Connect with us

North America

အမေရိကန်နိုင်ငံက လက်ဝယ်ထားသော နျူကလီးယားလက်နက်အရေအတွက်ကို ထုတ်ဖော်ပြောကြား

ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံ၌လက်ဝယ်သိမ်းဆည်းထားသည့် နျူကလီးယားလက်နက်အရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် အမေရိကန်နိုင်ငံက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ နျူကလီးယားလက်နက်ထိပ်ဖူးပေါင်း ၃,၇၅၀ ခုကို လက်ဝယ်ထားသိမ်းဆည်းထားကြောင်း ဖော်ပြခဲ့သည်။

အဆိုပါသိုလှောင်ထားရှိမှုတွင် အသက်သွင်းထားသော(active) နှင့် အသက်မသွင်းထားသော (inactive) လက်နက်ထိပ်ဖူးနှစ်မျိုးစလုံး ပါဝင်ကြောင်း အစီရင်ခံစာတွင် မှတ်ချက်ပြုခဲ့ပြီး အရန်လက်နက်ထိပ်ဖူး ၂,၀၀၀ ခန့်ကို လက်ရှိတွင် အသုံးမပြုတော့ဘဲ စနစ်တကျဖျက်ဆီးရန် စောင့်ဆိုင်းနေကြောင်း ထည့်သွင်းဖော်ပြထားသည်။

နျူကလီးယားလက်ဝယ် သိုလှောင်ထားရှိမှုအရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်းအား လျှို့ဝှက်ထားရန် ယခင်အစိုးရက ချမှတ်ခဲ့သည့် မူဝါဒအား ဆန့်ကျင်ကာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားသူများ ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့နျူကလီးယားလက်နက်ထိပ်ဖူးအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့က ပိုင်ဆိုင်ထားကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် အကြံပေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ (Xinhua)

————————————————-
(English Version)

U.S. discloses size of nuclear stockpile

WASHINGTON, Oct. 6 (Xinhua) — The U.S. State Department has disclosed the number of nuclear weapons in the country’s stockpile.
A report issued on Tuesday showed that the U.S. stockpile consisted of 3,750 nuclear warheads as of September 2020.

The stockpile includes both “active” and “inactive” warheads, the report noted, adding that some 2,000 additional warheads are currently retired and awaiting dismantlement.
The disclosure, the first time in four years, reversed a policy introduced by the previous administration to classify the size of the nuclear stockpile.
The United States and Russia possess most of the world’s nuclear weapons.

According to the latest data by the Federation of American Scientists, a Washington, D.C.-based think tank, over 90 percent of global nuclear warheads are owned by the two countries. Enditem
Photo – National Guard soldiers are seen on Capitol Hill in Washington, D.C., the United States, on Jan. 14, 2021. (Photo by Ting Shen/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.