团:俄乌将互换被俘人员
新华社莫斯科5月16日电(记者江宥林)俄罗斯总统助理、俄方谈判代表团团长梅金斯基16日说,俄罗斯与乌克兰近日将各自向对方移交1000名被俘人员。
俄罗斯和乌克兰两国代表团当天在土耳其伊斯坦布尔举行3年来的首次直接谈判,谈判持续近2个小时。梅金斯基在谈判结束后发表声明说,俄方对谈判结果总体满意,愿意继续同乌方进行接触。他表示,乌代表团提出两国领导人举行直接谈判,俄方对此“已经知悉”。
梅金斯基还说,俄罗斯和乌克兰商定将提交各自对未来停火的详细建议。
俄罗斯和乌克兰两国代表团16日在土耳其伊斯坦布尔重启关于和平解决俄乌冲突的直接谈判。此次俄乌谈判由土耳其外交部长费丹主持,在伊斯坦布尔多尔玛巴赫切宫总统办公室举行。(完)
1. 5月16日,在土耳其方面主持下,俄罗斯和乌克兰代表团在土耳其伊斯坦布尔举行会谈。 新华社发(土耳其外交部供图)