Connect with us

China

တရုတ်နိုင်ငံအအရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် အအေးပိုသည့် ဆောင်းရာသီဖြစ်နိုင်ကြောင်းခန့်မှန်း

တရုတ်နိုင်ငံမြို့တော်ပေကျင်း ၊ Chaoyang ခရိုင်ရှိ လမ်းမတစ်ခုပေါ်၌ အဝတ်ထူထူဝတ်ဆင်ထားသည့် လမ်းလျှောက်နေသူများအား ရိုက်ကူးထားသည့်ဓာတ်ပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်း ဒေသအများစု၌ ယခုနှစ်ဆောင်းရာသီတွင် အပူချိန်သည် ပုံမှန်ထက် လျော့နည်းနိုင်ကြောင်း နိုင်ငံ၏ မိုးလေဝသဌာနက နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဒေသများသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း အပူချိန်လွန်ကဲစွာ ကျဆင်းဖွယ်ရှိပြီး လေအေးတိုက်ခတ်မှုများ သိသိသာသာ အားကောင်းလာနိုင်ကြောင်း တရုတ်နိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသများတွင် ပြင်းထန်သော အပူချိန် ကျဆင်းမှုနှင့် ဆီးနှင်းများ ထူထပ်စွာကျဆင်းမည့် ကာလများကို ခန့်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း အရှေ့ဘက်နှင့် ယန်ဇီမြစ်၏ တောင်ဘက် ဒေသများတွင် အပူချိန် နည်းပါးခြင်း၊ မိုးရွာခြင်း၊ နှင်းများနှင့် အေးခဲသော ရာသီဥတု ကြုံတွေ့ရဖွယ်ရှိကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

…………………………………………
(English Version)
Colder winter expected in central, east China
BEIJING, Nov. 4 (Xinhua) — Temperatures in most parts of east and central China may be lower than normal this winter, the country’s meteorological authority said on Thursday.
These areas are highly likely to experience extreme temperature drops from January to February in 2022, with cold air activities becoming noticeably stronger, the China Meteorological Administration said.
Periods of strong temperature drops and heavy snowfall are expected in parts of northeast China, north China and northwest China, according to the administration.
Eastern parts of southwest China and areas south of the Yangtze River are likely to experience low temperatures, rain, snow and freezing weather, it added. Enditem