Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၁၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ်တွင် ဘိုင်ယန်က ဟော့ဖန်ဟိမ်းကို ဂိုးပြတ်အနိုင်ယူ၊ အသင်း၏ ဂန္ထဝင်ကစားသမား မူလာအား နှုတ်ဆက်

မေ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်က ဟော့ဖန်ဟိမ်းအား ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်တွင် ဘိုင်ယန်မြူးနစ် ဂန္ထဝင်ကစားသမား သောမတ်စ် မူလာက အသင်းအတွက် ၎င်း၏ နောက်ဆုံးလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့သည်။

အဆိုပါပွဲစဉ်တွင် နည်းပြဗင်းဆင့်ကွန်ပနီက မူလာအား ပွဲထွက်လူစာရင်းတွင် ထည့်သွင်းကစားခဲ့ပြီး ဘိုင်ယန်အတွက် ၅၀၃ ပွဲမြောက်နှင့် နောက်ဆုံး ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့သည့် မူလာမှာ ပရိသတ်များ၏ အဓိကအာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ စိတ်လှုပ်ရှားစရာ၊ စိတ်ထိခိုက်စရာ အခိုက်အတန့် ဖြစ်ခဲ့သော်လည်း ဘိုင်ယန်အနေဖြင့် ပွဲအစကတည်းကပင် ဖိဖိစီးစီးကစားသွားခဲ့ပြီး အိမ်ရှင်အသင်းအား ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် စိုးမိုးထားခဲ့သည်။ သို့သော် ဟော့ဖန်ဟိမ်းအသင်းမှာ တန်းဆင်းရမည့် အန္တရာယ်မှ စိတ်ချရစေရန် ရမှတ်တစ်မှတ် လိုအပ်နေသည့်အတွက် ခံစစ်ပိတ်ကစားခဲ့ရာ ပွဲကစားချိန် အစောပိုင်းတွင် ချန်ပီယံအသင်းအား အခက်တွေ့စေခဲ့သည်။

ပွဲကစားချိန် ၃၃ မိနစ်တွင် မိုက်ကယ် အိုလစ်ဆီက အလွတ်တည်ကန်ဘောမှတစ်ဆင့် ဂိုးထောင့်ထဲသို့ လှလှပပ ဝေ့ဝိုက်ကန်သွင်း၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဘိုင်ယန်အနေဖြင့် ပထမပိုင်းတွင် ၁ ဂိုးအသာဖြင့် ဦးဆောင်ထားသော်လည်း အပိုင်အခွင့်အရေး များများစားစား မရရှိခဲ့ပေ။

ဒုတိယပိုင်းပြန်စပြီး မကြာမီတွင် ပါးနပ်သော ကစားကွက်တည်ဆောက်မှုမှတစ်ဆင့် ဂျိုရှူအာ ကင်းမစ်ချ်က ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပွဲကစားချိန် ၆၁ မိနစ်တွင် တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လူစားလဲရန် ကွင်းထဲမှထွက်ခွာသွားသည့် မူလာအား နှစ်ဖက်အသင်း ပရိသတ်များ၏ သောင်းသောင်းဖြဖြ အားပေးမှုက ထိုပွဲစဉ်၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ဖြစ်ခဲ့သည်။

အဆိုပါ လူစားလဲလှယ်မှုက ဘိုင်ယန်၏တိုက်စစ်ကို ပိုမိုသွက်လက်မြန်ဆန်စေခဲ့ပြီး ပွဲကစားချိန် ၈၀ မိနစ်တွင် ဆက်ဂျ်နာဘရီက တတိယဂိုးသွင်းယူခဲ့သလို ခြောက်မိနစ်အကြာတွင် ကိန်းက စတုတ္ထဂိုး သွင်းယူခဲ့သည်။
ဟော့ဖန်ဟိမ်းမှာ ယခုပွဲစဉ်၌ ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း အခြားအသင်းများ၏ ရလဒ်ကြောင့် တန်းဆင်းရမည့် အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။ ယခုအခါ ကွန်ပနီ၏အသင်းမှာ လာမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရုံစိုက်သွားမည်ဖြစ်သည်။
…..
— ရီးရဲလ်မက်ဒရစ်က ဘုန်းမောက်အသင်း၏ စပိန်နောက်ခံလူ ဒင်းဟွေဆန်အား ခေါ်ယူ
စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အနေဖြင့် ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်း၏ စပိန်နောက်ခံလူ ဒင်းဟွေဆန်အား ပေါင်သန်း ၅၀ (ဒေါ်လာ ၆၆.၄ သန်းခန့်) တန်ကြေးရှိသော စာချုပ်ဖျက်သိမ်းကြေးဖြင့် မေ ၁၇ ရက်က ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။

အသက် ၂၀ အရွယ် ဟွေဆန်အား ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရီးရဲလ်အသင်းက ၎င်း၏တရားဝင် ဝက်ဘ်ဆိုက်တွင် မေ ၁၇ ရက် မွန်းလွဲပိုင်းက အတည်ပြုကြေညာခဲ့သည်။

