Connect with us

Science & Technology

လူလိုက်ပါအာကာသယာဉ် “Shenzhou-12” ကို တရုတ်နိုင်ငံက ဇွန် ၁၇ ရက်တွင် လွှတ်တင်မည်

လူလိုက်ပါ အာကာသယာဉ် Shenzhou-12 နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ဇွန် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကျိုချွမ်၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

လူလိုက်ပါ အာကာသယာဉ် “ShenZhou-12”ကို ကြာသပတေးနေ့ နံနက် ၉ နာရီ ၂၂ မိနစ်တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA)က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါအာကာသယာဉ်တွင် အာကာသယာဉ်မှူးများဖြစ်ကြသည့် နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်၊ ထန်းဟုန်ပေါတို့ (၃)ဦး လိုက်ပါသွားမည်ဖြစ်ပြီး တရုတ်အာကာသစခန်းတည်ဆောက်ရေးကို လုပ်ဆောင် သွားရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသယာဉ် အေဂျင်စီ (CMSA)၏ ဒါရိုက်တာလက်ထောက် ကျိချီမင်က ဆိုသည်။

ဇွန် ၁၇ ရက် နံနက် ၉ နာရီ ၂၂ မိနစ်တွင် လွှတ်တင်မည့် လူလိုက်ပါအာကာသယာဉ် Shenzhou-12၌ လိုက်ပါမည့် အာကာသယာဉ်မှူး နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်၊ ထန်းဟုန်ပေါတို့ (၃)ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဂြိုဟ်ပတ်လမ်းကြောင်း ဝင်ရောက်ပြီးသည်နှင့် အာကာသယာဉ်သည် အာကာသစခန်း ပင်မခန်းဖြစ်သည့် Tianheနှင့် ချိတ်ဆက်ပြီး အာကာသစခန်းပင်မခန်း Tianhe ၊ ကုန်တင်အာကာယာဉ် Tianzhou-2 တို့နှင့် ချိတ်ဆက်ပူးပေါင်းသွားမည်ဖြစ်သည်။ Shenzhou-12 ရှိ အာကာသယာဉ်မှူးများက အာကာသစခန်းပင်မခန်းတွင် (၃)လကြာ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။Shezhou-12ကို Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်သွားမည် ဖြစ်ကြောင်း ကျိချီမင်က ဆိုသည်။ (Xinhua)

—————————————————
(English Version)

Update: China to launch Shenzhou-12 manned spaceship on June 17

JIUQUAN, June 16 (Xinhua) — The Shenzhou-12 manned spaceship will be launched at 9:22 a.m. Thursday (Beijing Time) from the Jiuquan Satellite Launch Center in northwest China, announced the China Manned Space Agency (CMSA) on Wednesday.

The spaceship will take three male astronauts — Nie Haisheng, Liu Boming and Tang Hongbo — into space for the construction of China’s space station, said Ji Qiming, assistant to the director of the CMSA, at a press conference held at the launch center.

After entering orbit, the spaceship will conduct a fast automated rendezvous and docking with the in-orbit space station core module Tianhe, forming a complex with the core module and the cargo craft Tianzhou-2. The astronauts aboard Shenzhou-12 will be stationed in the core module and remain in orbit for three months.
The launch will be carried out with a Long March-2F carrier rocket, which will be filled with propellant on Wednesday morning, Ji said. ■

图说1:Photo shows the combination of the Shenzhou-12 manned spaceship and a Long March-2F carrier rocket after it was transferred to the launching area of Jiuquan Satellite Launch Center in northwest China, June 9, 2021. (Xinhua/Wang Jiangbo)
图说2:新华社照片,北京,2021年6月16日
神舟十二号17日9时22分发射 飞行乘组确定
神舟十二号载人飞船将于6月17日9时22分发射,飞行乘组由航天员聂海胜(中)、刘伯明(右)和汤洪波三人组成。
新华社发(徐部 摄)