Connect with us

Asia

အိန္ဒိယနိုင်ငံက နိုင်ငံသားများအား အာဖဂန်နစ္စတန်နိုင်ငံမှ ချက်ချင်းထွက်ခွာရန် အကြံပြုထား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီး ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

စစ်မက်ဖြစ်ပွားမှုဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများအရှိန် မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံသားများအား ယင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ဩဂုတ် ၁၀ ရက်က အကြံပြုထားကြောင်း သိရသည်။အာဖဂန်နစ္စတန်နိုင်ငံသို့ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများအားလုံးအနေဖြင့် အာဖဂန်နစ္စတန်နှင့် အိန္ဒိယ နိုင်ငံကြား စီးပွားရေးလုပ်ငန်းသုံး လေကြောင်းပျံသန်းမှုများ မရပ်တန့်မီ မိခင်နိုင်ငံသို့ ပြန်ရေးအတွက် အရေးပေါ်အစီအစဉ်များ ဆောင်ရွက်ကြရန် ကဘူးလ်မြို့ရှိ အိန္ဒိယနိုင်ငံ သံရုံးမှတစ်ဆင့် ပေးပို့သော အကြံပြုချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

“အာဖဂန်နစ္စတန်ရဲ့ နေရာအတော်များများမှာ အကြမ်းဖက်မှုအရှိန်မြင့်တက်နေသဖြင့် ပြည်နယ်များနှင့် မြို့များစွာသို့ စီးပွားရေးလုပ်ငန်းသုံး ခရီးသွားဝန်ဆောင်မှုများ ရပ်ဆိုင်းထားရပါတယ်။ အာဖဂန်နစ္စတန်မှာ လာရောက်လည်ပတ်၊ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေအားလုံးအနေနဲ့ အာဖဂန်နစ္စတန်ရဲ့ နေရာများစွာမှ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းခရီးစဉ်ထွက်ရှိမှု နောက်ဆုံးအခြေအနေတွေကို ကိုယ်တိုင်စောင့်ကြည့်ကြဖို့နဲ့ ၎င်းလေကြောင်းဝန်ဆောင်မှုများ မရပ်ဆိုင်းမီ အိန္ဒိယသို့ ပြန်နိုင်ရေး အရေးပေါ် ခရီးသွားအစီအစဉ်တွေ လုပ်ဆောင်ကြဖို့ အခိုင်အမာ အကြံပြုထားပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသော အိန္ဒိယ ကုမ္ပဏီများအနေဖြင့်လည်း လေကြောင်းခရီးသွား ဝန်ဆောင်မှုများ ရပ်ဆိုင်းခြင်းမပြုမီ အာဖဂန်နစ္စတန်ရှိ ပရောဂျက်လုပ်ငန်းများမှ အိန္ဒိယ ဝန်ထမ်းများအား ချက်ချင်း ထွက်ခွာကြရန်လည်းအခိုင်အမာ အကြံပြုထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် အိန္ဒိယ အစိုးရကလည်း အိန္ဒိယ မီဒီယာဝန်ထမ်းများအား အာဖဂန်နစ္စတန်တွင် ရှိနေပါက အိန္ဒိယသံရုံးနှင့် ဆက်လက် ဆက်သွယ်ထားရန်နှင့် ၎င်းတို့ ခရီးသွားရောက်လာနေရာအတွက် အကြံဉာဏ်တောင်းခံရန် ထုတ်ပြန်ချက်၌ အကြံပြုထားသည်။ “ဒါတွေက မီဒီယာသမားတွေအတွက် အန္တရာယ်ရှိနိုင်ခြေတွေကို ပိုပြီးချင့်ချိန်နိုင်အောင်နဲ့ အဲဒီက လုံခြုံရေးအခြေအနေမှာ မြန်ဆန်တဲ့ အပြောင်းအလဲတွေကို ဖော်ပြပေးနိုင်အောင် အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်က ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

——————————————-
(English Version)

India advises nationals to immediately leave Afghanistan

NEW DELHI, Aug. 10 (Xinhua) — The Indian government on Tuesday advised its nationals to “immediately” leave Afghanistan as violence has escalated in the war-torn country.

In an advisory through the Indian embassy in Kabul, the Ministry of External Affairs appealed to all Indian nationals in Afghanistan to make immediate arrangements to return to their homeland before commercial flights between Afghanistan and India stop.

“As violence in many parts of Afghanistan has escalated, commercial air travel services to many provinces and cities are getting discontinued. All Indian nationals visiting, staying and working in Afghanistan are strongly advised to keep themselves updated on the availability of commercial flights from various parts of Afghanistan and make immediate travel arrangements to return to India before commercial air services are discontinued to their place of stay in Afghanistan,” said the statement.

It further stated that the Indian companies operating in Afghanistan are strongly advised to immediately withdraw their Indian employees out of project sites in Afghanistan before air travel services get discontinued.

In the statement, the Indian government also advised the Indian media personnel posted in Afghanistan to remain in touch with the Indian embassy and seek advice for the location they are travelling to. “This will help media persons make a better assessment of the risks involved, given the rapid changes in the security situation there,” it added. Enditem

Photo : Policemen are seen near the blast site in Kabul, Afghanistan, on May 31, 2017. (Xinhua/Rahmat Alizadah)