Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၆၂ ဦးရှိ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Cianjur ခရိုင်၌ နိုဝင်ဘာ ၂၂ ရက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အပြင်ဘက်သို့ ထွက်၍ နေကြသည့် ပြည်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ နိုဝင်ဘာ ၂၁ ရက်တွင် ပြင်းအား ၅.၆ အဆင့်ရှိသော မြေငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၁၆၂ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ငလျင်ကြောင့် လူနေအိမ်များ ၊ အဆောက်အဦများ နှင့် အခြေခံအဆောက်အအုံ အများအပြား ကြီးကြီးမားမား ပျက်စီးခဲ့ပြီး မြို့တော် ဂျာကာတာသည်လည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။

အဆိုးရွားဆုံး ငလျင်ဒဏ်သင့်ခဲ့သည့် နေရာများအနက် တစ်ခုဖြစ်သည့် Cianjur ခရိုင်၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေး နှင့် သက်သာလျော့ပါးရေးအေဂျင်စီက ထုတ်ပြန်သော အချက်အလက်များအရ မြေငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံး၍ စွန့်ခွာထွက်ပြေးပြီး ယာယီခိုလှုံနေထိုင်ကြသူ အရေအတွက်မှာ ၁၃,၇၈၄ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် ပျက်စီးသွားခဲ့သည့် အခြေခံအဆောက်အအုံများထဲတွင် လမ်းများ ၊ တံတားတစ်စင်း ၊ စာသင်ကျောင်းများ ၊ ရုံးခန်းများ ၊ ဗလီများ နှင့် ကျန်းမာရေးအဆောက်အအုံများ ပါဝင်ကြောင်း သိရသည်။

သေဆုံးသူအရေအတွက် သိသိသာသာမြင့်တက်လာခဲ့ခြင်းမှာ ဒေသခံ ၁၀၀ ခန့် နစ်မြှုပ်ခဲ့သည့် မြေပြိုမှု အစီရင်ခံစာသစ်ကြောင့် ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေး နှင့် သက်သာလျော့ပါးရေးအေဂျင်စီ၏ သတင်းအချက်အလက်ဌာန၊ အကြီးတန်းအရာရှိ Nena Fatimah က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

အေဂျင်စီက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အစားအစာ နှင့် ဆေးဝါး အပါအဝင် အကူအညီများ ပံ့ပိုးပေးသည့် စင်တာ ၄၇ ခုအထိ ထားရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Abdul Muhari ၏ ပြောကြားချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား အနောက်ဂျာဗားပြည်နယ် Cianjur ခရိုင်အတွင်းရှိ ဆေးရုံများ၌ ကုသပေးထားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ ခေါင်းဆောင် Suharyanto ၏ ပြောကြားချက်အရ သိရသည်။ (Xinhua) xhtxs.cn/BYk

—————————

Death toll of Indonesia’s quake rises to 162
A total of 162 people were killed after a 5.6-magnitude earthquake hit Indonesia’s West Java province on Monday, officials said.
The quake has also caused heavy damages to many houses, buildings and infrastructure facilities. The tremors were strongly felt in the national capital Jakarta.
Up to 13,784 people were forced to flee their homes and take shelter as their houses were damaged by the quake, according to data issued by the disaster management and mitigation agency of the district of Cianjur, one of the hardest-hit areas.
The infrastructure facilities damaged by the quake include roads, a bridge, school buildings, office buildings, mosques and health facilities, it said.
The significant rise of the number of casualties was due to a new report of landslides that buried about 100 residents, Nena Fatimah, senior officer at the data and information unit of the district’s disaster management and mitigation agency, told Xinhua by phone.
The agency has set up 47 centers providing aids including foods and medicine for the quake-impacted victims, according to spokesman for the National Disaster Management Agency Abdul Muhari.
The injured have been treated at hospitals in the district of Cianjur in the province, according to head of the National Disaster Management Agency Suharyanto.
Photo – People affected by the earthquake rest outdoors in Cianjur, West Java, Indonesia, on Nov. 22, 2022. (Xinhua/Xu Qin)