Connect with us

Asia

တိုင်ဖွန်းမုန်တိုင်း နီးကပ်လာသည့်အတွက် ဂျပန်နိုင်ငံ ကာဂိုရှီးမား စီရင်စု၌ အရေးပေါ်သတိပေးချက်များ ထုတ်ပြန်

တိုကျို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းသို့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် (Shanshan) ချဉ်းကပ်လာစဉ် ကာဂိုရှီးမား စီရင်စု၌ မုန်တိုင်းများနှင့် လှိုင်းထန်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ဂျပန်နိုင်ငံ၏ မိုးလေဝသဌာနက ဩဂုတ် ၂၈ ရက်တွင် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ကာ ဒေသခံများအကြား ထိပ်တန်းအဆင့် သတိပေးချက်များ ထုတ်ပြန်ရန် တိုက်တွန်းခဲ့သည်။
မကြုံဖူးသေးသော မုန်တိုင်းများနှင့် စံချိန်တင် မိုးရွာသွန်းမှုများ ဖြစ်ပွားနိုင်သည့်အတွက် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသဌာန (JMA) က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထို့အပြင် ကာဂိုရှီးမားနှင့် မိယာဇာခိ စီရင်စုတို့တွင် မိုးကြီးနိုင်သည့်အတွက် အရေးပေါ်သတိပေးချက် ထုတ်ပြန်ရဖွယ်ရှိကြောင်းလည်း ဂျပန်မိုးလေဝသဌာနက ဆိုသည်။
ယခုနှစ်၏ ဒသမမြောက် တိုင်ဖွန်းမုန်တိုင်းသည် ဩဂုတ် ၂၈ ရက် နေ့လယ်ခင်းအထိ ကာဂိုရှီးမား စီရင်စုရှိ ယာခုရှိမကျွန်း၏ တောင်ဘက်-အနောက်တောင်ဘက်၊ ကီလိုမီတာ ၉၀ အကွာ၌ တည်ရှိကာ မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားလျက်ရှိကြောင်း သိရသည်။

မုန်တိုင်းဗဟိုချက်ဖိအားသည် ၉၃၅ ဟက်တိုပါစကယ်ရှိကာ မုန်တိုင်းဗဟိုချက်တစ်ဝိုက်၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၈၀ ရှိပြီး ချက်ချင်းဖြစ်ပေါ်နိုင်သော အမြင့်ဆုံးလေတိုက်နှုန်းမှာမူ တစ်နာရီလျှင် ၂၅၂ ကီလိုမီတာရှိကြောင်း သိရသည်။
လေမုန်တိုင်း၊ မြေပြိုမှု၊ ရေကြီးရေလျှံမှုနှင့် မြစ်ရေလျှံမှုများ ဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ကာကွယ်ထားကြရန်လည်း ဂျပန်မိုးလေဝသဌာနက တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Japan issues emergency warnings issued for Kagoshima as typhoon nears
TOKYO, Aug. 28 (Xinhua) — Japan’s weather agency on Wednesday issued emergency warnings for storms and high waves in Kagoshima prefecture, calling for top-level alerts among local residents as powerful typhoon Shanshan approaches southwestern Japan.
The Japan Meteorological Agency (JMA) told a press conference that the maximum alert was issued due to unprecedented storms and expected record-breaking rainfalls. It also noted the possibility of issuing a heavy rain emergency warning for the prefectures of Kagoshima and Miyazaki.
As of Wednesday noon, the 10th typhoon of the year was located 90 kilometers south-southwest of Yakushima Island in Kagoshima prefecture and slowly moving northward.
It had a central pressure of 935 hectopascals, packing winds at a maximum speed of 180 kph around its center, and a maximum instantaneous wind speed of 252 kph.
The JMA also called for extreme precautions against windstorms, landslides, flooding and overflowing rivers. Enditem