Connect with us

Africa & Middle East

အာဖဂန် ငလျင်ဒဏ်ကြောင့် သေဆုံးသူ အရေအတွက် ၂၂ ဦးထိ မြင့်တက်

QALA-E-NAW ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ်၌ ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်သည် ၂၂ ဦးထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့ရဲ့ ဒေသတွင်းဌာနတွေက နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ ဇန်နဝါရီ ၁၇ ရက်က ငလျင်လှုပ်ခတ်ပြီးတော့ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ Qadis ခရိုင်မှာ ၂၂ ဦး သေဆုံးခဲ့ပါတယ်။အခြားသူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။”ဟု Badghis ပြည်နယ် ပြန်ကြားရေး နှင့် ယဉ်ကျေးမှု ညွှန်ကြားရေးမှူး Baz Mohammad Sarwari က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ် Qadis ခရိုင်၌ မြေငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် လူနေရွှံ့အိမ်များအား ဇန်နဝါရီ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

Badghis ပြည်နယ်၏ မြို့တော် Qala-e-Naw မြို့သာမက Muqur ခရိုင်နှင့်ထိစပ်နေသည့် Qadis ခရိုင်၌ လူနေအိမ်ခြေ ၁,၀၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒေသဆိုင်ရာတာဝန်ရှိသူများသည် Badghis ပြည်နယ်ရှိ ငလျင်ဒဏ်သင့်ဒေသများရှိ အခြေအနေကို သွားရောက်ကာ စောင့်ကြည့်စစ်ဆေးနေပြီး ဘေးဒဏ်သင့်ပြည်သူများအား ကယ်ဆယ်ရေးအကူအညီ ဆောင်ရွက်မှုများ ပို့ဆောင်ပေးသည့်လုပ်ဆောင်မှုများအား ချိတ်ဆက်မိစေရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး Baz Mohammad Sarwari က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ် Qadis ခရိုင်၌ မြေငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် လူနေရွှံ့အိမ်များအား ဇန်နဝါရီ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အစောပိုင်းဖော်ပြမှုများအရ တောင်ထူထပ်သောဒေသဖြစ်သည့် Badghis ပြည်နယ်၌ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် လူ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ် Qadis ခရိုင်၌ မြေငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် လူနေရွှံ့အိမ်များအား ဇန်နဝါရီ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ် Qadis ခရိုင်၌ မြေငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် လူနေရွှံ့အိမ်များအား ဇန်နဝါရီ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ် Qadis ခရိုင်၌ မြေငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် လူနေရွှံ့အိမ်များအား ဇန်နဝါရီ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ် Qadis ခရိုင်၌ မြေငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် လူနေရွှံ့အိမ်များအား ဇန်နဝါရီ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်ဘူမိဗေဒတိုင်းတာချက်တွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်သည် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် Badghis ပြည်နယ်၏ မြို့တော် Qala-e-Naw မြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၀ တွင် လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

မြေငလျင်သည် အနက် ၁၀ ဒသမ ၀ ကီလိုမီတာကို ဗဟိုပြု၍ မြောက်လတ္ထီကျူ ၃၄ ဒသမ ၉၄၇၉ ဒီဂရီ နှင့် အရှေ့ လောင်ဂျီကျူ ၆၃ ဒသမ ၅၆၈၆ ဒီဂရီ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်မည်ဟု ကနဦး ခန့်မှန်းထားသည်။အဆိုပါ ဒေသတွင် နောက်ဆက်တွဲငလျင် အများအပြားလည်း လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

#Afghan #earthquake #aftershock #အာဖဂန်နစ္စတန်နိုင်ငံ #မြေငလျင် #နောက်ဆက်တွဲငလျင် #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
…………………………………………
(English Version)

Death toll from Afghan earthquake rises to 22

QALA-E-NAW, Afghanistan, Jan. 19 (Xinhua) — The death toll from a magnitude 5.6 earthquake in Afghanistan’s western province of Badghis has risen to 22, a provincial official said Tuesday.

“The latest figures by our local sources showed that 22 people died and five others were wounded following Monday’s earthquake in Qadis district, the worst-hit area, ” Baz Mohammad Sarwari, director of information and culture for Badghis province, told Xinhua.
At least 1,000 houses were destroyed in Qadis, neighboring Muqur district as well as in the provincial capital Qala-e-Naw, according to the official.

“Local authorities were paying visits and monitoring the situation in affected areas in Badghis. They will try to coordinate the delivery work of relief assistance to the affected people,” the official said.

Earlier reports said 12 people lost their lives following the quake which occurred Monday afternoon in the mountainous region.
The U.S. Geological Survey said the earthquake with a magnitude of 5.6 hit 40 km east of Qala-e-Naw, the provincial capital of Badghis which borders Turkmenistan.

The epicenter, with a depth of 10.0 km, was initially determined to be at 34.9479 degrees north latitude and 63.5686 degrees east longitude, it said.

Several aftershocks were also felt in the region.
Photo 1 – Photo taken on Jan. 18, 2022 shows damaged mud houses after an earthquake in Qadis district of Afghanistan’s western province of Badghis. (Photo by Mashal/Xinhua)
Photo 2 – Photo taken on Jan. 18, 2022 shows damaged mud houses after an earthquake in Qadis district of Afghanistan’s western province of Badghis. (Photo by Mashal/Xinhua)
Photo 3 – Photo taken on Jan. 18, 2022 shows damaged mud houses after an earthquake in Qadis district of Afghanistan’s western province of Badghis. (Photo by Mashal/Xinhua)
Photo 4 – Photo taken on Jan. 18, 2022 shows damaged mud houses after an earthquake in Qadis district of Afghanistan’s western province of Badghis. (Photo by Mashal/Xinhua)
Photo 5 – Photo taken on Jan. 18, 2022 shows damaged mud houses after an earthquake in Qadis district of Afghanistan’s western province of Badghis. (Photo by Mashal/Xinhua)
Photo 6 – Photo taken on Jan. 18, 2022 shows damaged mud houses after an earthquake in Qadis district of Afghanistan’s western province of Badghis. (Photo by Mashal/Xinhua) ■