Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များကို ၂၀၂၅ ခုနှစ်တွင် ဖယ်ရှားမည်

သီရိလင်္ကာနိုင်ငံ ဟမ်ဆန်တိုတာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းရှိ မော်တော်ကားအတင်အချပြုလုပ်နိုင်သော သင်္ဘော (RORO) နှင့် RORO သင်္ဘောကျင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

သီရိလင်္ကာအာဏာပိုင်များသည် ၂၀၂၅ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းမှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ရန် ကနဦးလမ်းပြမြေပုံတစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်ထုတ်ပြန်ချက်ကို ဒေသတွင်း မီဒီယာများက ဇွန် ၁၄ ရက်တွင် ဖော်ပြသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ အဆိုပါအစီအစဉ်ကို ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် အများပြည်သူသုံး ခရီးသည်တင် ယာဉ်များနှင့် အထူးတင်သွင်းခွင့်ပြုသည့် ယာဉ်များဖြင့် စတင်မည်ဖြစ်ပြီး ယခုနှစ် စတုတ္တသုံးလပတ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ်များဖြင့် စတင်မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ မော်တော်ယာဉ်များအားလုံးကို တင်သွင်းခွင့်ကန့်သတ်ချက်များ အပြီးပိုင်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သီရိလင်္ကာသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ၏ နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းကြောင့် မော်တော်ယာဉ်တင်သွင်းကို ပိတ်ပင်ခဲ့မှုနှင့်အတူ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ကုန်ပစ္စည်း ၁,၄၆၅ မျိုးတင်သွင်းမှုကို ကန့်သတ်ခဲ့သည်။ ထို့ကြောင့် တရားဝင်အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၏ စုစုပေါင်းသွင်းကုန် အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရှိပြီး ၂၀၂၁ ခုနှစ်ကထက် ၁၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းသိရသည်။ (Xinhua)

…………………………..
(English Version)
Sri Lanka to lift restrictions on vehicle imports by 2025
COLOMBO, June 15 (Xinhua) — Sri Lankan authorities have formulated an initial roadmap to ease restrictions on motor vehicle imports by 2025, local media quoting the International Monetary Fund (IMF) said here Friday.
According to the IMF, this plan will commence with the imports of public passenger and special purpose vehicles in the third quarter of 2024, followed by goods transport vehicles in the fourth quarter of the same year.
By 2025, Sri Lanka will completely lift import restrictions on all motor vehicles, the IMF said.
Sri Lanka imposed a ban on vehicle imports due to the impacts of the coronavirus pandemic in 2021 and 2022 and continued with the decision due to a subsequent economic crisis faced by the country.
The Sri Lankan government restricted the import of 1,465 items in August 2022 due to the economic crisis but lifted restrictions on most of those items on several separate occasions.
Official data show that Sri Lanka’s total import expenditure in 2022 amounted to over 18 billion U.S. dollars, recording a decline of 11.4 percent from 2021. ■

Aerial photo taken on Dec. 14, 2019 shows a roll-on/roll-off (RORO) ship and RORO yard at the Hambantota International Port in Sri Lanka. (Xinhua/Liu Hongru)