China
တရုတ်-ဗီယက်နမ် နယ်စပ်သို့ ရောက်ရှိမည့် မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် နောက်ဆုံးဥမင်လိုဏ်ခေါင်းတည်ဆောက်ပြီးစီး
နန်နင်း ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)
နောက်ဆုံး ဥမင်လိုဏ်ခေါင်းအားယနေ့ နိုဝင်ဘာ ၉ ရက်တွင် ဖောက်လုပ်မှုပြီးစီးခြင်းနှင့်အတူ တရုတ်-ဗီယက်နမ် နယ်စပ်သို့ တရုတ်မြန်နှုန်းမြင့်ရထားများ ရောက်ရှိလာမည့် ရထားလမ်း တည်ဆောက်မှုသည် အရေးပါသည့် ခြေလှမ်းသစ်တစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
၄၆ ဒသမ ၉ ကီလိုမီတာ ရှည်လျားသည့် ရထားလမ်းသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Fangchenggang နှင့် Dongxing မြို့များအား ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။အဆိုပါရထားလမ်းတွင် စုစုပေါင်း ဥမင်လိုဏ်ခေါင်း ၈ ခုပါရှိကြောင်း သိရသည်။
လက်ရှိတွင် ရထားလမ်းတည်ဆောက်ရေးလုပ်ငန်း ၇၉ ရာခိုင်နှုန်းကျော်သည် ပြီးစီးသွားပြီ ဖြစ်သည်။ သံလမ်းခင်းခြင်း နှင့် ဆက်သွယ်ရေး စီမံကိန်းများအား နောက်ပိုင်းတွင် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရထားလမ်း လည်ပတ်ပြီးနောက် Fangchenggang နှင့် Dongxing မြို့များအကြား ရထားအသွားအလာမရှိသည့် အခြေအနေမှာ အဆုံးသတ်နိုင်မည် ဖြစ်သည်။ ရထားများသည် ပြေးလမ်းပေါ်တွင် မြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ဖြင့် မောင်းနှင်နိုင်ပြီး မြို့နှစ်မြို့အကြား ခရီးသွားလာချိန်သည် မိနစ် ၉၀ မှ မိနစ် ၂၀ အထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။
Dongxing မြို့သည် တရုတ်-ဗီယက်နမ် နယ်စပ်တွင် တည်ရှိသည်။အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ကုန်သွယ်မှု နှင့် ဖလှယ်မှုများအား မြှင့်တင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————–
(English Version)
Tunnel construction completes on high-speed railway to China-Vietnam border
NANNING, Nov. 9 (Xinhua) — With the last tunnel drilled through on Tuesday, the construction of a railway that will allow Chinese high-speed trains to reach the China-Vietnam border has made a significant step forward.
The 46.9-km railway will link the cities of Fangchenggang and Dongxing, both in Guangxi Zhuang Autonomous Region. It has a total of eight tunnels.
Currently, more than 79 percent of construction work has been completed on the railway. Track-laying and communication projects will be arranged later.
After the railway is put into operation, the history of no railway traffic between Fangchenggang and Dongxing will end. Trains on the line can run at a design speed of 200 km per hour, and the travel time between the two cities will be shortened from 90 to 20 minutes.
Dongxing is located at the China-Vietnam border. The line will eventually boost trade and exchanges between China and Southeast Asian countries. Enditem
Photo – Vietnamese businessmen use tricycles to transport goods through customs at Hekou Port, Honghe Hani and Yi Autonomous Prefecture, China’s Yunnan Province, on Dec.16, 2018. (Xinhua/Zeng Wei)