Connect with us

Asia

သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အဆိုပြုမည်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၁ ရက်တွင် ဝန်ကြီးချုပ်အဖြစ် တရားဝင်တာဝန်ထမ်းဆောင်ရန် အခမ်းအနားတက်ရောက်ခဲ့သည့် Mahinda Rajapaksa အား တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အစိုးရအဖွဲ့ထံသို့ အဆိုပြုမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ပြန်ကြားရေးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ဝန်ကြီးချုပ်က ယင်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ ပြည်သူလူထုအား တာဝန်ခံသည့် အစိုးရတစ်ရပ်အနေဖြင့် လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။

အဆိုပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်တွင် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးတို့တွင် ပြောင်းလဲမှုများ ပါဝင်မည် ဖြစ်ကြောင်း ဌာနက ဆိုသည်။

မကြာသေးမီက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှ တောင်းဆိုချက်များအနက် တစ်ခုဖြစ်သည့် အုပ်ချုပ်ရေးအာဏာလျှော့ချရေး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်လည်း ပါဝင်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှု နှင့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းတစ်ခုရင်ဆိုင်ကြုံတွေ့နေရစဉ်အတွင်းမှာပင် ဧပြီ ၁၈ ရက်တွင် အစိုးရအဖွဲ့ထဲသို့ ဝန်ကြီးအသစ် ၁၇ ဦး ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်၍ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)

Sri Lankan PM to propose constitutional amendment

COLOMBO, April 18 (Xinhua) — Sri Lankan Prime Minister Mahinda Rajapaksa is to propose to the cabinet to amend the constitution, the prime minister’s media unit said on Monday.

The media unit said that the prime minister made this move taking into consideration the demand for a government that is accountable to the people.

The proposed constitutional amendment would include changes to the executive, legislature, and the judiciary, the media unit said.
One of the demands of recent anti-government protests has also been the constitutional amendment that reduces the power of the executive.

Seventeen new ministers were sworn into the Sri Lankan cabinet on Monday as the nation faces political instability and a severe economic crisis. ■
Photo – Mahinda Rajapaksa attends a ceremony to officially assume duties as Prime Minister of Sri Lanka at Temple Trees in Colombo, Sri Lanka, Aug.

11, 2020. Leader of Sri Lanka Podujana Peramuna party Mahinda Rajapaksa took his oath as the nation’s new prime minister on Sunday after his party secured a landslide victory in the recently concluded parliamentary election. (Photo by Ajith Perera/Xinhua)