Connect with us

China

မလေးရှားရောက် ပန်ဒါဝက်ဝံကြီး “ဖူဝါ” နှင့် “ဖုန့်ရီ” တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သုတေသနစင်တာ ရာအန်းစခန်းတွင် နေရပ်သို့ ပြန်လာသော ပန်ဒါဝက်ဝံကြီး “ဖူဝါ” နှင့် “ဖုန့်ရီ” တို့ကို ကြိုဆိုနေသော ပန်ဒါဝက်ဝံကြီးစင်တာမှ ဝန်ထမ်းများအား မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ မေ ၁၉ ရက် (ဆင်ဟွာ)
မေ ၁၈ ရက် ညနေပိုင်းက တရုတ်-မလေးရှား နှစ်နိုင်ငံမှ ပညာရှင်များ၏ လိုက်လံပို့ဆောင်မှုအောက်တွင် မလေးရှားရောက် ပန်ဒါဝက်ဝံကြီး “ဖူဝါ” နှင့် “ဖုန့်ရီ” တို့သည် တရုတ်နိုင်ငံ ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သုတေသနစင်တာ ရာအန်းစခန်းသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိလာပြီး ယင်းစခန်း၌ အနည်းဆုံး ၁ လကြာ သီးသန့်စောင့်ကြည့်မှု ခံယူမည်ဖြစ်သည်။

၂၀၁၄ ခုနှစ် မေလ တရုတ်-မလေးရှား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၄၀ ပြည့်အခါသမယတွင် ပန်ဒါဝက်ဝံကြီး “ဖူဝါ” နှင့် “ဖုန့်ရီ” တို့သည် ချစ်ကြည်ရေးသံတမန်များအဖြစ် မလေးရှား အမျိုးသားတိရစ္ဆာန်ရုံသို့ သွားရောက်ကာ တရုတ်-မလေးရှားကြား ပန်ဒါဝက်ဝံကြီးများဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့သည် မလေးရှားတွင် လူသိများသော တိရစ္ဆာန်ကြယ်ပွင့်များဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သုတေသနစင်တာ ရာအန်းစခန်းတွင် ဝါးလေးများ စားနေသော ပန်ဒါဝက်ဝံကြီး “ဖုန့်ရီ” ကို မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………..
(Chinese Version)
旅马大熊猫“福娃”“凤仪”回国
新华社照片,成都,2025年5月18日
当日傍晚,在中马双方专家的陪同下,旅居马来西亚的大熊猫“福娃”“凤仪”顺利抵达中国大熊猫保护研究中心雅安基地,将在基地接受为期至少1个月的隔离检疫。 据悉,2014年5月,中马建交40周年之际,大熊猫“福娃”“凤仪”作为友好使者前往马来西亚国家动物园,开启中马大熊猫国际合作交流,是马来西亚家喻户晓的动物明星。
图说1:5月18日,在中国大熊猫保护研究中心雅安基地,熊猫中心职工欢迎大熊猫“福娃”“凤仪”回家。 新华社发(李传有 摄)
图说2:5月18日,在中国大熊猫保护研究中心雅安基地,大熊猫“凤仪”在吃竹子。新华社发(李传有 摄)