International Organizations
၂၀၂၅ ခုနှစ် မတ် ၁၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဖရန့်ဖွတ်က အေဂျက်ကို အနိုင်ယူ၍ ယူရိုပါလိဂ်ကွာတားဖိုင်နယ် တက်ရောက်
မတ် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တွင် ဖရန့်ဖွတ်က အေဂျက်အား ၄-၁ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူ၍ နှစ်ကျော့ပေါင်းရလဒ် ၆-၂ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ဖရန့်ဖွတ်မှာ အဘက်ဘက်မှ စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်သို့ အလွယ်တကူ တက်ရောက်ကာ ဥရောပပြိုင်ပွဲ၌ အသင်း၏ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
“ပြီးပြည့်စုံတဲ့ ညတစ်ညလို့ ဆိုရမှာပါ။ ကျွန်တော်တို့ ပွဲစစချင်းတည်းက စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ ကစားနိုင်ခဲ့ပြီး မိနစ် ၉၀ လုံးလုံး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ မတ် ၉ ရက်က ယူနီယံဘာလင်ကို ရှုံးနိမ့်ခဲ့တဲ့အပေါ် သင်ခန်းစာယူပြီး ဒီနေ့ပွဲစဉ်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာပါ” ဟု ဖရန့်ဖွတ်နည်းပြ ဒီနို တော့ပ်မိုလာက ပြောကြားခဲ့သည်။
…..
— တွေ့ဖူးသမျှထဲတွင် “အကောင်းဆုံး ဟယ်ရီကိန်း” ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီ ချီးကျူး
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် တစ်ရာသီအတွင်း ၁၀ ဂိုး သွင်းယူနိုင်သည့် ပထမဆုံး အင်္ဂလန်သား ဖြစ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်အား ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့သည့် တိုက်စစ်မှူး ဟယ်ရီကိန်းမှာ အကြီးအကျယ် ချီးကျူးဂုဏ်ပြုခံရလျက်ရှိသည်။
ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ ဗင်းဆင့် ကွန်ပနီက ၎င်း၏တိုက်စစ်မှူးအား တွေ့ဖူးသမျှထဲတွင် “အကောင်းဆုံး ဟယ်ရီကိန်း” ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သလို ဂျာမန်မီဒီယာများကလည်း အဆိုပါ အင်္ဂလန်အသင်းခေါင်းဆောင်အား ခေါ်ယူခဲ့သည့် ရင်းနှီးမြှုပ်နှံမှုအပေါ် ချီးကျူးရေးသားခဲ့ကြသည်။ Sueddeutsche Zeitung သတင်းစာက ဘိုင်ယန်အနေဖြင့် ကိန်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ အသုံးပြုခဲ့ခြင်းမှာ အသင်း၏ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ကိန်းမှာ ဘိုင်ယန်အသင်း ချန်ပီယံလိဂ် ဆွတ်ခူးနိုင်မည့် အလားအလာကို မြှင့်တင်ပေးနိုင်ကြောင်း ချီးကျူးဖော်ပြခဲ့သည်။
…..
— အင်ဒီယန်ဝဲလ်စ် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ကျိန့်ချင်းဝန်က ဆဝိုင်ယာတက်ခ်ကို ရှုံးနိမ့်
မတ် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်ဒီယန်ဝဲလ်စ် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က ကမ္ဘာ့အဆင့်-၂ ပိုလန်တင်းနစ်မယ် အီဂါ ဆဝိုင်ယာတက်ခ်အား ၆-၃၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ကမ္ဘာ့အဆင့်-၉ တင်းနစ်မယ် ကျိန့်မှာ အရေးကြီးအခိုက်အတန့်များတွင် unforced error များ လုပ်မိခဲ့သဖြင့် ရုန်းကန်ခဲ့ရသလို break point ငါးကြိမ်တွင်လည်း နှစ်ကြိမ်သာ အမှတ်ရအောင် ယူနိုင်ခဲ့ပြီး ပွဲကစားချိန် ၁ နာရီနှင့် ၃၅ မိနစ် ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆဝိုင်ယာတက်ခ်က အနိုင်ရရှိခဲ့ကာ ၎င်းပွဲစဉ်၌ ရာသီဥတု ဆိုးရွားမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါရလဒ်မှာ ယမန်နှစ် ဇူလိုင်လက ကျင်းပသည့် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ကျိန့်နှင့် ဆဝိုင်ယာတက်ခ်တို့ ဆီမီးဖိုင်နယ်တွင် ထိပ်တိုက်တွေ့ခဲ့သည့် ရလဒ်နှင့် ရလဒ်ပြောင်းပြန် ထွက်ပေါ်ခဲ့ခြင်းဖြစ်ကာ ထိုပွဲစဉ်တွင် ကျိန့်က ပြင်သစ်အိုးပင်း ချန်ပီယံဆု လေးဆုရှင် ဆဝိုင်ယာတက်ခ်အား ၆-၂၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ဂရင်းစလင်းချန်ပီယံဆု ငါးဆုရှင် ဆဝိုင်ယာတက်ခ်မှာ ဆီမီးဖိုင်နယ်တွင် ယူကရိန်းမှ အယ်လီနာ ဆဗစ်တိုလီနာ သို့မဟုတ် ရုရှားမှ မီယာရာ အန်ဒရီဗာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
…..
