Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၁၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— နယူးကာဆယ်က နှစ် ၇၀ ကြာ ဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့၊ ပရီးမီးယားလိဂ်တွင် အာဆင်နယ်နှင့် မန်ချက်စတာယူနိုက်တက်တို့ အသီးသီးနိုင်ပွဲရရှိ
မတ် ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကာရာဘောင်းဖလား ဗိုလ်လုပွဲတွင် နယူးကာဆယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဓိကဆုဖလားနှင့် နှစ် ၇၀ ကြာ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရသည့် ဒန်ဘန်းက ပွဲကစားချိန် ၄၅ မိနစ်တွင် နယူးကာဆယ်အတွက် အမြင့်ခုန်ခေါင်းတိုက်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်းတွင် ဂျက်ကော့ဘ်မာဖီ၏ ဖန်တီးပေးမှုမှတစ်ဆင့် အလက်ဇန်းဒါး အီဆက်ခ်က ဒုတိယဂိုးသွင်းယူခဲ့သည်။
နယူးကာဆယ်က ပွဲပန်းနေသော လီဗာပူးလ်ထက် ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်ခဲ့ပြီး နာကျင်အချိန်ပိုတွင် ဖက်ဒရီကို ချီယေဆာက နည်းပြ အာနယ်ဆလော့၏ လီဗာပူးလ်အတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း နယူးကာဆယ်၏ အောင်ပွဲကို ရပ်တန့်ရန် အချိန်နှောင်းသွားပြီဖြစ်သည်။ နယူးကာဆယ်မှာ ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီး လာမည့်ရာသီတွင် ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာအတွက် ကျိန်းသေသွားပြီဖြစ်သည်။
ပရီးမီးယားလိဂ်တွင်မူ အာဆင်နယ်က ချဲလ်ဆီးကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်နှင့် အမှတ်ကွာဟမှု လျှော့ချနိုင်ခဲ့ကာ ၁၂ မှတ်အကွာတွင် ရှိနေသည်။ အဆိုပါပွဲစဉ်၌ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၂၀ တွင် မာတင် အိုဒီဂတ်၏ ထောင့်ကန်ဘော ပေးပို့မှုမှတစ်ဆင့် မစ်ကယ် မယ်ရီနိုက ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။
မန်ချက်စတာယူနိုက်တက်ကလည်း လက်စတာစီးတီးကို အဝေးကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်တွင် ဘရူနို ဖာနန်ဒက်စ်က အနိုင်ဂိုးတစ်ဂိုး သွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး လက်စတာအသင်းမှာမူ တန်းဆင်းရမည့် အန္တရာယ်နှင့် ပိုမိုနီးကပ်လာခဲ့သည်။
…..
— ဘာစီလိုနာက အက်သလက်တီကိုကို နာကျင်အချိန်ပို သွင်းဂိုးများဖြင့် အနိုင်ယူ၍ လာလီဂါ အမှတ်ပေးဇယားတွင် ဆက်လက်ဦးဆောင်
မတ် ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက အက်သလက်တီကိုအား ဦးဆောင်ဂိုးနှစ်ဂိုး ခွင့်ပြုခဲ့ရသော်လည်း လာမင်း ယမားလ်၊ ဖယ်ရန် တောရက်စ်တို့၏ နာကျင်အချိန်ပို သွင်းဂိုးများနှင့်အတူ ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဒီယေဂို ဆီမြွန်နီ၏ အက်သလက်တီကိုမှာ ဟူလီယန် အယ်လ်ဗာရက်ဇ်နှင့် အလက်ဇန်းဒါး ဆော်လော့သ်တို့၏ ဦးဆောင်ဂိုးများ ရရှိခဲ့ပြီးနောက် ခံစစ်ပိတ်ကစား၍ အနိုင်ရလဒ်ကို ထိန်းကစားရန် ပြင်ဆင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းက လက်ကျန်ပွဲကစားချိန် မိနစ် ၂၀ အတွင်း လေးဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
…..
