Connect with us

Africa & Middle East

ကင်ညာနိုင်ငံ၌ လူပေါင်း ၁ ဒသမ ၉ သန်း စားရေရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့နေရ

ကင်ညာနိုင်ငံ Kajiado ခရိုင် စာသင်ကျောင်းတစ်ကျောင်းတွင် နေ့လယ်စာစောင့်ဆိုင်းနေသော Maasai လူမျိုးများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ၌ စားရေရိက္ခာအကူအညီလိုအပ်သူ ၁ ဒသမ ၉ သန်းခန့်ရှိကြောင်းနှင့် ဇွန်လနှင့် ဩဂုတ်လအတွင်း စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အမျိုးသားမိုးခေါင်ရေရှားမှုစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဇွန် ၁၈ ရက်နေ့တွင်ပြောသည်။
စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ မိုးနည်းရေရှားအရပ်ဒေသများ၌ ဇွန်-ဇူလိုင်-ဩဂုတ်လများအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အဆိုပါ အာဏာပိုင်အဖွဲ့ကပြောသည်။
အသက်ခြောက်လမှ ၅၉ လရှိ ကလေးငယ် ၈၄၇,၉၃၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် ၁၂၄,၃၅၉ ဦးမှာ လတ်တလောတွင် အာဟာရချို့တဲ့မှုကြုံတွေ့နေရပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်ကြောင်းသိရသည်။ ထို့ပြင် အာဖရိကဦးချိုဒေသတစ်ဝန်းတွင် လူပေါင်း ၇၄ ဒသမ ၉ သန်းခန့်မှာ စားရေရိက္ခာ မလုံလောက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအရေးတကြီး လိုအပ်ချက်ရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကပြောသည်။ (Xinhua)
………………………..
(English Version)
1.9 mln Kenyans in arid areas face food insecurity
NAIROBI, June 18 (Xinhua) — Some 1.9 million people in Kenya are in need of food assistance, with the situation expected to worsen between June and August, the National Drought Management Authority (NDMA) said on Tuesday.
“The situation is projected to deteriorate during the June-July-August season in some arid counties, except for only a few parts,” the NDMA said.
The agency observed that acute malnutrition has also been noted across the counties, with 847,932 children aged six to 59 months and 124,359 pregnant and breastfeeding mothers currently malnourished acutely and in need of treatment.
Across the Greater Horn of Africa, some 74.9 million people are highly food insecure and in urgent need of humanitarian assistance, according to the Food and Agriculture Organization of the United Nations and the Intergovernmental Authority on Development. ■
Members of a Maasai family wait for their lunch at a boarding school in Kajiado County, Kenya, Feb. 28, 2023. (Xinhua/Li Yahui