Connect with us

Europe

အစ္စရေး ဆေးရုံ၌ ရှားပါးသည့် ခေါင်းချင်းဆက် အမြွှာ ခွဲစိတ်မှု ပြုလုပ်

ခွဲစိတ်ခြင်း မပြုလုပ်မီ ခေါင်းချင်း တွဲစပ်နေသည့် အမြွှာမိန်းကလေးနှစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ - Soroka Medical Center)

ဂျေရုဆလမ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ တောင်ပိုင်း Soroka ဆေးဘက်ဆိုင်ရာစင်တာက ဦးခေါင်းချင်းဆက်နေသည့် တစ်နှစ်သား အရွယ်ရှိ ခေါင်းချင်းဆက် ကလေးအမြွှာကို ခွဲထုတ်သည့် ရှားပါးသည့် ခွဲစိတ်မှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်တွင် ဆေးရုံက ပြောကြားခဲ့သည်။

Soroka ဆေးရုံ၌ ခေါင်းချင်းဆက် အမြွှာအား ခွဲစိတ်မှု ပြုလုပ်နေသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား တွေ့ရစဉ်(ဓာတ်ပုံ – Soroka Medical Center)

ခေါင်းချင်းဆက် အမြွှာမှ ခွဲထုတ်ပြီးနောက် မိန်းကလေးငယ် တစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ – Provided by Soroka Medical Center)

ယင်းခွဲစိတ်မှုကို စက်တင်ဘာ ၂ ရက်တွင် ပြုလုပ်ခဲ့ပြီး ကြာချိန် ၁၂ နာရီရှိခဲ့ကြောင်း သိရသည်။ ခွဲစိတ်မှုအား နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဆေးရုံ၏ ဆေးဘက်ဆိုင်ရာဝန်ထမ်းအယောက် ၅၀ က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ဆေးရုံက ပြောကြားခဲ့သည်။

အဆိုပါ အမြွှာမိန်းကလေးနှစ်ဦးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် မွေးဖွားခဲ့ပြီး ၎င်းတို့၏ ဦးခေါင်းနှစ်လုံး အနောက်ဘက်ခြမ်းမှာ ဆက်နေခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်က စမ်းသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ကြောင်း ၊ ခွဲစိတ်မှု မပြုလုပ်မီ အထူးသဖြင့် နှလုံး နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်လည်ပတ်မှုများကို ဆေးရုံက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ခွဲစိတ်ရာတွင် ဆရာဝန်များက အမြွှာကလေးငယ်နှစ်ဦး၏ ဦးနှောက်များ နှင့် သွေးကြောများအား သီးခြားစီခွဲထုတ်ပြီးနောက် ဦးခေါင်းခွံ ၊ ဦးနှောက် နှင့် အရေပြားများကို ပြန်လည်ဖုံးအုပ်ပေးခဲ့ကြောင်း သိရသည်။

“ဒီရှားပါးတဲ့ ခွဲစိတ်မှုကို ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့ပါတယ်”ဟု Soroka ဆေးဘက်ဆိုင်ရာစင်တာရှိ ကလေးအာရုံကြောခွဲစိတ်ဌာန ညွှန်ကြားရေးမှူး Mickey Gideon က ပြောကြားခဲ့ပြီး အမြွှာနှစ်ယောက် အပြည့်အဝပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Israeli hospital separates head-connected baby twins in rare operation
JERUSALEM, Sept. 5 (Xinhua) — The Soroka Medical Center in southern Israel has successfully conducted a rare operation to separate a pair of one-year-old twins that were connected at their heads, the hospital said on Sunday.
The operation took place on Thursday and lasted 12 hours. It was performed by 50 medical staff members of the hospital, along with international experts, the hospital said.
The baby girls were born in August 2020, connected the back side of their heads. Over the past few months they have undergone extensive tests and have been under close medical supervision by the hospital, particularly the cardiac and respiratory function, prior to surgery, the hospital added.
At the surgery, the doctors separated the twins’ brains and blood vessels, and then recovered the skull, meninges and skin.
Mickey Gideon, director of the Pediatric Neurosurgery ward at Soroka said that “the rare operation was carried out perfectly,” adding that he expected the twins to “fully recover.” Enditem
Photo 1 – The picture shows the conjoined twin girls before the separation surgery. (Provided by Soroka Medical Center)
Photo 2 – The picture shows the medical staff during the seperation operation at Soroka Hospital. (Provided by Soroka Medical Center)
Photo 3 – The picture shows one of the baby girls after separated from her twin sister. (Provided by Soroka Medical Center)