Connect with us

Europe

ဆွစ်ဇာလန်နိုင်ငံတွင် ခရီးသွားများအတွက် ဝင်ရောက်ခွင့်လွယ်ကူစေရန် COVID-19 ဆောင်ရွက်ချက်များ ဖြေလျှော့ပေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ Palais des Nations အနီး လမ်းသွားလမ်းလာတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံသည် ဇွန် ၂၆ ရက်မှစ၍ COVID-19 ဆောင်ရွက်ချက်များစွာကို ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး သိသာထင်ရှားစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများအတွက် စည်းမျဉ်းစည်းကမ်းများကိုလည်း ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။“ဆောင်ရွက်ချက် အနည်းငယ်သာ ကျန်ရှိပါတော့တယ်။ ဒါပေမဲ့ ဒါဟာလည်း သင့်တင့်လျောက်ပတ်စွာ လိုက်နာရမယ် အခြေခံတွေပါပဲ” ဟု ပြည်ထဲရေးဝန်ကြီးဌာန အကြီးအကဲ Alain Berset က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဇွန် ၂၆ ရက်မှစ၍ ရထားပလက်ဖောင်းများ၊ ဘတ်စ်ကားမှတ်တိုင်များနှင့် ဈေးဝယ်စင်တာများ အပါအဝင် နေအိမ်ပြင်ပနေရာများ၌ နှာခေါင်းစည်းများ တပ်ဆင်ရန် မလိုတော့ကြောင်း သိရသည်။

အဝေးမှ လုပ်ငန်းဆောင်ရွက်ခြင်းကို အကြံပြုထောက်ခံထားသော်လည်း ယင်းမှာ မဖြစ်မနေ ဆောင်ရွက်ရမည်မဟုတ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်ချက်ကိုလည်း ဖြေလျှော့ထားပြီးဖြစ်သလို ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ဝန်ထမ်းများအား နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် ပတ်သက်၍ ပြောကြားရန် ရွေးချယ်ခွင့်ပေးထားကြောင်း သိရသည်။

ဈေးဝယ်ခြင်းနှင့် အားကစား အဆောက်အအုံများကဲ့သို့ အများပြည်သူဆိုင်ရာနေရာများစွာ၌လည်း လာရောက်သူများအား အပြည့်အဝလက်ခံနိုင်ပြီဖြစ်သည်။ ယခုအခါ အခမ်းအနားပွဲများတွင် COVID-19 အသိအမှတ်ပြုလက်မှတ်ဖြင့် လူဦးရေ ၁၀,၀၀၀ လက်ခံကျင်းပနိုင်ပြီဖြစ်သည်။ COVID-19 အသိအမှတ်ပြု လက်မှတ်မရှိဘဲ အများပြည်သူဆိုင်ရာနေရာများ၊ နေအိမ်အတွင်း သို့မဟုတ် နေအိမ်ပြင်ပ၌ ကျင်းပပါက လူဦးရေ ၁,၀၀၀ အထိသာ တက်ရောက်နိုင်ကြောင်း သိရသည်။

ထို့ပြင် အီးယူ EU ပြင်ပ နိုင်ငံလေးနိုင်ငံ အပါအဝင် ဆွစ်ဇာလန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကိုလည်း ဆွစ်အစိုးရက ဖြေလျှော့ပေးခဲ့ကြောင်း၊ ခရီးသွားများအနေဖြင့် ဗီဇပြောင်းဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေသည့် ဒေသမှ လာရောက်ခြင်းမဟုတ်ပါက ကွာရန်တင်း (quarantine) နေထိုင်ရမည်မဟုတ်သလို PCR စစ်ဆေးမှုများ လုပ်ဆောင်ရန်လည်း မလိုကြောင်း သိရသည်။

ဆွစ် COVID အသိအမှတ်ပြုလက်မှတ်သည် အီယူတွင် ခွင့်ပြုထားသော လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖက်ဒရယ်ရုံးက ဇွန် ၂၃ ရက်၌ ကြေညာခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသား အရွယ်ရောက်ပြီးသူ ထက်ဝက်ခန့်သည် ဇွန်လကုန်ပိုင်းတွင် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း ဖက်ဒရယ်ကောင်စီက ပြောခဲ့သည်။ (Xinhua)

———————————————
(English Version)

Switzerland to ease COVID-19 measures, facilitate entry for travelers

GENEVA, June 23 (Xinhua) — The government of Switzerland confirmed Wednesday that several COVID-19 measures will be alleviated and “simplified significantly” starting from Saturday, and rules for foreigners entering the Alpine country will be eased, the Federal Council said in a statement.

“There are few measures left, but it is fundamental that they are followed properly,” said head of the Federal Department of Home Affairs Alain Berset at a press conference.
Starting from Saturday, masks will not have to be worn outdoors, the statement said, including on railway platforms, at bus stops and in shopping halls.

Telecommuting will be a “recommendation” and is not mandatory anymore. The requirement for masks in the workplace is also lifted, giving companies the choice to ask their employees to wear them.Many public places such as shops and sporting facilities can welcome customers at full capacity. Events will now be able to accommodate 10,000 people seated, with COVID-19 certificates. Events without a COVID certificate, if the public are seated, up to 1,000 people may attend — indoors or outdoors.

Furthermore, the Swiss government eased entry to Switzerland, including from countries outside of the EU. Travelers will not have to go into quarantine or provide PCR tests if they do not come from a region where variants are “widespread.”Meanwhile, the Swiss COVID Certificate is in the process to be authenticated in the EU, the Federal Office of Public Health announced on Wednesday.

Half of Swiss adults are expected to be fully vaccinated by the end of June, according to the Federal Council. Enditem
Photo : A pedestrian walks past the Palais des Nations in Geneva, Switzerland, April 14, 2020. Following the Easter weekend, Switzerland reported 280 new confirmed COVID-19 cases on Monday, the smallest daily increase in three weeks. (Xinhua/Nie Xiaoyang)