Africa & Middle East
အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာဒေသအနှံ့တွင် မြေပြင်စစ်ဆင်ရေး “ကျယ်ကျယ်ပြန့်ပြန့်” လုပ်ဆောင်၊ ဂါဇာတွင် သေဆုံးသူဦးရေ မြင့်တက်လာ

ဂျေရုဆလမ်၊ မေ ၁၉ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ၏ နေရာအများအပြားသို့ အင်အားအလုံးအရင်းဖြင့် မြေပြင်ကျူးကျော်ဝင်ရောက်မှု လုပ်ဆောင်ခဲ့ကြောင်း မေ ၁၈ ရက်၌ ကြေညာခဲ့စဉ် ညအချိန်နှင့် နံနက်ပိုင်းတို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်နှင့် အမျိုးသမီး အများအပြား အပါအဝင် အနည်းဆုံး ၆၇ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အရန်တပ်ဖွဲ့ဝင်များ အပါအဝင် မြေပြင်တပ်ဖွဲ့ဝင်များက ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်း နှစ်နေရာစလုံးတွင် “Gideon’s Chariots” ဟုအမည်ရသော စစ်ဆင်ရေးအရ “ကျယ်ပြန့်သော စစ်ဆင်ရေးများ” ကို စတင်နေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ထိုစစ်ဆင်ရေးမှာ အစ္စရေးက ဟားမက်စ်နှင့် အခြားသော လက်နက်ကိုင်အုပ်စုများကို ချေမှုန်းနေသည့် လ ၂၀ ကြာ စစ်ပွဲ၏ အဆင့်သစ်သို့ ရောက်ရှိလာြခင်းကို ဖော်ပြနေသည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများမှာ အိုးအိမ်စွန့်ခွာခဲ့ရသည့် အရပ်သားများ ယာယီခိုလှုံနေသော ရွက်ဖျင်တဲများ အပါအဝင် ဂါဇာတောင်ပိုင်းရှိ ခန်ယွန်းနစ် ဒေသအား ထိမှန်ခဲ့သည်ဟု ပါလက်စတိုင်း သတင်းရင်းမြစ်များက ဆိုသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ၆၇ ဦးထက်မနည်း သေဆုံးကာ ၃၆၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပါလက်စတိုင်း တရားဝင်သတင်းဌာန WAFA က မေ ၁၆ ရက်၌ ဖော်ပြခဲ့သည်။
သို့ဖြစ်ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ အစ္စရေး၏ ထိုးစစ်ဆင်မှုကြောင့် ပါလက်စတိုင်းဘက်တွင် သေဆုံးသူ ၅၃,၃၃၉ ဦး ရှိလာပြီဖြစ်ကာ ဒဏ်ရာရသူဦးရေမှာလည်း ၁၂၁,၀၄၃ ဦး ရှိလာခဲ့ကြောင်း ဒေသန္တရ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ထိခိုက်သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း ၎င်းတာဝန်ရှိသူများက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အတူ နှစ်လကြာ ယာယီအပစ်အခတ်ရပ်စဲပြီးနောက် မတ် ၁၈ ရက်တွင် အစ္စရေးက တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ချိန်မှစ၍ သေဆုံးသူ ၃,၁၉၃ ဦး၊ ဒဏ်ရာရရှိသူ ၈,၉၉၃ ဦး ရှိလာခဲ့ကြောင်း ပါလက်စတိုင်းဘက်မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အစ္စရေးစစ်တပ်ကမူ ၎င်းတို့တပ်ဖွဲ့ဝင်များအနေဖြင့် စစ်သွေးကြွ အများအပြားကို သုတ်သင်ခဲ့ပြီး မြေပေါ်မြေအောက်ရှိ စစ်ဘက်အခြေခံအဆောက်အအုံများကို ဖြိုချကာ ဂါဇာဒေသရှိ မဟာဗျူဟာကျသော နေရာများတွင် တပ်စွဲထားကြောင်း ပြောကြားခဲ့သည်။
“Gideon’s Chariots” စစ်ဆင်ရေး၏ ရည်မှန်းချက်များမှာ ဂါဇာ၏ အချက်အချာကျသော နေရာများကို သိမ်းယူခြင်း၊ ဂါဇာဒေသခံ နှစ်သန်းခန့်ရှိသည့်အနက် အများစုကို တောင်ပိုင်းသို့ ပြောင်းရွှေ့စေခြင်း၊ အစ္စရေး၏ တင်းတင်းကျပ်ကျပ် ကြီးကြပ်မှုအောက်တွင် လူသားချင်းစာနာမှု အကူအညီများ ပြန်လည်ပေးဝေခြင်းတို့ ပါဝင်ကြောင်း အစ္စရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
ထိုစဉ် အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ ကိုယ်စားလှယ်များသည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးအတွက် ရည်ရွယ်သည့် သွယ်ဝိုက်ဆွေးနွေးမှုများကို ကာတာနိုင်ငံ ဒိုဟာမြို့၌ ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။ နှစ်ဖက်စလုံးက တင်းမာသည့် သဘောထားများကို ဆုပ်ကိုင်ထားဆဲဖြစ်သဖြင့် တိုးတက်မှုရရှိရန် ခဲယဉ်းနေကြောင်း သံတမန်များက ပြောဆိုထားသည်။ (Xinhua)

ဂါဇာဒေသတွင် စစ်ဆင်ရေးဆင်နွှဲနေသည့် အစ္စရေးတပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Israel Defense Forces/Handout via Xinhua)
………………….
(English Version)
Israeli forces launch “extensive” ground operation across Gaza as death toll mounts
JERUSALEM, May 18 (Xinhua) — The Israeli military announced Sunday a significant ground incursion into “multiple areas” of the Gaza Strip, as Palestinian health officials reported overnight and morning airstrikes that they said killed at least 67 people, including many women and children.
The military stated that ground forces, including reservists, have begun “extensive operations” in both northern and southern Gaza under an offensive it termed “Gideon’s Chariots.” This campaign marks a new phase in Israel’s now 20-month-old war against Hamas and other militant factions.
Palestinian sources reported that Israeli airstrikes hit the Khan Younis area in southern Gaza, including tents sheltering displaced civilians.
The official Palestinian news agency WAFA reported on Friday that at least 67 Palestinians had been killed and 361 others wounded in Israeli attacks in the Gaza Strip over the preceding 24 hours.
Local health authorities have confirmed that the Palestinian death toll from the Israeli offensive since October 2023 has reached 53,339, with an additional 121,043 people injured. They added that the majority of the casualties were women and children.
According to their figures, the death toll since Israel’s resumption of hostilities on March 18, following a two-month truce, has risen to 3,193, with 8,993 others injured.
The Israeli military said its forces have killed “dozens” of militants, dismantled both above- and below-ground military infrastructure, and are now positioned at strategic locations within Gaza.
Israeli officials stated that the objectives of the “Gideon’s Chariots” operation include seizing key parts of the enclave, pushing a majority of Gaza’s around 2 million residents further south, and resuming humanitarian aid distribution under stricter Israeli oversight.
Meanwhile, delegations from Israel and Hamas convened in Doha, Qatar, for another round of indirect negotiations aimed at achieving a ceasefire and the release of hostages. Diplomats indicated that progress remained elusive, with both sides maintaining firm positions.
English Caption 1
Palestinians mourn at a site of an Israeli airstrike in Jabalia refugee camp in northern Gaza Strip, on May 17, 2025. (Photo by Abdul Rahman Salama/Xinhua)
English Caption 2
This photo released on May 16, 2025 shows Israeli troops operating in the Gaza Strip. Israel Defense Forces/Handout via Xinhua)