Environment, Disasters & Accidents
မြန်မာနိုင်ငံ မိုးယွန်းကြီးအင်း ဘေးမဲ့တော၌ ဆောင်းခိုရန် ရွှေ့ပြောင်းငှက်များ ဝင်ရောက်
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ပိုင်း ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း ဘေးမဲ့တော၌ ဆောင်းခိုရန် ငှက်မျိုးစိတ် ၂၉ မျိုးမှ အကောင်ရေ ၂,၀၀၀ ကျော် ဝင်ရောက်လာခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက် Global New Light of Myanmar တွင် ဖော်ပြထားသည်။
အဆိုပါရွှေ့ပြောင်းငှက်များသည် မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ နိုဝင်ဘာ နောက်ဆုံးသီတင်းပတ်တွင် စတင်ဝင်ရောက်လာခဲ့ကြောင်း ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းငှက်များက မိုးယွန်းကြီးအင်းသို့ အရှေ့အာရှ-ဩစတြေးလျ၊ အာရှအလယ်ပိုင်းနှင့် အနောက်အာရှ-အရှေ့အာဖရိက ပျံသန်းရာ လမ်းကြောင်းတို့မှတစ်ဆင့် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။
ဆောင်းခိုရန် ရောက်ရှိလာသော ရွှေ့ပြောင်းငှက်များတွင် ခရုစုပ်အဖြူငှက်၊ ဘဲမြီးသွယ်၊ ဘဲပြာကလေး၊ ရေကြက်ဒုံ၊ တစ်တီတူး၊ ငဟစ်မွဲ၊ ဟင်္သာ၊ တလိုင်းကောင်၊ မယ်ညို၊ ရေညှောင့်ကောင်၊ မြစ်တွေး၊ စစ်စလီ ရေဝမ်းဘဲတို့ ပါဝင်ကြောင်း သိရသည်။
မိုးယွန်းကြီးအင်း ဘေးမဲ့တောသည် ဧရိယာ ၂၅,၆၀၀ ဧက ကျယ်ဝန်းပြီး နို့တိုက်သတ္တဝါ မျိုးစိတ် ၁၂၀၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် ၂၈ မျိုးနှင့် အခြားမျိုးစိတ်များ ရှင်သန်ကျက်စားကြောင်း သိရသည်။ (Xinhua)
……………………………..
(English Version)
Migratory birds arrive at Myanmar’s wetland sanctuary for winter
YANGON, Dec. 2 (Xinhua) — More than 2,000 migratory birds from 29 species have arrived at the Moeyungyi Wetland Wildlife Sanctuary in Bago region of southern Myanmar to spend the winter, the official Global New Light of Myanmar reported on Monday.
The report, citing an official from the sanctuary, said that the migratory birds began arriving at the sanctuary in the last week of November.
The migratory birds have traveled to Moeyungyi Lake via East Asia-Australian, Central Asian, and West Asia-East Africa flyways, the report added.
The migratory birds included black-headed ibis, northern pintail, garganey, Eurasian coot, red-wattled lapwing, grey heron, ruddy shelduck, Pacific golden plover, purple swamphen, sandpiper, river tern and lesser whistling duck, it said.
The Moeyungyi Wetland Wildlife Sanctuary covering an area of 25,600 acres features 120 species of mammals, 28 species of amphibians and reptiles, among other species. ■
Photo taken on Dec. 23, 2015 shows an Asian openbill at Moeyungyi Wetland Wildlife Sanctuary in Bago region, Myanmar. Moeyungyi Wetlands is situated in Bago Division. Every year, millions of birds usually fly from the northern hemisphere to the south along the East-Asian Australian Flyway to escape from winter. They stop to rest and feed in Asia. So the flyway contains a network of wetlands and Moeyungyi is one of which could cooperate to certain migrated as well as domestic birds. (Xinhua/U Aung)