Connect with us

Asia

လာအိုသမ္မတက ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ရန်ရှိပြီး SEA Games ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်မည်

လာအိုနိုင်ငံ၊ဗီယင်ကျန်းမြို့ ၌ ကျင်းပသည့် လာအိုလွှတ်တော် နဝမအကြိမ် လွှတ်တော်အဖွင့်မိန့်ခွန်းပြောကြားနေသော အသစ်ရွေးချယ်တင်မြှောက်ခြင်း ခံရသော လာအိုသမ္မတ Thongloun Sisoulith (ရှေ့တန်း) ကို ၂၀၂၁ ခုနှစ်၊ မတ် ၂၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-- LPRP congress media center/Handout via Xinhua)

ဖနွမ်းပင်၊ မေ ၂ ရက် (ဆင်ဟွာ)

လာအိုသမ္မတ Thongloun Sisoulith က ကမ္ဘောဒီးယားနိုင်ငံသို့ မေ ၄ ရက်မှ ၆ ရက်အထိနိုင်ငံတော်ခရီးစဉ် လာရောက်ရန်ရှိပြီး ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ရန် ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မေ ၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni ၏ ဖိတ်ကြားချက်အရ ယခု ခရီးစဉ်လာရောက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာအိုသမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်တက်ခ်ချိုဟွန်ဆန်တို့သည် ဒေသတွင်းနှင့် နိုင်ငံတကာ ဘုံစိုးရိမ်မှုအချို့နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို နှစ်ဦးနှစ်ဘက် ဆွေးနွေးရန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Thongloun သည် ကမ္ဘောဒီးယားနိုင်ငံ၊ Morodok Techo National Stadium တွင် မေ ၅ ရက်၌ ကျင်းပမည့် ၃၂ ကြိမ်မြောက် SEA Games ဖွင့် ပွဲ အခမ်းအနားသို့ တက်ရောက်လိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၆၄ နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေလ ၅ ရက်မှ မေလ ၁၇ ရက်အထိ လက်ခံကျင်းပမည်ဖြစ်သည်။ (Xinhua)

………………………………………..
(English Version)
SEAGames #Lao #Cambodia
Lao president to pay state visit to Cambodia, attend SEA Games opening ceremony
PHNOM PENH, May 2 (Xinhua) — Lao President Thongloun Sisoulith will pay a state visit to Cambodia on May 4-6, where he will also attend the opening ceremony of the 32nd Southeast Asian (SEA) Games, said a Cambodian foreign ministry’s press statement on Tuesday.
His visit will be made at the invitation of Cambodian King Norodom Sihamoni, the statement said.
The Lao president will also hold a bilateral meeting with Cambodian Prime Minister Samdech Techo Hun Sen to discuss bilateral cooperation along with some regional and international issues of common concerns, the statement said.
Thongloun will attend the opening ceremony of the 32nd SEA Games at the Morodok Techo National Stadium on May 5, it said.
Cambodia will host the 32nd SEA Games for the first time in 64 years from May 5 to May 17. Enditem
Newly elected Lao President Thongloun Sisoulith (front) addresses the inaugural session of the ninth legislature of the Lao National Assembly in Vientiane, Laos, on March 22, 2021.(LPRP congress media center/Handout via Xinhua)