— လေဗာကူဆင်က စတုဂတ်ကို နောက်ကျသွင်းဂိုးဖြင့် အနိုင်ယူ၍ ဘွန်ဒက်စ်လီဂါ ချန်ပီယံပြေးလမ်းပေါ်တွင် ဆက်ရှိနေ
မတ် ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် လေဗာကူဆင်က စတုဂတ်အား နောက်မှလိုက်ကစားခဲ့ရသော်လည်း ပက်ထရစ်ရှစ်ခ်၏ နာကျင်အချိန်ပိုသွင်းဂိုးကြောင့် ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ချန်ပီယံပြေးလမ်းပေါ်တွင် ဆက်ရှိနေဆဲဖြစ်သည်။
ယခုအနိုင်ရလဒ်ကြောင့် လေဗာကူဆင်မှာ ရှစ်ပွဲကစားရန် ကျန်ရှိချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်နှင့် ခြောက်မှတ်အကွာ၌ ရှိနေပြီး စတုဂတ်ကမူ ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးလျက်ရှိသည်။
“ဒါက ကျွန်တော်တို့အတွက် အလွန့်အလွန် အရေးပါတဲ့ နိုင်ပွဲတစ်ပွဲပါပဲ။ ရှစ်ပွဲကစားဖို့ ကျန်နေသေးတာမို့ အများကြီးဖြစ်လာနိုင်ပါသေးတယ်” ဟု လေဗာကူဆင်နည်းပြ ဇာဗီအလွန်ဆိုက ပြောကြားခဲ့သည်။
အခြားပွဲစဉ်များတွင်မူ ဖရန့်ဖွတ်က တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဘိုချမ်အား ၃-၁ ဂိုးဖြင့် အနိုင်ယူ၍ အမှတ်ပေးဇယား အဆင့်-၄ နေရာ၌ အခိုင်အမာရပ်တည်နေပြီး အမှတ်ပေးဇယားအောက်ခြေမှ အသင်းနှစ်သင်းဖြစ်သော ဟိုင်ဒန်ဟိမ်းနှင့် ဟောလ်စတိန်း ကီရယ်တို့၏ ပွဲစဉ်တွင် ဟိုင်ဒန်ဟိမ်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေပန်းစားသော အသင်းများအနက် ဥရုဂွေးလည်း ပါဝင်ဟု ဒီယေဂို ဖော်လန် ပြော
လာမည့်နှစ်တွင် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အာဂျင်တီးနားနည်းတူ ဥရုဂွေးအသင်းမှာလည်း ရေပန်းစားသော အသင်းများထဲတွင် ပါဝင်လိမ့်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာယူနိုက်တက်နှင့် အက်သလက်တီကို မက်ဒရစ် အသင်းတို့၏ တိုက်စစ်မှူးဟောင်း ဒီယေဂို ဖော်လန်က ပြောကြားခဲ့သည်။
ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်တွင် အာဂျင်တီးနားက ၁၂ ပွဲ ကစားပြီးချိန်၌ ရမှတ် ၂၅ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာမှ ဥရု‌ဂွေးအား ငါးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။ အဆိုပါ ပြိုင်ဘက်နှစ်သင်းမှာ မွန်တီဗီဒီယိုမြို့တွင် မတ် ၂၁ ရက်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)


………………….
(English Version)
Newcastle ends trophy drought as Arsenal, Man Utd both win in Premier League
Newcastle United stunned Premier League leader Liverpool 2-1 to win the Carabao Cup final on Sunday to end 70 years without a major title.
Dan Burn celebrated his first England call-up with a towering header to put Newcastle ahead on the stroke of halftime, and Alexander Isak scored Newcastle’s second with a first-time finish after Jacob Murphy’s knockdown.
Newcastle was the better team against a tired Liverpool, and although Arne Slot’s side got a lifeline deep into injury time when Federico Chiesa pulled a goal back, it was too late to stop Newcastle from winning its first title since 1955 and ensuring a place in next season’s UEFA Europa League.
In the Premier League, Mikel Merino’s flick from Martin Odegaard’s 20th-minute corner was enough to give Arsenal a 1-0 win at home to Chelsea and narrow Liverpool’s lead to 12 points.
Bruno Fernandes had a goal and two assists in Manchester United’s 3-0 win away to Leicester City, which looks increasingly doomed to relegation.
…..
Barca fights back against Atletico to stay top in La Liga
Lamine Yamal and Ferran Torres scored injury-time goals as FC Barcelona came back from two goals down away to Atletico Madrid to win 4-2 and return to the top of La Liga on Sunday.
Julian Alvarez and Alexander Sorloth looked to have won the game for Atletico, who went into the match a point behind Barca, but once again Diego Simeone’s side sat deep to close the game out and ended up paying the price as its rival scored four goals in the last 20 minutes.
…..
Leverkusen stuns Stuttgart to stay in Bundesliga title hunt
Patrik Schick’s stoppage-time winner sealed a 4-3 comeback win for Leverkusen at Stuttgart to stay in contention for the Bundesliga title on Sunday.
With the win, Leverkusen has closed the gap on Bayern Munich to six points with eight rounds to play. Stuttgart, meanwhile, will be left to rue its fifth successive game without a win.
“It’s a very, very important win for us. There are still eight games to go, a lot can happen,” said Leverkusen coach Xabi Alonso.
Elsewhere, Eintracht Frankfurt cements its fourth place in the table after beating relegation-threatened Bochum 3-1, and Heidenheim moved past Holstein Kiel 3-1 in a clash of bottom sides.
…..
Uruguay among World Cup favorites, says Forlan
Former Manchester United and Atletico Madrid striker Diego Forlan believes Uruguay will be among the favorites – along with defending champion Argentina – to win next year’s FIFA World Cup in the United States, Canada and Mexico.
Argentina currently sits atop the South American qualifying zone standings with 25 points from 12 games, five points ahead of second-placed Uruguay. The rivals will meet each other in Montevideo next Friday.