China
တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ ကူးစက်ရောဂါ ကာကွယ်ရေးတာဝန် ပြီးစီး၍ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ က လုပ်ငန်းတာဝန် အောင်မြင်စွာပြီးစီး၍ ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မေ ၁၈ ရက် နေ့လယ်၌ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းထောက်က အဆိုပါနေ့တွင် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာနမှ သိရှိခဲ့ရသည်။
မြန်မာနိုင်ငံ ပြင်းအား ၇.၉ အဆင့် ငလျင်ဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စုစည်းစီမံဖြန့်ကြက်မှုအရ တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် ဧပြီ ၁၉ ရက်တွင် စတင်ထွက်ခွာ၍ ငလျင်ဒဏ်ပြင်းထန်စွာခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်ကာ ငလျင်အပြီး ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို တစ်လကြာ ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်စဉ်အတွင်း ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် နောက်ဆက်တွဲ ငလျင်များ မကြာခဏလှုပ်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ ခြင်နှင့် ယင်ကောင်များ များပြားခြင်းနှင့် ဘာသာစကားအခက်အခဲများစသည့် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရကြောင်း၊ ငလျင်ဒဏ်သင့်နေရာများသို့ ထဲထဲဝင်ဝင် သွားရောက်၍ ရေအရည်အသွေးစမ်းသပ်ခြင်း၊ ကူးစက်ရောဂါဖြစ်ပွားစေသည့် ကြားခံသတ္တဝါအား စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ပတ်ဝန်းကျင်ပိုးသတ်ခြင်း၊ ကာကွယ်ဆေးထိုးနှံရန် လမ်းညွှန်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်း စသည့်လုပ်ငန်းများ နက်ရှိုင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများအား အဓိက ပြန်လည်နေရာချထားသောစခန်း ၄ ခုတွင် အကဲဖြတ်စစ်ဆေးမှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာဘက်၏ အများပြည်သူကျန်းမာရေးဆိုင်ရာ ပညာရှင် ၁၀၅ ဦးကို လေ့ကျင့်သင်ကြားပေးခြင်း၊ တရုတ်အစိုးရက ကူညီထောက်ပံ့သော ကာလဝမ်းရောဂါကာကွယ်ဆေး ၆၈၀,၀၀၀ ထိုးနှံရေးလုပ်ငန်းများအတွက် လမ်းညွှန်မှုပေးခဲ့ခြင်း၊ ကပ်ဘေးအပြီး ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းပညာလမ်းညွှန်စာတမ်း ၁၃ စောင်အား ကူညီရေးဆွဲပေးခဲ့ခြင်းဖြင့် မြန်မာနိုင်ငံအတွက် ရေရှည်ထိရောက်သည့် နည်းပညာထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့သည်။
ယခုအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်အကူအညီပေးခြင်းသည် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန ထူထောင်ပြီးချိန်မှစ၍ ပထမအကြိမ် ပြည်ပသို့သွားရောက်လုပ်ဆောင်သော ကျန်းမာရေးဆိုင်ရာမစ်ရှင်ဖြစ်ကြောင်း၊ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ဝင်များသည် မြင့်မားသောနိုင်ငံရေးအသိစိတ်နှင့် ပြောင်မြောက်သော ကျွမ်းကျင်မှုစွမ်းရည်များဖြင့် တရုတ်နိုင်ငံ၏အတွေ့အကြုံများနှင့်နည်းပညာများကို မျှဝေခြင်း၊ ရောဂါကာကွယ်ရေးဆိုင်ရာ အထောက်အပံ့များပေးခြင်းမှတစ်ဆင့် ဘေးဒဏ်သင့်နေရာများတွင် ကူးစက်ရောဂါပျံ့ပွားမှုအန္တရာယ်ကို ထိရောက်စွာလျှော့ချနိုင်ခဲ့ကာ တရုတ်နိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ကျွမ်းကျင်မှု စွမ်းရည်နှင့် ပေးဆပ်လိုမှုစိတ်ဓာတ်တို့ကို ထင်ဟပ်စေပြီး တရုတ်နိုင်ငံ၏ လူသားမျိုးနွယ် ကျန်းမာရေးအသိုက်အဝန်း တည်ဆောက်ရေးတွင် နိုင်ငံကြီးဟူသော တာဝန်သိစိတ်ကို ပေါ်လွင်အောင် ပြသနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ဝင်များ ကြိုဆိုပွဲအခမ်းအနားအား တရုတ်နိုင်ငံ ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
中国政府援缅卫生防疫队完成防疫任务回国
新华社北京5月18日电(记者顾天成、岳冉冉)记者18日从国家疾控局获悉,当日中午,中国政府援缅卫生防疫队圆满完成任务,从昆明长水国际机场入境回国。
缅甸7.9级地震发生后,按照党中央统一部署,中国政府援缅卫生防疫队于4月19日出发,赴重灾区曼德勒省开展为期1个月的灾后卫生防疫工作。
中国政府援缅卫生防疫队负责人表示,在缅工作期间,防疫队克服了余震频发、高温酷暑、蚊蝇肆虐、语言不通等诸多困难,深入地震灾区开展水质检测、病媒生物监测、环境消杀、疫苗接种指导、健康教育和心理调节等工作,对4个灾民重点安置点开展5轮评估调查,培训缅方公共卫生专业人员105人,指导开展中国援助的68万剂霍乱疫苗免疫接种工作,帮助制定13份灾后卫生防疫技术文件,为缅方提供了长效技术支撑。
据了解,此次援缅是国家疾控局成立以来开展的首次卫生援外任务,防疫队队员以高度的政治自觉和精湛的专业技能,通过分享中国经验和技术、提供相关防病支持,有效降低了灾区传染病疫情暴发流行风险,展现了中国疾控队伍的专业能力和奉献精神,彰显了我国构建人类卫生健康共同体的大国担当。(完)
图说1:5月18日,工作人员在昆明长水国际机场为中国政府援缅卫生防疫队队员献花。新华社发(彭奕凯摄)
图说2:5月18日,中国政府援缅卫生防疫队队员在昆明长水国际机场参加欢迎仪式。新华社发(彭奕凯摄)