Europe
အင်္ဂလန် ပရီးမီးယားလိဂ်တွင် ကိုဗစ်ကူးစက်ခံမှုအသစ် ၉၀ ဦးရှိကြောင်း ထုတ်ပြန်
လန်ဒန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)
အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲဝင် ကလပ်အသင်း ၂၀ တွင် COVID-19 ရောဂါကူးစက်ခံရသူ အသစ် စုစုပေါင်း ၉၀ ဦးရှိကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ရက်သတ္တပတ်တစ်ပတ်အတွင်း ယခင်က တင်ခဲ့သော အမြင့်ဆုံးကူးစက်မှုစံချိန်ထက် ၂ ဆကျော် ပိုမိုများပြားသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောတစ်ပတ်က ဒီဇင်ဘာ ၆ ရက် မှ ၁၂ ရက်အတွင်း အင်္ဂလန်နိုင်ငံ၏ထိပ်တန်းဘောလုံးပြိုင်ပွဲ(ပရီးမီးယားလိဂ်) အသင်းများမှ ကစားသမားများ ၊ နည်းပြများ နှင့် အသင်းဝန်ထမ်းများ အပါအဝင် လူပေါင်း ၃,၈၀၅ ဦးကို COVID-19 ရောဂါပိုးစစ်ဆေးခဲ့ရာ၌ ၄၂ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကူးစက်မှုမြင့်တက်လာချိန်မှစ၍ ပရီးမီးယားလိဂ်တွင် အရေးပေါ်လုပ်ငန်းအစီအစဉ်များကို တစ်ကျော့ပြန်လုပ်ဆောင်ခဲ့ပြီး ကစားသမားများ နှင့် အသင်းဝန်ထမ်းများအား ယခင်က Lateral Flow စစ်ဆေးခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ်သာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ နေ့စဉ် Lateral Flow စစ်ဆေးခြင်း နှင့် တစ်ပတ် နှစ်ကြိမ် PCR စစ်ဆေးခြင်း တို့ကို တိုးမြင့်လုပ်ဆောင်လျက်ရှိသည်။
“ လိဂ်အနေနဲ့ ဒီကနေ့ အတည်ပြုပြောနိုင်တာက ဒီဇင်ဘာ ၁၃ ရက် တနင်္လာနေ့ ကနေ ဒီဇင်ဘာ ၁၉ ရက် တနင်္ဂနွေနေ့အထိ တစ်ပတ်အတွင်းမှာ ကစားသမားတွေနဲ့ ကလပ်အသင်းဝန်ထမ်းတွေကို COVID-19 စစ်ဆေးမှုအကြိမ်ပေါင်း ၁၂,၃၄၅ ကြိမ်ပြုလုပ်ခဲ့ပါတယ် ၊ အဲဒီထဲကမှ ရောဂါဖြစ်ပွားမှု ၉၀ ဦး တွေ့ရှိခဲ့တာပါ” ဟု ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
ကလပ်အသင်းများစွာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေခြင်းကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရသည်။ သို့သော် တနင်္လာနေ့က ကလပ်အသင်း ၂၀ မှ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ပရီးမီးယားလိဂ်က ၎င်းတို့၏ “ လက်ရှိပွဲစဉ်ဇယားအတိုင်းဆက်သွားခြင်းဖြစ် ဘေးကင်းလုံခြုံစေနိုင်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဝင်ရောက် ကစားနေသော ကစားသမား ၈၄ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံမှုခံယူထားပြီးဖြစ်ကြောင်း အတည်ပြုထားသည်။ ( Xinhua)
——————————
(English Version)
Premier League reports 90 new COVID-19 cases
LONDON, Dec. 20 (Xinhua) — A total of 90 new positive cases for COVID-19 from 20 clubs have been reported by the English Premier League on Monday, over two times the previous highest weekly record.
One week ago, the English top-flight football league confirmed that 3,805 players and club staff were tested for COVID-19 between December 6 and December 12, among which 42 new positive cases were recorded.
The League has reverted to its Emergency Measures since then and has increased testing of players and club staff to daily Lateral Flow and twice-weekly PCR tests, having previously carried out Lateral Flow testing twice a week.
“The League can today confirm that between Monday 13 December and Sunday 19 December, a record 12,345 COVID-19 tests were administered on players and club staff. Of these, there were 90 new positive cases,” read a statement released on Monday.
Several fixtures have been postponed as many clubs have been suffering from the outbreaks of COVID-19. But the Premier League insisted that they would “continue the current fixture schedule where safely possible” after the 20 clubs held a meeting on Monday.
The League also confirmed that 84 percent of the players have received at least one vaccination dose. Enditem