Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် ပညာသင်နှစ်အသစ် စတင်

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်မြို့တွင် ပညာသင်နှစ်အသစ် ပထမနေ့အတွက် ကျောင်းတက်ရန် ရောက်ရှိလာသော အာဖဂန်ကျောင်းသူများအား မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အိမ်စောင့်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပညာသင်နှစ်အသစ်ကို မတ်၂၃ ရက်က စတင်ခဲ့ပြီး အာဖဂန် ကလေးငယ် သန်းပေါင်းများစွာသည် စာသင်ကျောင်းများသို့ သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
Grade 1 မှ Grade 12 အထိကျောင်းသားများနှင့် Grade 1 မှ Grade 6 အထိကျောင်းသူများအနေဖြင့် ပညာသင်နှစ်တွင် စတင်တက်ရောက်နိုင်ပြီဖြစ်ကြောင်း Bakhtar သတင်းအေဂျင်စီအရ သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်မြို့တွင် ပညာသင်နှစ်အသစ် ပထမနေ့အတွက် ကျောင်းတက်ရန် ရောက်ရှိလာသော အာဖဂန်ကျောင်းသူများအား မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သို့ရာတွင် အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသူများမှာမူ နောက်ထပ် အသိပေးချက် ထုတ်ပြန်ခြင်းမပြုမီအထိ ကျောင်းတက်ခွင့် ငြင်းပယ်ခံထားရကြောင်း သိရသည်။

“မိန်းကလေးတွေရဲ့ ကျောင်းဝတ်စုံတွေကို အာဖဂန် ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုဖြစ်သော ရှာရီယာ (Sharia) အရ ဒီဇိုင်းထုတ်လုပ်ထားပါတယ်။ ပြီးတော့ မိန်းကလေး စာသင်ကျောင်းတွေကို အာဖဂန်နစ္စတန် အစ္စလာမ်မစ်စော်ဘွားနိုင်ငံ (Islamic Emirate of Afghanistan) ခေါင်းဆောင်ပိုင်း၏ ညွှန်ကြားမှုအရ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်” ဟု သတင်းက‌ ဖော်ပြထားသည်။

တာလီဘန်တို့က ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်က နိုင်ငံ့အာဏာကို လွှဲပြောင်းယူပြီးချိန်မှစ၍ ပြည်နယ် ၃၄ ခုရှိ နိုင်ငံပိုင် မိန်းကလေးကျောင်းများနှင့် အထက်တန်းကျောင်းများကို ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယမန်နှစ် ပညာသင်နှစ်မကုန်မီက ပြည်နယ်အနည်းငယ်ရှိ စာသင်ကျောင်းများသို့ ကျောင်းသူလေးများ ကျောင်းပြန်လည်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………………
(English Version)

Afghanistan starts new academic year

KABUL, March 24 (Xinhua) — The Ministry of Education of Afghanistan’s caretaker government on Wednesday started the new educational year as millions of Afghan children head to schools, the state-run news agency reported.

According to the Bakhtar News Agency, boy students from grade one to grade 12 and girls from grade one to grade six will attend their classes after the academic year started.

However, female students in girls’ secondary schools and high schools were denied from attending schools until further notice.

“Whenever girls’ school uniforms are designed in accordance with Sharia, Afghan customs and culture, then the girls’ schools would be reopened after order of the Islamic Emirate of Afghanistan’s leadership,” the report said.

Since the Taliban’s takeover of the power of the country on Aug. 15, 2021, public girls’ schools and high schools had remained closed in most of the country’s 34 provinces.

However, female students returned to their classes in a few provinces before the end of last academic year.■

Photo 1 : Afghan girls arrive to attend class on the first day of new academic year in Herat city, western Afghanistan, March 23, 2022. (Photo by Mashal/Xinhua)
Photo 2 : Afghan girls arrive to attend class on the first day of new academic year in Herat city, western Afghanistan, March 23, 2022. (Photo by Mashal/Xinhua)