Africa & Middle East
ဟားမက်စ် စစ်ရေးခေါင်းဆောင် မိုဟာမက်ဆင်ဝါ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိဟု အစ္စရေးစစ်တပ် ဆို

ဂျေရုဆလမ်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ် တောင်ပိုင်းစစ်ဒေသကြီးက ဂါဇာကမ်းမြောင်ဒေသ၌ နေရာသတ်မှတ်ထားသော လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ရာတွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ စစ်ရေးခေါင်းဆောင် မိုဟာမက်ဆင်ဝါ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့သည်ဟု အစ္စရေး ကာကွယ်ရေးတပ်က ဇွန် ၈ ရက် ညပိုင်း၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါကြေညာချက်အရ မိုဟာမက်ဆင်ဝါ၏ ရုပ်အလောင်းအား ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်ဒေသရှိ ဥရောပဆေးရုံ မြေအောက်ဥမင်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေးစစ်တပ်နှင့် လုံခြုံရေးဌာနတို့က မေ ၁၃ ရက်တွင် ဖော်ဆောင်သည့် ပူးတွဲလှုပ်ရှားမှုအတွင်း၌ မိုဟာမက်ဆင်ဝါနှင့် ဟားမက်စ် ရာဖာတပ်မဟာ ကွပ်ကဲရေးမှူး မိုဟာမက် ရှာဘာနာတို့ အတူပစ်ခတ်ခံခဲ့ရ၍သေဆုံးခဲ့ကြောင်း၊ ထိုစဉ်က ၎င်းတို့သည် အစ္စရေးစစ်တပ်၏ လက်ရှိလှုပ်ရှားမှု လုပ်ဆောင်နေသော “မြေအောက် ကွပ်ကဲရေးနှင့် ထိန်းချုပ်ရေးစင်တာ” အတွင်း၌ ပုန်းအောင်းလျက်ရှိကြောင်း၊ မြေအောက်ဥမင်အား စစ်ဆေးရာ၌ အစ္စရေးစစ်တပ်က မိုဟာမက်ဆင်ဝါနှင့် မိုဟာမက် ရှာဘာနာတို့၏ ပစ္စည်းအချို့ကိုလည်း တွေ့ရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးစစ်တပ်က လှုပ်ရှားမှုအတွင်း အခြား ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဝင်များ၏ ရုပ်အလောင်းများကိုလည်း တွေ့ရှိခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းတို့မည်သူမည်ဝါဖြစ်ကြောင်း စိစစ်လျက်ရှိကြောင်း ကြေညာချက်အရ သိရသည်။
အစ္စရေးကာကွယ်ရေးတပ်နှင့် အစ္စရေးနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) တို့သည် မေ ၃၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစ္စရေးစစ်တပ်၏ မကြာသေးမီက ခန်ယွန်းနစ်ဒေသအပေါ် လေကြောင်းတိုက်ခိုက်မှုအတွင်း မိုဟာမက်ဆင်ဝါ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ (Xinhua)
—————–
(Chinese Version)
以军说找到哈马斯军事领导人穆罕默德·辛瓦尔遗体
新华社耶路撒冷6月8日电(记者王卓伦 陈君清)以色列国防军8日晚发表声明说,以军南部司令部在加沙地带开展的一次定点行动中,找到了巴勒斯坦伊斯兰抵抗运动(哈马斯)军事领导人穆罕默德·辛瓦尔的遗体。
根据声明,穆罕默德·辛瓦尔的遗体是在位于加沙地带南部汗尤尼斯的欧洲医院地下隧道内找到的。
声明说,在以军与以安全部门5月13日展开的联合行动中,穆罕默德·辛瓦尔与哈马斯拉法旅指挥官穆罕默德·沙巴纳一同被打死,当时他们藏匿在以军部队目前正在展开行动的“地下指挥和控制中心”内。在对地下隧道的搜查中,以军还发现了辛瓦尔和沙巴纳的一些物品。
根据声明,以军在行动中还发现了其他巴勒斯坦武装人员的遗体,目前正在对其身份进行审查。
5月31日,以色列国防军和以色列国家安全总局(辛贝特)发表声明,确认穆罕默德·辛瓦尔在以军日前对汗尤尼斯的空袭中丧生。(完)
图说:这张以色列国防军6月8日发布的照片显示,以军士兵在位于加沙地带南部汗尤尼斯的欧洲医院地下隧道外转移穆罕默德·辛瓦尔的遗体。 新华社发(以色列国防军供图)