Connect with us

Africa & Middle East

လေယာဉ်ပစ်ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယားကို အစ္စရေး ပစ်ခတ်

ဆီးရီးယား လေကြောင်းကာကွယ်ရေး ဒုံးကျည်အား ဒမတ်စကပ်စ်မြို့တော် ကောင်းကင်းယံတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံမှ ပစ်ခတ်ခဲ့ပြီး လေပေါ်တွင် ပေါက်ကွဲသွားခဲ့သော လေယာဉ်ပစ်ဒုံးကျည် ပစ်ခတ်မှုအား တုံ့ပြန်သောအနေဖြင့် အစ္စရေးနိုင်ငံက ဆီးရီးယားရှိ ပစ်မှတ်များကို ဖေဖော်ဝါရီ ၉ ရက်၌ ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့သည်။ပေါက်ကွဲသံများကို အစ္စရေးနိုင်ငံ မြောက်ပိုင်း Umm al-Fahm မြို့၌ ကြားခဲ့ရသလို West Bank ၌လည်း ကြားခဲ့ရကြောင်း စစ်တပ်က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
ဒေသခံများကလည်း ကြီးမားသောပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဟီဘရူးဘာသာစကားဖြင့် ထုတ်ဝေသော Ynetnews သတင်းအရ သိရသည်။

ယင်းဖြစ်ရပ်ကြောင့် အစ္စရေးဘက်မှ သေဆုံးကြောင်း သတင်းများမရှိပေ။အစ္စရေးနိုင်ငံမှ သတိပေးချက်များသည် ဒမတ်စကပ်စ်မြို့ဧရိယာ၌ လေကြောင်းကာကွယ်ရေးစနစ်များ လုပ်ဆောင်ခဲ့ကြောင်းနှင့် အစ္စရေးဒုံးကျည်များ ကြားဖြတ်ပစ်ခတ်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA မီဒီယာက သတင်းဖော်ပြခဲ့သဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်များအတွင်း အစ္စရေးနိုင်ငံသည် ဟစ်ဇဘိုလာကဲ့သို့သော အီရန်မိတ်ဖက် စစ်သွေးကြွများနှင့် ချိတ်ဆက်မှုရှိသော ပစ်မှတ်များရှိရာ နယ်မြေများ အခြေစိုက် ဆီးရီးယားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု အမြောက်အများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အီရန်နှင့် ဆီးရီးယားတို့ကမူ တာဝန်ယူရန် ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

Israel strikes Syria in response to anti-aircraft missile fire

2022-02-09 15:21:04 Category:Politics, Law
JERUSALEM, Feb. 9 (Xinhua) — Israel struck targets in Syria on Wednesday in response to an anti-aircraft missile launched from Syria, which exploded in mid-air, the Israeli army said.

Sirens were heard in the Arab city of Umm al-Fahm in northern Israel as well as in the occupied West Bank, the army said in a statement.

Residents reported large explosion sounds, according to the Hebrew-language news outlet Ynetnews.
There were no immediate reports of Israeli casualties.

The alerts in Israel came as the Syrian state media SANA reported the aerial defense systems in the Damascus area had been activated and intercepted Israeli missiles.

Over the past years, Israel has carried out numerous airstrikes on targets inside Syria based on the theories that those targets are linked with Iran-allied militias, such as Hezbollah. Both Iran and Syria deny those charges. Enditem

Photo : Syrian air defense missile is seen in the sky over Damascus, capital of Syria, on July 20, 2020.(Photo by Ammar Safarjalani/Xinhua)