Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံတွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ မြင့်တက်လာ

လေးဂို့စ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့တွင် နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက အထပ် ၂၁ ထပ် အဆောက်အဦပြိုကျခဲ့ပြီး လူကိုးဦး အသက်ရှင်ခဲ့ကြောင်းနှင့် အပျက်အစီးများကြားမှ ရုပ်အလောင်း ၃၈ လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းအချက်အလက်နဲ့ နည်းဗျူဟာဆိုင်ရာ မဟာမင်းကြီးက သတင်းထောက်များအား နိုဝင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပြိုကျချိန်တွင် အဆောက်အအုံအတွင်းရှိလူတိုင်းကို အစိုးရက ထည့်သွင်းတွက်ချက်ပြီး မည်သူမျှမကျန်ရစ်ကြောင်း အသိအမှတ်ပြုသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Gbenga Omotoso မှ ပြောကြားခဲ့သည်။

ပြန်လည်တွေ့ရရှိထားသော ရုပ်အလောင်းများအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဖော်ထုတ်ရန် အလွန်ခက်ခဲသော ရုပ်အလောင်းများအတွက် DNA စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း Omotoso က ပြောကြားခဲ့သည်။

Omotoso သည် အပျက်အစီးများအောက်တွင် ပိတ်မိနေသေးသည့် လူမည်မျှရှိကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ပျောက်ဆုံးနေသူ ၃၂ ဦး၏ အမည်များကို ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

လေးဂို့စ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးက ပြိုကျသည့် အဆောက်အအုံ ပြိုကျရခြင်း အကြောင်းရင်းကို စုံစမ်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှ စတင်ကာ အဆောက်အအုံပြိုကျ ပျက်စီးမှုတွင် သေဆုံးသူများအတွက် သုံးရက်ကြာ ဝမ်းနည်းကြေကွဲဖွယ်ရာနေ့အဖြစ် ကြေညာခဲ့သည်။ (Xinhua)

#နိုင်ဂျီးရီးယား #အဆောက်အအုံပြိုကျမှု #လေးဂို့စ် #ဆင်ဟွာ
#Nigeria #BuildingCollapse #Lagos #Xinhua #Myanmar #XinhuaMyanmar

——————————————–
(English Version)

Death toll from building collapse in Nigeria rises to 38

LAGOS, Nov. 5 (Xinhua) — Up to 38 bodies have been recovered from the rubble of a 21-story building which collapsed here Monday afternoon with nine people surviving the disaster, state commissioner for information and strategy told reporters here on Friday.

Gbenga Omotoso said rescue work was still ongoing and would continue until the government could account for everybody inside the building at the time of the collapse and certify that nobody was left behind.

Omotoso said the retrieved bodies were ready for identification and DNA tests will be carried out for bodies that may be very difficult to identify.
Omotoso did not reveal how many people are still trapped under the debris, but said 32 names of those still missing have been submitted to the state government.
The governor of the Lagos state has declared three days of mourning for the victims of the collapsed building beginning on Friday, while the investigation into the cause of the collapse is still ongoing. Enditem