Connect with us

Politics, Law & Military

နဝမအကြိမ်မြောက် FOCAC ဝန်ကြီးအဆင့်အစည်းအဝေး ပေကျင်းတွင် ကျင်းပ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) နဝမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး၌ အမှာစကားပြောကြားနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) နဝမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ပေကျင်းမြို့တွင် စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့ပြီး FOCAC ပေကျင်း ထိပ်သီးအစည်းအဝေးအတွက် အခြေခံလုပ်ငန်းများ ချမှတ်ခဲ့ကြောင်း သိရသည်။FOCAC အဖွဲ့ဝင် အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် စီးပွားရေးဝန်ကြီးများ၊ အာဖရိကသမဂ္ဂနှင့် အခြားဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် လူပေါင်း ၃၀၀ ကျော် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) နဝမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး၌ အမှာစကားပြောကြားနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နှင့် အာဖရိကကို ကိုယ်စားပြုသော ကမ္ဘာ့တောင်ဘက်ခြမ်း တိုးတက်လာမှုသည် လူသားမျိုးနွယ်အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုကို လေးလေးနက်နက် လွှမ်းခြုံထားကြောင်း ပြောကြားခဲ့သည်။

ဤအစည်းအဝေးက ခေတ်မီအသွင်ပြောင်းမှုဆီသို့ အတူတကွချီတက်ကြမည့် ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် မှတ်တိုင်သစ်ချမှတ်နိုင်မည်မှာ အသေအချာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
(FOCAC) 9th FOCAC Ministerial Conference held in Beijing
BEIJING, Sept. 3 (Xinhua) — The Ninth Ministerial Conference of the Forum on China-Africa Cooperation (FOCAC) was held on Tuesday in Beijing, laying the groundwork for the forthcoming FOCAC Beijing summit.
Foreign ministers and economic ministers from 53 African member countries of the FOCAC, and representatives of the African Union and other regional and international organizations were among more than 300 attendees of the meeting.
Chinese Foreign Minister Wang Yi said at the conference that the rise of the Global South represented by China and Africa is profoundly influencing the development of human society.
This summit will surely set a new milestone for the Global South to move forward together toward modernization, said Wang, also a member of the Political Bureau of the Communist Party of China Central Committee.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, addresses the Ninth Ministerial Conference of the Forum on China-Africa Cooperation (FOCAC) in Beijing, capital of China, Sept. 3, 2024. (Xinhua/Zhang Ling)