Connect with us

Asia

ထိုင်းနှင့် ကမ္ဘောဒီးယားတို့က နိုင်ငံသားများ ပြည်ဝင်နေထိုင်မှုကာလကို အပြန်အလှန် ကန့်သတ်

ဘန်ကောက်/ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံသားများ ပြည်ဝင်နေထိုင်မှုကာလကို ၇ ရက်အထိ လျှော့ချလိုက်သည်ကို သိရှိရကြောင်း၊ ထိုင်းနိုင်ငံဘက်ကလည်း သက်ဆိုင်ရာမူဝါဒများကို ချိန်ညှိပြင်ဆင်မှုများ လုပ်ဆောင်ပြီး ကမ္ဘောဒီးယား နိုင်ငံသားများ၏ ပြည်ဝင်နေထိုင်မှုကာလကို ၇ ရက်အဖြစ် လျှော့ချလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဘက်က ကမ္ဘောဒီးယားနိုင်ငံသားများ ပြည်ဝင်နေထိုင်မှုကာလအား တစ်ဖက်သတ်ကန့်သတ်သည့် မူဝါဒအပေါ် တုံ့ပြန်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသားများအပေါ် တူညီသည့် ကန့်သတ်ချက် အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ရာ ပြည်ဝင်နေထိုင်မှုကာလကို ရက်ပေါင်း ၆၀ မှ ၇ ရက်အထိ လျှော့ချသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနချုပ်က ပြောကြားခဲ့သည်ဟု ကမ္ဘောဒီးယားမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

————–
(Chinese Version)
泰国与柬埔寨互相限制对方公民入境停留期限
新华社曼谷/金边(记者林昊 吴长伟)泰国外交部一名发言人9日说,泰方已得知柬埔寨方面将泰国公民入境停留期限减少至7天。泰方也相应调整政策,将柬埔寨公民的入境停留期限减少为7天。
据柬埔寨媒体报道,柬埔寨移民总局表示,为回应泰国单方面限制柬埔寨公民入境停留期限的政策,柬埔寨对泰国公民实施同等限制措施,将入境停留期限从60天缩短至7天。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.