Connect with us

International Organizations

ပင်လယ်နက်ပေါ်တွင် ရုရှားတိုက်လေယာဉ်များက အမေရိကန်ဗုံးကြဲလေယာဉ်များအား လိုက်ပါစောင့်ကြည့်

မလေးရှားနိုင်ငံ ဆီလန်ဂေါ၌ ၂၀၀၈ ခုနှစ်က Su-30 တိုက်လေယာဉ် နှစ်စင်း သရုပ်ပြပျံသန်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

ရုရှားတိုက်လေယာဉ်များသည် အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းအား ပင်လယ်နက်၏ ကြားနေရေပိုင်နက်ပေါ်တွင် လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားရေဒါများက ပင်လယ်နက်ပေါ်တွင် ရုရှားနယ်နိမိတ်အား ချဉ်းကပ်လာသည့် လေကြောင်းပစ်မှတ်များအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း နှင့် တုန့်ပြန်သည့်အနေဖြင့် Su-30 တိုက်လေယာဉ် နှစ်စင်း ပျံတက်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ လေကြောင်းပစ်မှတ်များအား အဝေးသို့ လိုက်ပါစောင့်ရှောက်ခြင်းမပြုမီ ရုရှားလေယာဉ်မှူးများက ယင်းလေကြောင်းပစ်မှတ်များသည် အမေရိကန်လေတပ် B-1B မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်း နှင့် KC-135 လောင်စာဆီဖြည့်လေယာဉ် နှစ်စင်း တို့ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမေရိကန်ဗုံးကြဲလေယာဉ်များသည် ရုရှားနယ်နိမိတ်ကို ချိုးဖောက်ဝင်ရောက်ခြင်း မရှိကြောင်း နှင့် ရုရှားလေယာဉ်များသည် ဝေဟင်ပိုင်နက် အသုံးပြုမှုအတွက် နိုင်ငံတကာစည်းမျဉ်းများကို တိတိကျကျ လိုက်နာခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Russian fighters escort U.S. bombers above Black Sea
MOSCOW, Oct. 20 (Xinhua) — Russian fighter jets on Wednesday escorted two U.S. strategic bombers over the neutral waters of the Black Sea, said the Russian Defense Ministry.
Russian radars detected aerial targets approaching the Russian border over the Black Sea, and two Su-30 fighters took off in response, the ministry said.
The Russian pilots identified the air targets as two U.S. Air Force B-1B strategic bombers and two KC-135 tanker planes, before escorting them away.
No violation of Russian borders occurred, and the Russian aircraft strictly complied with international rules for the use of airspace, it said. Enditem
Photo – Two Su-30 planes perform acrobatic flight in Subang air base in Selangor, Malaysia, June 1, 2008. (Xinhua/Chong Voon Chung)