Connect with us

North America

အရှိန်မြင့်တက်လာသော ကုန်သွယ်ရေး ပဋိပက္ခများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ဆုတ်ယုတ်ကျဆင်းမှုဆီသို့ တွန်းပို့နိုင်ဟု စီးပွားရေးပညာရှင် သတိပေး

လန်ဒန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

နှုန်းထားမြင့်မားသော စည်းကြပ်ခွန်နှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် ကုန်သွယ်ရေး တင်းမာမှုများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက်စေနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှုထက် ဆုတ်ယုတ်ကျဆင်းမှုဆီသို့သာ တွန်းပို့လိမ့်မည်ဖြစ်ကြောင်း ထိပ်တန်း စီးပွားရေးပညာရှင်တစ်ဦးက သတိပေးခဲ့သည်။စည်းကြပ်ခွန်များက သွင်းကုန်များအပေါ် ကုန်ရောင်းခွန် ပုံစံတစ်မျိုးဖြင့် အစိုးရ၏ အခွန်ဘဏ္ဍာကို တိုးပွားစေနိုင်သော်လည်း ယင်းအခွန်အကောက်များက သွင်းကုန်စရိတ်စကများကို မြင့်တက်စေသလို စားသုံးသူများက ဈေးနှုန်းပိုမိုမြင့်မားဖွယ်ရှိသော ပြည်တွင်းမှ အခြားရွေးချယ်စရာများကို ပြောင်းလဲအာရုံစိုက်လာသည့်အတွက် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု လန်ဒန် ဘောဂဗေဒနှင့် နိုင်ငံရေးသိပ္ပံတက္ကသိုလ်မှ စီးပွားရေးပညာရှင် အင်းဘက်ဂ်က ဆိုသည်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးရှိ ဘဏ်ခွဲတစ်ခု၌ ဒေါ်လာလဲလှယ်နှုန်းကို ပြသထားသော ဆိုင်းဘုတ်တစ်ခုဘေးမှ ဖြတ်လျှောက်သွားသူများအား ၂၀၂၅ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စည်းကြပ်ခွန်များကြောင့် ပိုမိုကျွမ်းကျင်သော နိုင်ငံတကာ ကုန်ပစ္စည်းပေးသွင်းသူများဆီမှ ကျွမ်းကျင်မှုပိုနည်းသော ပြည်တွင်းထုတ်လုပ်သူများဆီသို့ ထုတ်လုပ်မှုပြောင်းလဲခြင်းက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို ထိခိုက်စေသလို စီးပွားရေးတိုးတက်မှုကိုလည်း ပိုမိုအဟန့်အတား ဖြစ်စေမည်ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နှုန်းထားမြင့်မားသော စည်းကြပ်ခွန်များနှင့် နောက်ဆက်တွဲ ကုန်သွယ်ရေးစစ်ပွဲက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ဆိုးကျိုးဖြစ်ပေါ်စေသည့် အလေ့အထရှိကြောင်း အဆိုပါ စီးပွားရေးပညာရှင်က ဆိုသည်။ “အဲဒါက စီးပွားရေးတိုးတက်မှုထက် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုနှင့် အကျဘက်ဆီသို့သာ တစ်စတစ်စ ဦးတည်စေဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် စည်းကြပ်ခွန်များက အထူးသဖြင့် ကနေဒါမှ စက်ပစ္စည်းအစိတ်အပိုင်းများကို မှီခိုနေရသော အမေရိကန် မော်တော်ယာဉ်ထုတ်လုပ်သူများကဲ့သို့ နယ်စပ်ဖြတ်ကျော် တင်သွင်းသည့် အစိတ်အပိုင်းများအပေါ် အားထားနေရသည့် လုပ်ငန်းများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ကွင်းဆက်များကို အကြီးအကျယ် ထိခိုက်စေနိုင်သည်ဟု ၎င်းက ဆိုသည်။ ( Xinhua)
——————————-
Intensified trade conflicts could push global economy toward recession, economist warns
LONDON, March 23 (Xinhua) — High tariffs and the resulting trade tensions could harm the global economy, pushing it toward recession rather than growth, a leading economist has warned.
While tariffs can boost government revenue by acting as a form of sales tax on imports, they also drive up the cost of imported goods, fueling inflation as consumers turn to potentially pricier domestic alternatives, said Iain Begg, an economist at the London School of Economics and Political Science.
Tariffs also disrupt global trade by shifting production from more efficient international suppliers to less efficient local producers, further straining economic growth, he told Xinhua.
High tariffs and the resulting trade war “tend to be bad for the global economy,” said the economist. “This is likely to lead to a drift towards recession and downturn rather than economic growth,” he said.
Moreover, tariffs can severely disrupt global supply chains, especially for industries reliant on cross-border components, such as U.S. automakers which depend on Canadian parts, he said.
English Caption 1
A customer shops at a Target store in Rosemead, Los Angeles County, California, the United States, on March 4, 2025. (Photo by Zeng Hui/Xinhua)
English Caption 2
People walk past a sign displaying the dollar exchange rate at a bank branch in Mexico City, Mexico, on March 4, 2025. (Photo by Francisco Canedo/Xinhua)