Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခရီးသည်တင်ဘတ်စ်ကား မြစ်ထဲထိုးကျပြီးနောက် လူ ၆ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

နယူးဒေလီ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဂ်ဟာလာယာပြည်နယ်တွင် စက်တင်ဘာ ၃၀ ရက်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲပြုတ်ကျသဖြင့် လူ ၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။အဆိုပါ မတော်တဆမှုသည် မဂ်ဟာလာယာပြည်နယ် မြို့တော် Shillong မှ ၁၈၅ ကီလိုမီတာခန့်အကွာ East Garo Hills ခရိုင် Nongchram ကျေးရွာတွင် စက်တင်ဘာ ၃၀ ရက် အစောပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဘတ်စ်ကားသည် စက်တင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၂:၀၀ နာရီအချိန်က Ringdi မြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး အခြားသူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း East Garo Hills ရဲတပ်ဖွဲ့ ထိန်းချုပ်ရေးခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ “သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ထုပ်ပိုးထားပြီး ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ကုသထားပါတယ်”

သေဆုံးသူများတွင် ဘတ်စ်ကားယာဉ်မောင်းလည်း ပါဝင်ကြောင်း သိရသည်။

သတင်းများအရ မဂ်ဟာလာယာ သယ်ယူပို့ဆောင်ရေးကော်ပိုရေးရှင်းပိုင် အဆိုပါဘတ်စ်ကားသည် ကြမ်းတမ်းစွာ မောင်းနှင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“မတော်တဆမှုဖြစ်ပွားချိန်မှာ ဘတ်စ်ကားက အရှိန်လွန်မောင်းနှင်နေခဲ့တာပါ။ ဘတ်စ်ကားရဲ့ ရှေ့ပိုင်းက နံဘေးက တံတားတိုင်တွေနဲ့ တိုက်မိပြီး မြစ်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်” ဟု ဒဏ်ရာရရှိခဲ့သော အသက်ရှင်ကျန်ရစ်သူများ၏ ပြောကြားချက်အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးနှင့် မီးသတ်နှင့် အရေးပေါ်လုပ်ငန်းဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားမှုအား မှတ်တမ်းတင်ထားခဲ့ပြီး အခင်းဖြစ်ပွားရခြင်းအကြောင်းရင်းအား သေချာစိစစ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဝန်ပိုတင်ဆောင်ခြင်း၊ လမ်းများအခြေအနေ ဆိုးဝါးခြင်းနှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ (Xinhua)

———————————————
(English Version)

6 killed, 16 injured after bus plunges into river in northeast India

NEW DELHI, Sept. 30 (Xinhua) — At least six people were killed and 16 others injured Thursday after a bus carrying them plunged into a river in India’s northeastern state of Meghalaya, police said.
The accident took place early Thursday at Nongchram in East Garo Hills, about 185 km west of Shillong, the capital city of Meghalaya.

A police official at East Garo Hills police control room told Xinhua over the telephone that a bus fell into Ringdi river at 12:00 a.m. local time Thursday, six people were killed and 16 others injured in the accident. “The bodies have been fished out and injured are admitted in different nearby hospitals.”
The dead include driver of the bus.

According to reports, the bus belonging to Meghalaya Transport Corporation was being rashly driven.
“The bus was speeding when the accident happened,” a local media report quoted injured survivors as having said. “The front portion of the bus hit the bridge posts on the side and went over into the river water.”

Following the accident rescue and fire and emergency service personnel were rushed to the spot to carry out rescue work.
Police have registered a case and ordered an investigation to ascertain the cause of the accident.

Deadly road accidents are common in India often caused due to overloading, bad condition of roads and reckless driving. Enditem
Photo : An ambulance is seen at Jaipur Golden Hospital in New Delhi, India, April 24, 2021. (Str/Xinhua)