International Organizations
ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်၌ အိုလံပစ်ချန်ပီယံ ကျိန့်ချင်းဝန် ချက်တင်းနစ်မယ် ဆီနီယာကိုဗာနှင့် ရင်ဆိုင်ရမည်

လန်ဒန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်မှာ ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်၌ ချက်တင်းနစ်မယ် ကက်ထရီနာ ဆီနီယာကိုဗာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း ဇွန် ၂၇ ရက်၌ ထုတ်ပြန်သည့် ပွဲစဉ်ဇယားအရ သိရသည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် ပထမဆုံး ပါဝင်ကစားခဲ့သည့်နှစ်၌ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်နှစ်အတွင်း ပထမအဆင့်ကိုပင် ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပေ။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆီဒင်-၅ အဖြစ် သတ်မှတ်ခံရသည့် ကျိန့်မှာ ဇွန် ၃၀ ရက်၌ ဆီနီယာကိုဗာနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဂရင်းစလင်းဆုဖလား ၁၀ ကြိမ် ရရှိထားသော ဆီနီယာကိုဗာမှာ ဝင်ဘယ်ဒန် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တတိယအဆင့်သို့ သုံးကြိမ်တက်ရောက်ထားသည်။ ၎င်းအနေဖြင့် ယခင်သီတင်းပတ်က ကျင်းပခဲ့သည့် ဘာလင်အိုးပင်း၌ လက်ရည်စစ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း နောက်ဆုံး ၁၆ ဦးအဆင့်၌ ဝင်ဘယ်ဒန်ချန်ပီယံဟောင်း အယ်လီနာ ရေဘတ်ကီနာကို ရှုံးနိမ့်ခဲ့သည်။

ကျိန့်အနေဖြင့် ယခုလအစောပိုင်းက ကျင်းပသည့် Queen’s Clubပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့သဖြင့် မြက်ခင်းကွင်းပြိုင်ပွဲ အမျိုးအစားတွင် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သော်လည်း ဘာလင်အိုးပင်းတွင်မူ လည်ပင်းဒဏ်ရာကြောင့် ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရသည်။
ပြင်သစ်အိုးပင်း ပူပူနွေးနွေးချန်ပီယံ ကိုကိုဂတ်ဖ်ကို အနိုင်ယူ၍ ဘာလင်အိုးပင်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့် တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီမှာ ပထမအဆင့်၌ ချက်တင်းနစ်မယ် ကာရိုလီနာ မူချိုဗာ (ဆီဒင်-၁၅) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။


ထို့အတူ ကမ္ဘာ့အဆင့်-၁ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်က လက်ရည်စစ်ပွဲမှ တက်လာသည့် ကနေဒါတင်းနစ်မယ် ကာဆန် ဘရန်းစတင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သလို လက်ရှိချန်ပီယံ ဘာဘရာ ကရက်စီကိုဗာကမူ မျက်နှာသစ် ဖိလစ်ပိုင်တင်းနစ်မယ် အလက်ဇန်ဒြာ အီယာလာနှင့် ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။ (Xinhua)
…………………………………………………..
(English Version)
Olympic champion Zheng to face Siniakova first at Wimbledon
LONDON, June 27 (Xinhua) — China’s Olympic champion Zheng Qinwen will start this year’s Wimbledon Championships campaign with first-round opponent Katerina Siniakova of the Czech Republic as the main draw was revealed here on Friday.
Zheng, 22, reached the third round in her first appearance at Wimbledon, but failed to pass the opening round in the last two years. As the fifth seed in the women’s singles main draw, Zheng will meet Siniakova on Monday.
Siniakova, with 10 women’s doubles Grand Slam titles in her pocket, reached the third round in the women’s singles event at Wimbledon three times. She entered the Berlin Open through qualifiers last week, but lost to former Wimbledon champion Elena Rybakina in the round of last 16.
Zheng reached her first career grass-court semifinal at the Queen’s Club Championships earlier this month, but withdrew from the Berlin Open due to a neck injury.
Zheng’s compatriot Wang Xinyu, who reached the Berlin Open final by beating newly-crowned French Open champion Coco Gauff, will face 15th seeded Czech Karolina Muchova in the first round.
Meanwhile, the world No. 1 Aryna Sabalenka from Belarus will play against Canadian qualifier Carson Branstine. Defending champion Barbora Krejcikova will face Filipino rookie Alexandra Eala.