Connect with us

Media

တရုတ်-လာအိုရထားလမ်းက နိုင်ငံနှင့်ဒေသ ၁၀၀ ကျော်မှ ခရီးသည်များအား သယ်ယူပို့ဆောင်ပေးလျက်ရှိ

ကူမင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်တွင် နိုင်ငံတကာခရီးသည်တင်ဝန်ဆောင်မှုကို စတင်ခဲ့ပြီး နိုင်ငံနှင့်ဒေသ ၁၀၀ ကျော်မှ ခရီးသည်များအား သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ မိုဟန် နယ်စပ်စစ်ဆေးရေးဂိတ်ထံမှ သိရသည်။
ယခုနှစ် စက်တင်ဘာ ၂၅ ရက်အထိ နိုင်ငံတကာခရီးသည်တင်ရထား ၁,၂၆၀ ကျော်က နိုင်ငံနှင့်ဒေသ ၁၀၁ ခုမှ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၂၈၂,၀၀၀ ကျော် အဆင်ပြေချောမွေစွာ ကူးသန်းသွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ “တရုတ်နိုင်ငံမှာ ခရီးသွားရတာကို အရမ်းကြိုက်ပါတယ်။
ဒီကိုရောက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး လူတွေ အားလုံးက စိတ်ရင်းကောင်းကြင်နာပြီး ကူညီကြတယ်လို့ ခံစားရပါတယ်။ တရုတ်စကား မပြောတတ်ပေမယ့် လည်း လမ်းရှာမတွေ့တာ ဒါမှမဟုတ် အစားအသောက်တွေ မှာယူဖို့ကြိုးစားတဲ့အခါ လူတိုင်းက ကူညီပေးဖို့ ကြိုးစားကြပါတယ်။ အစားအသောက်တွေကို အရမ်းကြိုက်ပါတယ်။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံက အရမ်းကောင်းပါတယ်။ ယူနန်ပြည်နယ်မြောက်ပိုင်းမှာ တစ်ချိန်လုံး တောင်တက်နေတာ များပါတယ်။ အဲဒါကို အရမ်းကြိုက်ပါတယ်” ဟု ဂျာမနီ ခရီးသွားဧည့်သည် EBERT LEANDRA က ပြောကြားခဲ့သည်။ ၁၄၄ နာရီကြာ ဗီဇာကင်းလွတ်သော ဖြတ်သန်းသွားလာခွင့်မူဝါဒအား မြှင့်တင်ခဲ့ခြင်းဖြင့် တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ခရီးသည်တင်ရထားသည် ခရီးသွားလုပ်ငန်း၊ လေ့လာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအတွက် အကုန်အကျသက်သာကာ အဆင်ပြေပြီး သက်တောင့်သက်သာရှိသော ခရီးသွား ရွေးချယ်စရာများကြောင့် နှစ်နိုင်ငံလုံးမှ ခရီးသွားများအတွက် ဦးစားပေးရွေးချယ်မှု ဖြစ်လာခဲ့ကြောင်း သိရသည်။ ၁,၀၃၅ ကီလိုမီတာ ရှိသည့် တရုတ်-လာအိုရထားလမ်းက ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတို့အား ချိတ်ဆက်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China-Laos Railway sees passengers from over 100 countries, regions
The China-Laos Railway, which launched its international passenger service on April 13, 2023, has transported passengers from over 100 countries and regions, according to the Mohan border checkpoint in southwest China’s Yunnan Province.As of Wednesday, over 1,260 international passenger trains have facilitated the smooth clearance of more than 282,000 inbound and outbound travelers from 101 countries and regions.SOUNDBITE (English): EBERT LEANDRA, German visitor”I really love traveling in China. It’s my first time to be here, and I feel like all the people are so generous, so kind and so helpful. Even though I don’t speak Chinese, everybody was trying to help me out when I couldn’t find my way, or (when) I tried to order food or something like that. I really love the food as well. So China has been great. I love nature. I’ve been in northern Yunnan the whole time, doing a lot of hiking. I love it.”Boosted by the 144-hour visa-free transit policy, the China-Laos Railway international passenger trains have become the preferred choice for travelers from both countries due to their economical, convenient and comfortable travel options for tourism, study, business and cultural exchange.The 1,035-km China-Laos Railway connects Kunming, the capital of Yunnan, with the Laotian capital Vientiane.Xinhua News Agency correspondents reporting from Kunming, China. (XHTV)