Connect with us

Europe

ယူကရိန်းတိုက်ခိုက်ပြီးနောက် ဇာပိုရေဇီးယား နျူကလီးယားဓာတ်အားပေးစက်ရုံ ဆိုးဝါးစွာပျက်စီး

ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံကို ၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ဇာပိုရေဇီးယား နျူကလီးယားဓာတ်အားပေးစက်ရုံ (ZNPP) ၏ အခြေခံအဆောက်အအုံသည် ယူကရိန်းတပ်ဖွဲ့ဝင်များက လက်ရှိလုပ်ဆောင်နေသော ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ဆိုးဝါးစွာပျက်စီးလျက်ရှိကြောင်း ZNPP ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး Yevgenia Yashina က ဩဂုတ် ၁၀ ရက်၌ ပြောကြားခဲ့သည်။
“ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံ အခြေခံအဆောက်အအုံက ယူကရိန်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ပထမဆုံးအကြိမ် ဆိုးဆိုးဝါးဝါးပျက်စီးသွားခဲ့တယ်” ဟု Yashina ၏ ပြောကြားချက်အား ကိုးကား၍ ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များက ကာမီကာဇေဒရုန်းအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အအေးခံစနစ် အဆောက်အအုံများကို ထိမှန်ကာ မီးလောင်မှုဖြစ်ပွားသော်ငြားလည်း စက်ရုံ၏ လုပ်ငန်းလည်ပတ်မှုကိုမူ ထိခိုက်ခြင်းမရှိကြောင်း Yashina က ဖြည့်စွက်ပြောခဲ့သည်။
“ရေပူတွေ အအေးခံဖို့အတွက် အ‌အေးခံတာဝါကို သုံးတာပါ၊ ဒါပေမဲ့ လက်ရှိမှာ ဓာတ်ပေါင်းဖိုယူနစ်က ပိတ်ထားတော့ တာဝါက အသုံးမပြုပါဘူး။ အလိုအလျောက်ရေဖျန်းပေးတဲ့ကန်တွေကတော့ အဲဒီအချိန်တုန်းက အအေးခံစနစ်အတွက် လုံလောက်မှုရှိပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

……………………………………..
(English Version)
Zaporizhzhia nuclear power plant sustains damage after Ukrainian strike
MOSCOW, Aug. 12 (Xinhua) — The infrastructure of the Zaporizhzhia Nuclear Power Plant (ZNPP) has sustained serious damage for the first time since the start of the ongoing shelling and attacks by Ukrainian forces, ZNPP Director of Communications Yevgenia Yashina said on Sunday.
“The infrastructure of the Zaporizhzhia Nuclear Power Plant has for the first time suffered serious damage as a result of a strike by the Armed Forces of Ukraine,” Yashina was quoted by Russia’s TASS News Agency as saying.
She added that the Ukrainian forces carried out the attack using a kamikaze drone. Despite the damage and subsequent fire at the cooling system facilities, Yashina said that the plant’s operations have not been affected.
“The cooling tower is used for cooling, but currently, the reactor units are shut down, so the tower is not in use. The sprinkler pools are sufficient for cooling at this time,” she said.
Photo: This photo taken on March 29, 2023 shows the Zaporizhzhia nuclear power plant in southern Ukraine. (Photo by Victor/Xinhua)