Connect with us

International Organizations

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် ၂ ခု ပစ်ခတ်ခဲ့ဖွယ်ရှိကြောင်း ဂျပန်နိုင်ငံအစိုးရ ပြောကြား

မြေပြင်မှမြေပြင်ပစ်သို့ ပစ်ခတ်နိုင်သော တာလတ်နှင့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် Pukguksong-2 အား စမ်းသပ်ပစ်ခတ်နေသည်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-- Xinhua/KCNA)

တိုကျို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ပဲ့ထိန်းဒုံးကျည်၂ ခု ပစ်ခတ်ခဲ့ဖွယ်ရှိကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ (Fumio Kishida) က အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

လွန်ခဲ့သောလကတည်းက မြောက်ကိုရီးယားမှ ပဲ့ထိန်းဒုံးကျည်များ ဆက်တိုက်ပစ်လွှတ်မှုနှင့် ပတ်သက်၍ အလွန်ဝမ်းနည်းမိကြောင်း ခီရှီဒါက ဖူကူရှီးမားမြို့ခရီးစဉ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒုံးကျည်များပစ်ခတ်မှုများ၏ အကျိုးဆက်အား မေးမြန်းသောအခါ သက်ရောက်မှုအနေဖြင့် ယခုထိ ရှင်းလင်းမှုမရှိသေးကြောင်းနှင့် ဂျပန်နိုင်ငံက သတင်းအချက်အလက်များစုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

၎င်းပဲ့ထိန်းဒုံးကျည်သည် ရေထဲကျသွားပြီးဖြစ်ကြောင်းနှင့် ထိုနေရာရှိ သင်္ဘောများအား သတိရှိရန် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်ဖြစ်ဖွယ်ရှိသည်များကို ဒေသစံတော်ချိန် နံနက် ၁၀:၂၃ နာရီက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
DPRK fires what seemed to be 2 ballistic missiles: Japanese gov’t
TOKYO, Oct. 19 (Xinhua) — The Democratic People’s Republic of Korea (DPRK) on Tuesday fired what seemed to be two ballistic missiles, Japanese Prime Minister Fumio Kishida confirmed Tuesday.
Kishida told reporters during his visit in Fukushima city that he felt very sorry about the continuous launches of ballistic missiles from the DPRK since last month.
When asked about the impact by the projectiles, he said the impact is not clear so far and Japan will continue to collect and analyze information.
The Japan Coast Guard said the projectile appears to have already splashed down and ships in the area have been told to be on alert.
The Coast Guard has said at 10:23 a.m. local time that the DPRK launched what were likely to be the ballistic missiles. Enditem
Photo- File photo shows a test firing of a surface-to-surface medium- and long-range ballistic missile Pukguksong-2 on Feb. 12, 2017. (Xinhua/KCNA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.