Asia
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဗီယက်နမ်နိုင်ငံ၌ စတင်ကျင်းပ
ဟနွိုင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
၃၁ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) အား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ မိုင်ဒင်း (My Dinh) အမျိုးသားအားကစားရုံ၌ မေ ၁၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် နည်းပြများ အပါအဝင် ပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် အာရှဒေသတွင်း အကြီးမားဆုံး အားကစားပြိုင်ပွဲအား မူလ စီစဉ်ထားသည်ထက် ခြောက်လ နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၀၃ ခုနှစ်တွင် ၂၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင်း (My Dinh) အမျိုးသားအားကစားရုံ၌ ကျင်းပခဲ့ပြီးနောက် ယခုပွဲသည် ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၄၀ အား ပွဲစဉ်ပေါင်း ၅၂၆ ပွဲနှင့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၅၁၀၀ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မေလ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် မေ ၁၂ ရက်အထိ ရွှေတံဆိပ်ဆယ်ခု၊ ငွေတံဆိပ်ခုနှစ်ခုနှင့် ကြေးတံဆိပ်ဆယ်ခု တို့ အသီးသီးရရှိထားပြီး ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသောဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄၀ ခု ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)
…………………………………………………
(English Version)
Southeast Asian Games kick off in Vietnam
HANOI, May 12 (Xinhua) — The 31st Southeast Asian Games (SEA Games) opened Thursday at My Dinh National Stadium in Vietnam’s capital Hanoi.
Thousands of spectators, including officials, athletes and coaches, attended the opening ceremony.
The region’s biggest sporting event kicked off six months later than originally scheduled due to the COVID-19 pandemic.
It is the second time Vietnam has hosted the event, as the 22nd SEA Games also opened at My Dinh Stadium in Hanoi in December 2003.
The 31st SEA Games feature 40 sports with 526 events as well as 5,100 athletes from 11 countries, and will conclude on May 23.
As of Thursday, Vietnam tops the medal tally with ten gold, seven silver and ten bronze medals.
The country has set a target of 140 gold medals for the regional biennial sports event. Enditem