“ရီးရဲလ်မက်ဒရစ်နဲ့ ဘုန်းမောက်အသင်းတို့ဟာ ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၃၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ငါးနှစ်သက်တမ်းရှိတဲ့ ဒင်းဟွေဆန်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပါပြီ” ဟု အသင်း၏ ကြေညာချက်၌ ဖော်ပြထားသည်။
သို့ဖြစ်ရာ ဟွေဆန်အနေဖြင့် ဇွန်လလယ်၌ အမေရိကန်တွင် ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရီးရဲလ်အသင်းအတွက် စတင်ကစားခွင့်ရမည်ဖြစ်ပြီး ရီးရဲလ်အသင်းမှာ ဆော်ဒီကလပ် အယ်လ်ဟီလာနှင့် ဇွန် ၁၈ ရက်၌ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝမ်ချူချင်း ဒုတိယအဆင့်သို့ တက်ရောက်
မေ ၁၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် အမျိုးသားတစ်ဦးချင်းပွဲစဉ်၌ ကမ္ဘာ့အဆင့်-၂ တရုတ်စားပွဲတင်တင်းနစ် ကစားသမား ဝမ်ချူချင်းက အမေရိကန် ကစားသမား နန်ဒန် နာရက်ရှ်အား အကောင်းဆုံးလက်စွမ်းပြ၍ အနိုင်ယူခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဝမ်က ပွဲကို သက်သောင့်သက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ပြိုင်ဘက်ကစားသမားအား အခွင့်အရေးမပေးခဲ့ဘဲ ၁၁-၆၊ ၁၁-၄၊ ၁၁-၂၊ ၁၁-၄ မှတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။
…..
— ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းက နမီးဘီးယားနိုင်ငံတွင် လူငယ်များအတွက် ဘောလုံးသင်တန်းများ ပို့ချပေးမည်
ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းအနေဖြင့် နမီးဘီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် မေလအတွင်း ဘောလုံးသင်တန်းများ စီစဉ်ပေးကာ ဒေသလေးခုမှ သင်တန်းသား ၁,၀၀၀ ကျော်နှင့် သင်တန်းနည်းပြ ၁၅၀ ကျော်အား လေ့ကျင့်သင်ကြားပေးမည်ဟု တာဝန်ရှိသူများက မေ ၁၆ ရက်၌ ကြေညာခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်း ဇမ်ဘီဇီဒေသ ကာတီမာ မူလီလိုမြို့တွင် ပထမအသုတ် သင်တန်းပို့ချမှုများကို မေ ၁၉ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ဒုတိယအသုတ် သင်တန်းပို့ချမှုများကိုမူ ကာဗန်ဂိုဝက်စ်ဒေသရှိ အင်န်ကူရန်ကူရူမြို့တွင် မေ ၂၆ ရက်မှ ၃၀ ရက်အထိ ပြုလုပ်သွားမည်ဟု Namibia Schools Sports Union (NSSU) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းအစီအစဉ်မှာ နိုင်ငံအများအပြားတွင် လတ်တလော ဆောင်ရွက်လျက်ရှိပြီး သင်တန်းသား ၄၀,၀၀၀ ကျော် တက်ရောက်လျက်ရှိသော အဆိုပါဖောင်ဒေးရှင်း၏ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ (Xinhua)

…………………………………………………..
(English Version)
Bayern bids farewell to Muller in style with emphatic win at Hoffenheim
Bayern Munich ended its Bundesliga campaign on a high with a convincing 4-0 victory over Hoffenheim on Saturday, in which club legend Thomas Muller made his final league appearance for the club.
Muller was the center of attention, having been given a starting role by coach Vincent Kompany in his 503rd and final Bundesliga match. Despite the emotional nature of the occasion, Bayern was all business from the outset, dominating possession away from home. Hoffenheim, needing a point to ensure safety, sat deep and frustrated the champion early on.
In the 33rd minute, Michael Olise stepped up to take a free kick and curled a brilliant shot into the bottom corner of the net. Bayern led 1-0 at halftime, though clear chances remained rare.
Shortly after the restart, Joshua Kimmich doubled the lead with a deflected strike following some clever build-up play. The game’s emotional highlight came in the 61st minute when Muller was substituted for Harry Kane and received a standing ovation from both sets of fans.
This change injected fresh energy into Bayern’s attack. Serge Gnabry made it 3-0 in the 80th minute, before Kane capped off the afternoon with a goal of his own six minutes later.
Despite the heavy defeat, Hoffenheim was able to celebrate avoiding relegation thanks to results elsewhere. Kompany’s side will now turn its attention to the upcoming Club World Cup.
…..
Real Madrid signs Spain international defender Huijsen from Bournemouth
Real Madrid signed Spain international defender Dean Huijsen from Bournemouth Saturday after activating his 50 million pounds (about $66.4 million) release clause.
The club confirmed the signing of the 20-year-old on a five-year deal via its official website Saturday afternoon.
“Real Madrid C. F. and AFC Bournemouth have reached an agreement for the transfer of Dean Huijsen, who will be linked to our club for the next five seasons, from 1 June 2025 to 30 June 2030,” the communique reads.
The signing allows Huijsen to represent Real Madrid in the FIFA Club World Cup, which kicks off in the United States in mid-June. Madrid is set to debut against Saudi Arabian side Al Hilal on June 18.
…..
Wang Chuqin romps into second round at table tennis worlds
China’s world No. 2 Wang Chuqin delivered a commanding performance, defeating American Nandan Naresh at the men’s singles first round of the world table tennis championships on Saturday night.
Wang controlled the match effortlessly and left the 18-year-old opponent with limited opportunities to challenge him, winning the one-sided affair 11-6, 11-4, 11-2, 11-4.
…..
Real Madrid Foundation to conduct youth football clinics in Namibia
The Real Madrid Foundation will conduct football clinics in Namibia in May 2025, aiming to train more than 1,000 learners and 150 teachers across four regions, officials announced on Friday.
Scheduled for May 19 to 23, the first round of clinics will take place in Katima Mulilo in the northeastern Zambezi Region. The second set will follow from May 26 to 30 in Nkurenkuru, located in the Kavango West Region, according to a statement from the Namibia Schools Sports Union (NSSU).
The program is part of the foundation’s global outreach, which currently operates in several countries and reaches more than 40,000 participants.

 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.