— IBA အမျိုးသမီး ကမ္ဘာ့လက်ဝှေ့ပြိုင်ပွဲတွင် တရုတ်လက်ဝှေ့အားကစားမယ်ငါးဦး ဆီမီးဖိုင်နယ် တက်ရောက်
မတ် ၁၃ ရက်က ဆားဘီးယားနိုင်ငံ နစ်စ်မြို့တွင် ကျင်းပသည့် IBA အမျိုးသမီး ကမ္ဘာ့လက်ဝှေ့ပြိုင်ပွဲ ဝိတ်တန်းငါးခု၌ တရုတ်လက်ဝှေ့အားကစားမယ်များ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
တရုတ်နိုင်ငံ၏ ဖယ်သာဝိတ်တန်း လက်ရှိချန်ပီယံ Cai Yan က ၎င်းပြိုင်ပွဲတွင် တတိယမြောက်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး အကြိတ်အနယ်ရှိသော အဆိုပါပွဲစဉ်တွင် ကာဇက်စတန်မှ ကာရင်နာ အီဘရာဂျီမိုဗာအား ၄-၁ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မစ်ဒယ်ဝိတ်တန်းတွင်လည်း ဝမ်လီနာက နိုင်ဂျီရီးယားမှ ပက်ထရစ်ရှာ အမ်ဘာတာအား ၅-၀ မှတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ (Xinhua)
#Sports #EuropaLeague #BayernMunich #ZhengQinwen #IBAWomen’sWorldBoxing #အားကစား #ယူရိုပါလိဂ် #ဘိုင်ယန်မြူးနစ် #ကျိန့်ချင်းဝန် #အိုင်ဘီအေအမျိုးသမီးကမ္ဘာ့လက်ဝှေ့ပြိုင်ပွဲ


……………………………………………………………………….(English Version)
Frankfurt thrashes Ajax to move into Europa League quarterfinals
Eintracht Frankfurt booked its place in the UEFA Europa League quarterfinals with an emphatic 4-1 win over Ajax, sealing a 6-2 aggregate victory on Thursday.
Frankfurt’s comprehensive performance sees the Eagles comfortably through to the last eight and continue its strong European campaign.
“We can call it a perfect night. From the very first minute, we played with intensity and delivered a strong performance over the full 90 minutes. Maybe [Sunday’s] loss against Union [Berlin] was the lesson we needed to make it through today,” said Frankfurt coach Dino Toppmoller.
…..
Bayern head coach Kompany hails “the best Kane ever”
Harry Kane is receiving widespread praise after becoming the first Englishman to score 10 goals in a UEFA Champions League season, leading Bayern Munich to the quarterfinals.
Bayern coach Vincent Kompany hailed his striker as “the best Kane ever,” while German media praised the club’s investment in the England captain. The Sueddeutsche Zeitung newspaper described Bayern’s 100 million euro transfer fee as “the best investment in the club’s history,” crediting Kane with elevating the team’s chances of winning the Champions League.
…..
Zheng Qinwen’s Indian Wells run halted by Swiatek
China’s Zheng Qinwen bowed out of Indian Wells with a 6-3, 6-3 quarterfinal loss to second-ranked Iga Swiatek of Poland on Thursday.
World No. 9 Zheng struggled with unforced errors at key moments and converted just two of five break points as Swiatek prevailed in an hour and 35 minutes in a match that was interrupted by bad weather.
The result marked a reversal of the pair’s semifinal meeting at the Paris Olympics last July, when Zheng beat the four-time French Open champion 6-2, 7-5 on her way to winning the gold medal.
Five-time grand slam winner Swiatek will face either Ukraine’s Elina Svitolina or Mirra Andreeva of Russia in the semifinals.
…..
Five Chinese boxers secure semifinal spots at IBA Women’s World Championships
Chinese boxers advanced to the semifinals in five weight divisions on Thursday at the ongoing IBA Women’s World Boxing Championships in Nis, Serbia.
China’s reigning featherweight champion, Cai Yan, secured her third victory in the tournament, defeating Kazakhstan’s Karina Ibragimova in a closely contested 4-1 decision. In the middleweight category, Wang Lina dominated Nigeria’s Patricia Mbata with a convincing 5-0 win.