Connect with us

Europe

ဂျာမနီနိုင်ငံ အနောက်ပိုင်းတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် သေဆုံးသူ အနည်းဆုံး (၅၈)ဦးရှိလာ

ဂျာမနီနိုင်ငံ အနောက်ပိုင်း ကိုလုံးမြို့ ရိုင်းမြစ်တွင် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ပိုင်း Rhineland-Palatinate ပြည်နယ်နှင့် North Rhine-Westphalia ပြည်နယ်တို့တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ‌ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး (၅၈)ဦးအထိရှိလာခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ‌ဒေသခံမီဒီယာအရသိရသည်။Rheinland-Palatinateပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ(၉)ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဦးရေ (၂၈)ဦးထိ မြင့်တက်ခဲ့ကြောင်း ယင်းပြည်နယ် ပြည်ထဲရေးဝန်ကြီး Roger Lewentzက ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် ဒေသခံမီဒီယာများကို ပြောကြားခဲ့သည်။
ပျောက်ဆုံးနေသူ (၄၀)မှ (၆၀)ဦးခန့်ရှိနေသေးပြီး ထိုထက်လည်း ပိုများနိုင်ကြောင်း Lewentz၏ပြောကြားချက်အရ သိရသည်။

ဂျာမနီနိုင်ငံ အနောက်ပိုင်း ကိုလုံးမြို့ ရိုင်းမြစ်တွင် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Ahrweiler ခရိုင်သည် Rheinland-Palatinateပြည်နယ်တွင် ရေဘေးဒဏ်အဆိုးဝါးဆုံးနေရာဖြစ်သည်။ ထိုခရိုင်ရှိ Schuldမြို့နယ်တွင် နေအိမ် (၆)လုံး ပြိုကျခဲ့ပြီး အခြားနေအိမ်များ၏ (၄၀)ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံ အနောက်ပိုင်း ကိုလုံးမြို့ ရိုင်းမြစ်တွင် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

North Rhine-Westphaliaပြည်နယ်တွင် ပြင်းထန်သော သဘာဝဘေးကြောင့် အနည်းဆုံး လူ (၃၀) ဦး သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနက အစောပိုင်းတွင် ကြေညာခဲ့သည်။

ဂျာမနီနိုင်ငံ အနောက်ပိုင်း ကိုလုံးမြို့ ရိုင်းမြစ်တွင် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရေဘေးဒဏ်သင့် အချို့ဒေသများရှိ ပြည်သူများအတွက် သုံးရေနှင့်လျှပ်စစ်မီး အခက်အခဲဖြစ်နေကြောင်း ၊ မီးသတ်တပ်ဖွဲ့၊ နည်းပညာဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများနှင့် ဂျာမနီကာကွယ်ရေးတပ် Bundeswehr ကလည်း ကူညီကယ်ဆယ်ရေးတွင် လုပ်ဆောင်နေကြကြောင်း သိရသည်။

ရေလွှမ်းမိုးဒေသများတွင် လူအများအပြား ဘေးဒဏ်သင့်ရသည့်အတွက် အံ့ဩတုန်လှုပ်မိကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က အစိုးရပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ (Xinhua)

————————————————
(English Version)

At least 58 dead in western Germany floods

BERLIN, July 15 (Xinhua) — Flooding in the western German states of Rhineland-Palatinate and North Rhine-Westphalia due to persistent rainfall has left at least 58 people dead and dozens missing, local media reported.

Rheinland-Palatinate Interior Minister Roger Lewentz told local media Thursday evening that nine more people lost their lives as a result of the floods, raising the death toll in the state to 28.

With around 40 to 60 people still missing, there could be many more victims, according to Lewentz.

The district of Ahrweiler is the most affected area in the state. In the district’s town of Schuld, six houses collapsed and about 40 percent of the other residential buildings were damaged, local media reported.

The Interior Ministry of North Rhine-Westphalia had announced earlier that at least 30 people died as a result of the severe natural disaster.

Water and electricity have been affected in some affected areas. Fire brigades, technical aid workers and Germany’s military Bundeswehr have joined the rescue operation.

German Chancellor Angela Merkel said on social media, through a government spokesperson, that she was “shocked by the catastrophe that so many people in the flood areas have to endure.”

1. Flooded bank of the Rhine river is seen in Cologne, western Germany, July 15, 2021. (Photo by Tang Ying/Xinhua)