မြန်မာ-ENG
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ရန် ကတိကဝတ်ပြုမှုကို ဆင်ဟွာ တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာတွင် အလေးထားဖော်ပြ

ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ အရှိန်အဟုန်မြင့် ကြီးထွားလာစဉ် တရုတ်နိုင်ငံအနေဖြင့် အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ် ဖြစ်သော လုံခြုံရေး အမြင်ကို အဆိုပြုပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည့် တစ်ချိန်တည်းတွင်ပင် မတူကွဲပြားသည့်ယဉ်ကျေးမှုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် အားလုံးပါဝင် ဖလှယ်မှုကို ကြိုးပမ်းမြှင့်တင်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာန တတ်သိပညာရှင်အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်၌ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲတစေ လက်တွေ့ကျင့်သုံးသူဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနအောက်ရှိ တတ်သိပညာရှင်အဖွဲ့ ဆင်ဟွာအင်စတီကျုက ထုတ်ပြန်ခဲ့သည့် “ကူးလူးဆက်ဆံမှု၊ အပြန်အလှန်လေ့လာမှုဖြင့် ခေတ်မီလူမှုအဖွဲ့အစည်း၏ တိုးတက်ဖြစ်ထွန်းမှုကို မြှင့်တင်ခြင်း” ဟု အမည်ပေးထားသော အစီရင်ခံစာ၌ အလေးအနက်ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အလေးအနက် ထည့်သွင်းပြဋ္ဌာန်းထားသည့် တစ်ခုတည်းသော အင်အားကြီးနိုင်ငံဖြစ်ကာ ယင်းအား နိုင်ငံလုံးဆိုင်ရာ ခံယူချက်အဖြစ် မြှင့်တင်ဖော်ဆောင်လျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာ၏ ဖော်ပြချက်အရ သိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အလျောက် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများနှင့် မစ်ရှင်များကို တိကျသေချာစွာဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်လျက်ရှိသလို ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စီမံဆောင်ရွက်ချက်များကိုလည်း ဘဏ္ဍာရေးအရ ဒုတိယအများဆုံး ပံ့ပိုးပေးသူဖြစ်ကာ အခြားသော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ အားလုံးထက်လည်း ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ ပိုမိုစေလွှတ်ပေးလျက်ရှိသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာများတွင် ကုလသမဂ္ဂ၏ အဓိက အခန်းကဏ္ဍအား ခိုင်ခိုင်မာမာ ထောက်ခံအားပေးလျက်ရှိသလို ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကဲ့သို့သော မူဘောင်များအတွင်းမှ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ တိုးမြှင့်လျက်ရှိကာ ပေကျင်း ရှန်းဆန်းဖိုရမ် အပါအဝင် နိုင်ငံတကာ လုံခြုံရေးဆွေးနွေးပွဲ စင်မြင့်များကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
ဆက်လက်၍ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး စီမံအုပ်ချုပ်မှုအား ပြုပြင်ပြောင်းလဲရာတွင် ဦးဆောင်လျက်ရှိသော တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ထိုအစီရင်ခံစာ၌ မီးမောင်းထိုးပြခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်ကို တင်သွင်းအဆိုပြုခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး စီမံအုပ်ချုပ်မှု ပိုမိုတိုးတက်မြင့်မားစေရန် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အသိပညာများကို ဖြန့်ဝေလျက်ရှိကြောင်း အလေးအနက်ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်နှင့် စပ်လျဉ်း၍လည်း ထွန်းသစ်စ နယ်ပယ်များတွင် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ဦးဆောင်လျက်ရှိသည်။ ထို့အတူ တရုတ်နိုင်ငံက အကြောင်းအရာသစ်၊ စိတ်ကူးသစ်များကို ဖန်တီးပေးနိုင်သော ဉာဏ်ရည်တုနည်းပညာနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဥပဒေပြဋ္ဌာန်းခြင်းကဲ့သို့သော ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ စီမံအုပ်ချုပ်မှုအပေါ် အရေးပါသော အားဖြည့်ပံ့ပိုးမှုများ လုပ်ဆောင်လျက်ရှိပေသည်။ (Xinhua)
……………………….
(English Version)
Xinhua think tank report emphasizes China’s commitment to promoting world peace
BEIJING, Feb. 18 (Xinhua) — As global security challenges increase and intensify, China has initiated a vision for common, comprehensive, cooperative and sustainable security, following a path of peaceful development while striving to promote peaceful coexistence and inclusive exchange of civilizations, said a Xinhua think tank report released on Tuesday.
China has always been a practitioner of peaceful development, as highlighted in the report titled “Promoting the Development and Progress of Human Civilization through Exchange and Mutual Learning” released by Xinhua Institute, a think tank affiliated with Xinhua News Agency.
China is the only major country that has enshrined peaceful development in its Constitution — elevating it to a national commitment, according to the report.
It noted that as a permanent member of the United Nations (UN) Security Council, China has faithfully fulfilled its responsibilities and missions, being the second largest financial contributor to both the UN and UN peacekeeping operations, while also providing more peacekeepers than any of the other permanent members of the Security Council.
China, in addition, firmly supports the core role of the UN in international affairs, while actively promoting security cooperation within frameworks such as the Shanghai Cooperation Organization and developing international security dialogue platforms — including the Beijing Xiangshan Forum, the report stated.
The report also highlighted China’s role in leading the reform of global security governance, noting that the country has offered Chinese wisdom to further improve global security governance by proposing the Global Security Initiative.
Concerning non-traditional security, China leads international security governance in emerging fields. Through efforts such as enacting the world’s first legislation on generative AI, China has shared its extensive experience in AI governance with the world, making significant contributions to global AI governance, the report explained. ■
English Caption
Chinese President Xi Jinping hosts the 14th BRICS Summit via video link in Beijing, capital of China, June 23, 2022. (Xinhua/Li Xueren)