International Organizations
လက်စတာအသင်းက နည်းပြ ရုဒ်ဗန်နစ္စတယ်ရွိုင်းအား ထုတ်ပယ်

လန်ဒန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
အသင်းအား ၂၇ ပွဲ ကိုင်တွယ်ခဲ့ရာတွင် ရလဒ်များ ဆိုးရွားခဲ့ကာ ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပြီးနောက် နည်းပြဖြစ်သူ ရုဒ်ဗန်နစ္စတယ်ရွိုင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း လက်စတာစီးတီးအသသင်းက ဇွန် ၂၇ ရက်၌ အတည်ပြုကြေညာခဲ့သည်။
နစ္စတယ်ရွိုင်းမှာ မန်ချက်စတာယူနိုက်တက်အား ယာယီကိုင်တွယ်ရာတွင် အောင်မြင်မှုရရှိခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၌ လက်စတာနည်းပြ စတိဗ် ကူးပါး၏နေရာကို အစားထိုးတာဝန်ယူခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လက်စတာမှာ အမှတ်ပေးဇယားတွင် အဆင့်-၁၆ ၌ ရပ်တည်နေပြီး တန်းဆင်းဇုန်အထက်တွင် ရောက်ရှိနေသော်လည်း နစ္စတယ်ရွိုင်းကိုင်တွယ်ခဲ့သည့် ၂၇ ပွဲအနက် ၅ ပွဲသာ အနိုင်ရခဲ့ပြီး ထိုနိုင်ပွဲများမှာလည်း အက်ဖ်အေဖလားတွင် ဒုတိယတန်းကလပ် ကျူပီအာရ်ကိုလည်းကောင်း၊ ပရီးမီးယားလိဂ်တွင် တန်းဆင်းသွားသည့် အစ်ပ်ဆွစ်ချ်တောင်းနှင့် ဆောက်သမ်တန်တို့ကိုလည်းကောင်း အနိုင်ရသည့် ပွဲစဉ်များ ပါဝင်နေခြင်းဖြစ်သည်။

လက်စတာအသင်းမှာ နည်းပြနစ္စတယ်ရွိုင်း ကိုင်တွယ်စဉ်အတွင်း ၁၉ ပွဲ ရှုံးနိမ့်ခဲ့သလို အင်္ဂလန် ထိပ်တန်းလိဂ်ပြိုင်ပွဲ လေးခု၌ သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်ဘဲ ရှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည့် ပထမဆုံးအသင်းအဖြစ်လည်း ဆိုးရွားသော မှတ်တမ်းတစ်ခုကို ရရှိခဲ့သည်။ (Xinhua)………………………………………………………………………………………………
(English Version)
Leicester sacks Ruud van Nistelrooy
LONDON, June 27 (Xinhua) — Leicester confirmed on Friday that the club has parted ways with coach Ruud van Nistelrooy after a depressing 27 matches in charge, which ended with the club relegated from the Premier League.
Van Nistelrooy, who had just finished a successful spell in temporary charge of Manchester United, replaced Steve Cooper at the club in November 2024, with Leicester 16th in the table and above the relegation zone, but won just five of his 27 games in charge, with one of those wins against second division QPR in the FA Cup and two more against Ipswich Town and Southampton, whose season also ended with relegation.
19 of Van Nistelrooy’s games in charge ended in defeat, with the club setting an unwanted record as being the first team in any of the top four divisions in England to lose eight consecutive matches without scoring a goal.